လယ်ယာကဏ္ဍချေးငွေ ကျပ်ဘီလီယံ ၁၇၀ဝ သုံးစွဲမည်

လယ်ယာကဏ္ဍချေးငွေ ကျပ်ဘီလီယံ ၁၇၀ဝ သုံးစွဲမည် - Property News in Myanmar from iMyanmarHouse.com
23 Jan 2017 10:50 am တွင် တင်ခဲ့သည်
867 ကြိမ် ကြည့်ရှု့ပြီး
ပို့ကုန်သွင်းကုန် ပမာဏ ကွာခြားချက်ကို လာမည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ထက်ဝက်ခန့်အထိ လျှော့ချနိုင်ရန်အတွက် လယ်ယာကဏ္ဍ ချေးငွေထောက်ပံ့မှုကို ကျပ်ဘီလီယံ ၁၇၀ဝ အထိ သုံးစွဲမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က ကုန်သည်/စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် ပုဂ္ဂလိကလုပ်ငန်းများ ငွေကြေးအထောက်အပံ့ ရရှိရေး ညှိနှိုင်းဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ယင်းဆွေးနွေးပွဲ၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လယ်ယာကဏ္ဍအတွက် ချေးငွေကို ကျပ်ဘီလီယံ ၁၇၀ဝ အထိ သုံးစွဲမည်ဖြစ်ပြီး ငွေကြေးထောက်ပံ့မှုကို အဓိက လိုအပ်နေသည့် အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ၊ လက်ခစားလုပ်ငန်းများ၊ ဝန်ဆောင်မှုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများ အတွက် ချေးငွေပိုမိုထောက်ပံ့နိုင်ရန် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးကော်မတီက ဆောင်ရွက်လျက်ရှိကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောဆိုသည်။

“လယ်ယာကဏ္ဍအတွက် ကျပ်ဘီလီယံ ၁၇၀ဝ သုံးမယ်လို့ပဲ ပြောသွားပါတယ်။ ဘယ်လိုပုံစံနဲ့ ချေးပေးမယ် ဆိုတာတော့ မပြောသေးပါဘူး။ ကျွန်တော်တို့ အခက်အခဲတွေကို ဒုဝန်ကြီးက စုဆောင်းတဲ့ သဘောပါ။ ပြီးမှ ဝန်ကြီးဆီကို ပြန်တင်ပြပေးမှာ။ ကျွန်တော်တို့အသင်းက ဈေးကွက်ရယ်၊ ကုန်ကြမ်းအလုံအလောက် ရရှိဖို့ရယ်တွေကို တင်ပြခဲ့ပါတယ်” ဟု အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်သည့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုးက ပြောကြားသည်။

အဆိုပါ ပုဂ္ဂလိကကဏ္ဍ ဆွေးနွေးပွဲတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ အသေးစားနှင့် အလတ်စား (SME) ကဏ္ဍ၊ အိမ်၊ ခြံ၊ မြေကဏ္ဍများအတွက် နိုင်ငံခြားဘဏ်များထံမှ ချေးငွေရရှိရေး၊ ကျေးလက်ဒေသရှိ SME လုပ်ငန်းများ ဘဏ်ချေးငွေထောက်ပံ့မှု ရရှိရေး၊ စက်မှုလယ်ယာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများကို SME အဖြစ် သတ်မှတ်ပေးပြီး ထောက်ပံ့မှု ရရှိစေရေး၊ ကာလတို ချေးငွေများ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ပြောဆိုသည်။

လယ်ယာနှင့် ဆီလုပ်ငန်းကဏ္ဍများတွင် ထုတ်လုပ်မှု၊ ရိတ်သိမ်းမှု၊
ကြိတ်ခွဲမှုနှင့် ထုပ်ပိုးမှု အဆင့်တိုင်းတွင် ပြည်ပတင်ပို့နိုင်မည့် အရည်အသွေးမီစေရန်အတွက် အထောက်အပံ့များ ရရှိရေး၊ ပြည်တွင်းထုတ်ကုန်များက နိုင်ငံတကာကုန်ပစ္စည်းများနှင့်
ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်ရန်အတွက် အချို့အခွန် အကောက်များ ဖြေလျှော့ပေးရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ကုန်သည်/စက်မှု အသင်းချုပ်ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service