ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ်-ရတနာ အိမ်ရာစီမံကိန်းများ ငွေကြေးအခက်အခဲကြောင့် ရပ်ဆိုင်းနေသဖြင့် အစိုးရက ကူညီရန် တောင်းဆို

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် ဧရာဝဏ်-ရတနာ အိမ်ရာစီမံကိန်းများ ငွေကြေးအခက်အခဲကြောင့် ရပ်ဆိုင်းနေသဖြင့် အစိုးရက ကူညီရန် တောင်းဆို - Property News in Myanmar from iMyanmarHouse.com
5 Dec 2016 9:39 am တွင် တင်ခဲ့သည်
2260 ကြိမ် ကြည့်ရှု့ပြီး
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပေါင်းလုပ် ဆောင်နေသည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းမှာ ငွေကြေးအခက်အခဲကြောင့် ရပ်ဆိုင်းနေပြီး အဆိုပါအခြေအနေကို အစိုးရအဖွဲ့က ကူညီစေလိုကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌက ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေသို့ တင်ပြခဲ့ကြောင်း သိရသည်။

“အရှေ့ဘက်မှာ ဒုတိယသမ္မတကြီးတို့ ဆောက်ခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဟာ Investor တွေ လိုပြီးတော့၊ အစကလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ ဆောက်တာပါ။ အခု က Investment တွေလိုနေပြီး ပိုက်ဆံလည်း မရှိတဲ့အတွက်ကြောင့်မို့ ရပ်ဆိုင်းနေပါတယ်။ အဲဒါကိုလည်း အလေးအနက်ထား စဉ်းစားပြီးတော့ ကျွန်တော်တို့နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဒီက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ၀ိုင်းလုပ်နေကြတာပါ။ အဲဒါကိုလည်း ပိုပြီး မြန်ဆန်သွက်လက်ဖို့အတွက် စဉ်းစားပေးပါလို့ တင်ပြလိုပါတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်နေသည့် အဆိုပါ အိမ်ရာစီမံကိန်း နှစ်ခုအား စတင်ရေးဆွဲခဲ့စဉ်က တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့် အိမ်ရာစီမံကိန်း အဖြစ်သာ လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာ ရာခိုင်နှုန်း ၃၀ နှင့် တန်ဖိုးမြင့်အိမ်ရာ ရာခိုင်နှုန်း ၇၀ ပါဝင်မည်ဖြစ်ကြောင်းနှင့် စီမံကိန်းအား သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကာ ၁၀ နှစ်မှ နှစ် ၃၀ အထိ အရစ်ကျငွေချေးစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး လစဉ် ကျပ် ၈၈၀၀၀ ရရှိသူ၏ ၀င်ငွေအပေါ် ရာခိုင်နှုန်း ၃၀ ကနဦး ပေးချေကာ ကျန်ငွေကို လစဉ်အရစ်ကျ ပေးသွင်းရမည့်နှုန်းထားဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ရှင်းလင်းပြောကြားခဲ့ဖူးသည်။

ထို့နောက် စီမံကိန်းစတင်ခဲ့ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များကို စီမံကိန်း လုပ်ကိုင်ခွင့်ပေးအပ်ခဲ့ပြီး Original Grop Co.Ltd အပါအ၀င် Developer လေးဦးခန့်ကို ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်း လုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။ ထိုသို့ ချထားပေးပြီးနောက် တန်ဖိုးနည်းအိမ်ရာဆိုသည့် စကားလုံးအစား တန်ဖိုးမျှတအိမ်ရာဟုဆိုကာ အသွင်ပြောင်းလဲလိုက်ပြီး တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ခန့်ကျသင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ တန်ဖိုးနည်းဟုဆိုကာ ဆောက်လုပ်ခဲ့သည့် စီမံကိန်းမှာ ကျပ်သိန်း ၂၀၀ အထိ ဖြစ်လာမည်ဆိုသဖြင့် ရန်ကုန်မြို့တွင်းရှိ တာမွေ၊ ကျောက်မြောင်း၊ သင်္ဃန်းကျွန်း အစရှိသည့် မြို့တွင်းနှင့် နီးကပ်သည့် တိုက်ခန်းများမှာ ရာခိုင်နှုန်း ၅၀ ခန့် ရုတ်တရက် တန်ဖိုး မြင့်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ကျပ်သိန်း ၂၅၀ ၀န်းကျင်သာရှိသည့် တိုက်ခန်းများမှာ ကျပ်သိန်း ၃၅၀ ၀န်းကျင်အထိ ခုန်တက်ခဲ့သည်။

