သင့်ခွေးလုံခြုံရေးအတွက် Dog Parker စမတ်ခွေးအိမ်

သင့်ခွေးလုံခြုံရေးအတွက် Dog Parker စမတ်ခွေးအိမ် - Property News in Myanmar from iMyanmarHouse.com
24 Nov 2016 10:12 am တွင် တင်ခဲ့သည်
1046 ကြိမ် ကြည့်ရှု့ပြီး
အဓိကအိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ခွေးတွေအတွက် အဆောက်အအုံအားလုံးနီးပါးက ထည့်
သွင်းစဉ်းစားပေးမထားပါဘူး။ သင် ကော်ဖီဆိုင်ထဲဝင်မယ်ဆို သင့်ခွေးကို အပြင်မှာထားပြီး အထဲကနေ စောင့်ကြည့်ရတော့မှာပါ။

သူ့ကို အပြင်မှာထားခဲ့တာက ယုတ္တိရှိတဲ့ အခြေအနေမဟုတ်တာတော့ အသေအချာပါပဲ။ခွေးသူခိုးတွေရဲ့ အန္တရာယ်ကို မေ့ထားလို့မရပါဘူး။ အမေရိကန်မှာတော့ ခွေးခိုးခံရတာသို့မဟုတ် ခွေးပျောက်မှုဟာ
ဖြစ်ပွားနှုန်းမြင့်တက်လာနေတဲ့ ယေဘုယျမှုခင်းတစ်ခု ဖြစ်လို့နေပါပြီ။ အမေရိကန်မျိုးကောင်းမျိုးသန့်ခွေးမှတ်ပုံတင်အဖွဲ့အစည်း AmericanKennel Club (AKC) က သူတို့စတင်လေ့လာခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက နှစ်စဉ်ခွေးခိုးခံရမှုမြင့်တက်လာတာကို တွေ့ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တစ်နှစ်တည်းတွင်ပင်ခွေးအကောင်ရေ ၆၃၇ ကောင်ခန့် အခိုးခံခဲ့ရပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်ကနှုန်း
ထက် ၄ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တာပါ။

ဒါကြောင့် ဒီပြဿနာကိုဖြေရှင်းပေးမယ့် Dog Parker လို့အမည်ပေးထားတဲ့ "ခွေးတို့အတွက်စမတ်အိမ်" ပေါ်ထွက်လို့လာပါပြီ။

Dog Parker အမည်ရ ဖော်ပြပါပုံပါ စမတ်ခွေးအိမ်လေးကို သင့်ရဲ့ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကနေ လှမ်းပြီး လော့ခ်ချ(နည်းပညာနဲ့သော့ခတ်)၊ လော့ခ်ဖြည်(နည်းပ
ညာနဲ့သော့ဖွင့်) လို့ရပါတယ်။ ဒီခွေးအိမ်မှာ ကိုယ့်ခွေးကို လုံခြုံစွာခေတ္တထားရှိဖို့ ခွေးအိမ်ကို အပိုင်ဝယ်ရတာမဟုတ်ဘဲ၊ Dog Parker ကုမ္ပဏီမှာ အဖွဲ့ဝင်ပြီး အသုံးပြုတဲ့မိနစ်အလိုက် ကျသင့်ငွေကို ရှင်းရတာဖြစ်ပါတယ်။

အဖွဲ့ဝင်ကြေးအဖြစ် တစ်နှစ်တာ
အတွက် ၂၅ ဒေါ်လာဖြစ်ပြီး ငှားရမ်းအသုံးပြုခွင့်အတွက် တစ်မိနစ်ကို ၂၀ ဆင့်(၀ ဒသမ ၂၀ ဒေါ်လာ) ဖြစ်ပါတယ်။ ခွေးအားထားရှိတဲ့ အချိန်ကိုလိုက်ပြီး ခွေးအိမ်အတွင်းအပူချိန်ဟာ အလိုအလျောက်ထိန်းညှိသွားမှာဖြစ်ပြီး သန့်ရှင်းရေးအတွက် UVC
sanitation light တပ်ဆင်ထားကာ ခွေးအား ပိုင်ရှင်က မိုဘိုင်းဖုန်း
ကင်မရာနဲ့အက်ပလီကေးရှင်းကတစ်ဆင့် ကြည့်ရှုနိုင်တယ်လို့ Dog Parker ၀က်ဘ်ဆိုက်ဒ်မှာဖော်ပြထားပါတယ်။

Dog Parker ကို ချဲလ်ဆီးဘရောင်းရစ်ဂ်ျနဲ့ တော့ဒ်ရှက်တာတို့က တီထွင်ခဲ့တာပါ။ သူတို့ဟာ ကုမ္ပဏီအမည်ကိုလည်း Dog Parker လို့ပဲ ပေးပြီး အဲဒီစမတ်ခွေးအိမ်တွေကိုရောင်းချတာမဟုတ်ဘဲ အမေရိကန်ရဲ့ နေရာအနှံ့မှာ လိုက်ထောင်နေပါတယ်။ နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလက စမ်းသပ်အစီအစဉ်အနေနဲ့ စမတ်ခွေးအိမ်တွေလိုက်ခံချထားခဲ့ပါတယ်။

အခုတော့ စမ်းသပ်အောင်မြင်တာကြောင့် နယူးယောက်မြို့တစ်ဝန်း လိုက်လံတပ်ဆင်တော့မှာဖြစ်ပြီး အမေရိ
ကန်ရဲ့ တခြားနေရာတွေမှာ ထားရှိသွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service