မန်းအိမ်ခြံမြေဈေးကွက် အကျဈေးနဲ့ အရောင်းအဝယ်သွက်

မန်းအိမ်ခြံမြေဈေးကွက် အကျဈေးနဲ့ အရောင်းအဝယ်သွက် - Property News in Myanmar from iMyanmarHouse.com
20 Dec 2016 9:33 am တွင် တင်ခဲ့သည်
1231 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးအိမ်ခြံမြေ ဈေးကွက်မှာတော့ မြေကွက်အရောင်းအဝယ် ပြန်သွက်လာပေမဲ့လည်း ကျဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ မန္တလေးကအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတချို့ထံက သိရပါတယ်။

ဖိုးလမင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းက ကိုဝဏ္ဏစိုးက “ရောင်းမယ့်သူက ဈေးတင်းခံနေရင် အရောင်းအဝယ်မဖြစ်တော့ဘူး၊  လျှော့ရောင်းနိုင်မှအဆင်ပြေတာ၊ အခုဟာကအကျဈေးနဲ့ပဲ အရောင်းအဝယ်သွက်နေတာ”လို့ ပြောပါတယ်။

တန်ဖိုးနည်း တိုက်ခန်းတွေရဲ့ ဈေးနှုန်းကလည်း ကျပ်သိန်း ၃၀ဝ လောက် ဖြစ်နေတော့ မြေတစ်ကွက်ကို ကျပ် သိန်း ၃၀ဝ ဝန်းကျင်မှာပဲရှိတဲ့ မြေနေရာတွေမှာ ဝယ်ယူနေထိုင်လာကြတယ်လို့ ဆိုပါတယ်။

မန္တလေးမှာနေတဲ့သူတွေက တိုက်ခန်းကို သိပ်စိတ်မဝင်စားကြတာ၊ အိမ်ငှားခ ဈေးတက်လာတာနဲ့ မြေဈေးတွေကလည်း ကျနေတဲ့အတွက် ကိုယ်ပိုင်နေထိုင် ဖို့ ဝယ်ချင်သူ များလာတော့ မြေဈေးကွက်အရောင်းအဝယ် ပြန်သွက်လာတာလို့ မန္တလေးက အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူတချို့က သုံးသပ်ကြပါတယ်။

လက်ရှိ အရောင်းအဝယ် ဖြစ်နေတဲ့ ကျပ် သိန်း ၃၀ဝ ဝန်းကျင် မြေကွက်တွေမှာ အရင်က ကျပ် သိန်း ၄၅၀ လောက်အထိ တန်ကြေးရှိတဲ့ မြေကွက်တွေဖြစ်ပြီး လတ်တလောမန္တလေးမြေကွက်ဈေးတွေမှာအရင်ကတန်ဖိုးထက် ၃၀ ရာခိုင်နှုန်း အထိ ဈေးကျသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေး  အိမ်ခြံမြေ ဈေးကွက်မှာ အခုရက်ပိုင်းတွေမှာတော့ဈေးနှုန်းသက်သာတဲ့ မန္တလေးမြို့သစ်၊ မြရည်နန္ဒာနဲ့ အောင်ပင်လယ်ဘက်မှာရှိတဲ့ ကျပ်သိန်း ၃၀ဝ၊ကျပ်သိန်း ၄၀ဝ နဲ့ ကျပ်သိန်း ၅၀ဝ တန် မြေကွက်တွေအရောင်းသွက်နေတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service