အဆိုပါ အိမ်ရာစီမံကိန်းနှစ်ခုကို၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က မြေဧက ၂၂၀ ၌ စတင် ဆောက်လုပ်ခဲ့ပြီး ဧရာဝဏ်-ရတနာတန်ဖိုး သင့်အိမ်ရာစီမံကိန်း၌ ၂၄ ခန်းတွဲ ၁၈ ထပ် အဆောက်အအုံ ၄၉ လုံးပါဝင်ပြီး အခန်း ပေါင်း ၁၆၆၉၆ ခန်းပါဝင်သည်။ အခန်းများကို အကျယ်အ၀န်း ၆၀၀ sqft မှစ၍ ဆောက်လုပ်ခြင်းဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ပူးပေါင်းမှုဖြင့် ကနဦးတွင် ၁၈ ထပ် အဆောက်အအုံခြောက်လုံး ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အထပ်မြင့်ဖြစ်သည့်အတွက် ဘိုးတိုင်များရိုက်ရခြင်း၊ ဓာတ်လှေကားများ တပ်ဆင်ရခြင်း စသည့်အခြေအနေများမှာ ကုန်ကျစရိတ်အား မြင့်မားစေခဲ့ကြောင်း အဆိုပါ စီမံကိန်းနှစ်ခုကို လုပ်ဆောင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“အရင်သမ္မတကြီးလက်ထက်မှာ ကျွန်တော်တို့လည်း ပါပါတယ်။ ခင်ဗျားတို့ ဘယ်လောက်နဲ့ ရောင်းမှာလဲ။ ကျွန်တော့်လည်း ကားပေါ်မှာ မေးတယ်။ တစ်ပေပတ်လည်ကို ကျပ် တစ်သိန်းတဲ့။ ၅၉၉ စတုရန်းပေဆိုတော့ ၅၉၉ သိန်း။ သိန်း ၆၀၀ ပေါ့ဗျာ။ အဲဒီနေရာ မှာ အဲဒီဈေး ရပါ့မလားဗျာတဲ့။ သမ္မတကြီးတောင်မှ ရပါ့မလားတဲ့။ တစ်ပေပတ်လည် တစ်သိန်းကို တစိုက်မတ်မတ် ပြောလာတာ။ အခုကျတော့ ညှိရင်း ညှိရင်းနဲ့ တန့်နေတာပေါ့။ အခုကျတော့ ရင်းနှီးမြှုပ်နှံဖို့ရော” ဟု ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက ပြောကြားသည်။

အဆိုပါ အိမ်ရာစီမံကိန်းများမှာ မြို့ပြင်နေရာတွင် ရှိနေခြင်း၊ တစ်ပေပတ်လည် ကျပ်တစ်သိန်းဖြစ်နေခြင်း အစရှိသည့် အခြေအနေများကြောင့် စိတ်ဝင်စားမှုနည်းပါးနေခြင်းကြောင့် ရပ်ဆိုင်းနေရခြင်းဖြစ်နိုင်ကြောင်း နှင့် အဆိုပါအခြေအနေအပေါ် ဆက်လက် တင်ပြပေးမည်ဖြစ်ကြောင်း ဒုတိယသမ္မတနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောကြားခဲ့သည်။


Credit:Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service