သိမ်းဆည်းလယ်မြေများကို စိစစ်ရေး နေပြည်တော်တွင် သင်တန်းပေး

သိမ်းဆည်းလယ်မြေများကို စိစစ်ရေး နေပြည်တော်တွင် သင်တန်းပေး - Property News in Myanmar from iMyanmarHouse.com
20 Jan 2017 10:18 am တွင် တင်ခဲ့သည်
835 ကြိမ် ကြည့်ရှု့ပြီး
လယ်ယာမြေ သိမ်းဆည်းခံရမှုများနှင့်ပတ်သက် ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်နိုင်စေရေး နေပြည်တော်ကောင်စီ အတွင်း ရှိသော မြို့နယ်များတွင် သင်တန်းများပေးလျက်ရှိကြောင်း နေပြည် တော်ကောင်စီအဖွဲ့ဝင် ဦးအေး မောင်စိန်က ပြောသည်။

အဆိုပါသင်တန်းများကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီအောက်ရှိ သက်ဆိုင်သော ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ ကိုယ်စားလှယ်များအား ပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်တဲ့အခါမှာ လွဲ ချော်မှုတွေ၊ တိမ်းချော်မှုတွေ မဖြစ်ဘဲ ဆောင်ရွက်နိုင်အောင် ပို့ချပေးတာ ဖြစ်ပါတယ်’’ဟု နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးအေးမောင်စိန်က ပြောသည်။

ယခု သင်တန်းကို နေပြည်တော်နယ်မြေရှိ ရှစ်မြို့နယ်တွင် ဇန်နဝါရီလကုန်အပြီး လုပ်ဆောင်မည်ဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တ ရသီရိမြို့နယ်၊ ဇေယျာသီရိမြို့ နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့တွင်သင်တန်းပို့ချ ဆောင်ရွက်နေပြီ
ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘နောက်ထပ်လုပ်မှာက တော့ တပ်ကုန်းမြို့နယ်ပါမယ်။ ပျဉ်းမနားပါမယ်။ လယ်ဝေးနဲ့ ဒက္ခိဏသီရိတို့ကို ပူးပေါင်းပြီး ဆက်လုပ်သွားမယ်’’ဟု ဦးအေး မောင်စိန်က ပြောသည်။

အဆိုပါသင်တန်းများ ပြီး ဆုံးပါက လယ်ယာမြေနစ်နာမှု များကို မြို့နယ်အဆင့်၊ ရပ်ကျေး အဆင့်များပါဝင်သော အဖွဲ့ဝင် များက ကွင်းဆင်းဆောင်ရွက်မည် ဖြစ်ပြီး တွေ့ရှိတင်ပြလာသည့် အချက်များကို စိစစ်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

‘‘စိစစ်တဲ့နေရာမှာ မှန်မှန် ကန်ကန်ဖြစ်ဖို့ အရေးကြီးတယ်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်း ပြဋ္ဌာန်းထားတာ ဘာတွေရှိ လဲ။ ဒီကနေ့ဖြစ်ပျက်နေတာ ဘာတွေလဲ၊ ဘာကြောင့် ဒီလို ဖြစ်လဲဆိုတာတွေကို ပေါ်လွင်အောင် စိစစ်မယ်’’ဟု ဦးအေးမောင်စိန်က ပြောသည်။

လယ်ယာမြေများကို စိစစ် ဆောင်ရွက်ရာတွင် ပြန်လည်စွန့် လွှတ်မြေကို စိစစ်ရမည့်ကိစ္စ၊ သိမ်းဆည်းခံရစဉ် ကာလအတွင်း လျော်ကြေးနည်းခဲ့သည့် တောင် သူများကို ပြန်လည်စိစစ်ရမည့် ကိစ္စ၊ အိမ်ဝိုင်းခြံမြေများ ရသင့် သော်လည်း ရရှိခြင်းမရှိသေးဘဲ ကျန်နေခြင်းများနှင့် သစ်တောမြေ များအတွင်း နေထိုင်ခဲ့သောသူ များအတွက် နစ်နာကြေးပေးရန် စိစစ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ဦးစားပေးဆောင်ရွက် ရန်လိုကြောင်း အမျိုးသားလွှတ် တော် ဦးမောင်မောင်ဆွေက ပြောသည်။

‘‘လယ်ယာမြေ စိစစ်ရေး လုပ်ငန်းတွေကတော့ ဒီနှစ်ထဲမှာ အရှိန်အဟုန်နဲ့လုပ်ဖို့ ရှိပါတယ်’’ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင် သိမ်းဆည်းခံထားရသော လယ်ယာမြေများနှင့်ပတ်သက်၍ ၂၀၁၆ အတွင်းကနေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် (၂) က ကွင်းဆင်းဆောင်ရွက်ထားရာ မြို့နယ် လေးမြို့နယ်၌ အမှုတွဲပေါင်း ၃၇၆ တွဲ စိစစ်တွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service