တောင်သမန်အင်းနှင့် ဦးပိန်တံတားမှာ ရှေးယခင်ကအတိုင်း သုံးရာသီလှပသော နေရာအဖြစ် တည်ရှိလာ

တောင်သမန်အင်းနှင့် ဦးပိန်တံတားမှာ ရှေးယခင်ကအတိုင်း သုံးရာသီလှပသော နေရာအဖြစ် တည်ရှိလာ - Property News in Myanmar from iMyanmarHouse.com
3 Jan 2017 10:24 am တွင် တင်ခဲ့သည်
1636 ကြိမ် ကြည့်ရှု့ပြီး
တောင်သမန်အင်းနှင့် ဦးပိန်တံတားမှာ ရှေးယခင်ကအတိုင်း သုံးရာသီ လှပသော နေရာအဖြစ်တည်ရှိလာပြီ ဖြစ်သည်။ ယခင်က တောင်သမန် အင်းနှင့် ဦးပိန်တံတားမှာ ဝါဆို၊ ဝါခေါင် ရေတိုးချိန်အလှ၊ ဆောင်းတွင်းပိုင်း ကိုတံငါတို့ ငါးဖမ်းချိန် လှေငယ်များနှင့်အလှ၊ နွေဦးနှင့် နွေရာသီ၌ ဦးပိန်တံတားနှင့်အနီးတွင် ရေမရှိဘဲ စိုက်ခင်းစိမ်းစိမ်းများဖြင့် လှပသော ရှုခင်းအလှများဖြင့် သုံးပန်လှအလှအဖြစ် တင်စားခဲ့ကြသည်။

နွေရာသီတွင် တောင်သမန်ရွာကိုဖြတ်ကာ ဦးပိန်တံတားတောင်ဘက် ဒေသ အခေါ် ကန်မကြီးအုတ် တံတားပေါ်မှ နွားလှည်းများသွားလာနိုင်ပြီး ဦးပိန် တံတားလာရောက်သည့်ကားများမှာလည်း တံတား အောက်မှဖြတ်ကာ ကားများဖြင့် ဦးပိန်တံတားအဆုံး အဝေးရှုခင်းများ လာရောက်ရိုက်ကူးနိုင် ခဲ့သည်။ နောက် ပိုင်းကာလများတွင် သုံးရာသီအလှထဲမှ နွေရာသီ လွတ် လပ်စွာသွားလာနိုင်သည့်အခြေအနေ ပျောက်ခဲ့သည်။

ယခုအခါ ဦးပိန်တံတားကို ရှေးမူမပျက် ပြုပြင်ခြင်းနှင့်အတူ ထိန်းသိမ်းခြင်း များ ဆောင်ရွက်နိုင်ခဲ့သည်။ တောင်သမန်အင်းအတွင်းမှ ရေများကိုလည်း တံတားဖြူ ရေထွက်ပေါက်မှတစ်ဆင့် ရှေးအခါကကဲ့သို့ ရေထွက် စေသည့်အတွက် တောင်သမန်အင်းအတွင်း မုရင်းလယ် များနှင့် မြေပဲ၊ ပြောင်းဖူးများ စိုက်ပျိုးလာနိုင်ခဲ့သည်။ ယခုအခါ ဦးပိန်တံတားဘေးတွင် မုရင်းလယ်များ စတင်စိုက်နေသည့်အတွက် သုံးပန်လှ တောင်သမန်ဖြစ် နေပြီဖြစ်သည်။ လာမည့်နွေရာသီနှင့် နွေဦးရာသီများ တွင်လည်း စိမ်းတစ်ခါ ဝါတစ်လှည့်နှင့် ဦးပိန်တံတား ရှုခင်းများကိုကြည့်ရှုနိုင်ကာ သုံးရာသီအလှများနှင့် တောင် သမန်အင်းအဖြစ် တည်ရှိလာတော့မည်ဖြစ်သည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service