ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ကာလရှည် မြေငှားရမ်းခွင့် ရရှိရေး၊ စီးပွားရေး လုပ်ငန်းများကို သိမ်းယူခြင်းမှ ကာကွယ်ပေးရေး အပါအ၀င် ရင်းနှီးမြှုပ်နှံမှု မူဝါဒ ထုတ်ပြန်

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ကာလရှည် မြေငှားရမ်းခွင့် ရရှိရေး၊ စီးပွားရေး လုပ်ငန်းများကို သိမ်းယူခြင်းမှ ကာကွယ်ပေးရေး အပါအ၀င် ရင်းနှီးမြှုပ်နှံမှု မူဝါဒ ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
16 Nov 2016 10:55 am တွင် တင်ခဲ့သည်
1079 ကြိမ် ကြည့်ရှု့ပြီး
အတည်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ကာလရှည် မြေငှားရမ်းခွင့် ရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် စီးပွားရေး လုပ်ငန်းများကို အငြင်းပွားဖွယ် သိမ်းယူခြင်းမှ ကာကွယ်ပေးရေး အပါအ၀င် အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မူဝါဒကို နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွင် အဓိက အချက် ခုနစ်ချက် ပါဝင်ပြီး တာဝန်ယူမှုရှိပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုမည်ဟု သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာမှု ရှိပြီး ရှင်းလင်းလွယ်ကူ၍ မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်သော လုပ်ထုံးလုပ်နည်းများဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်မည်ဟု သိရသည်။

မက်ခရို စီးပွားရေး တည်ငြိမ်မှု၊ တရားဥပဒေ စိုးမိုးမှု၊ အငြင်းပွားမှုများအတွက် ယုံကြည်ကိုးစားရသော ဖြေရှင်းရေး လုပ်ထုံးလုပ်နည်းများ၊ အခြေခံ စီးပွားရေး အဆောက်အအုံ ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်နိုင်မည့် ယုံကြည်စိတ်ချရသည့် ဘဏ္ဍာရေး စနစ်တို့ဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အပံ့ ဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အားလျော်စွာ နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံခြားနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအကြား ခွဲခြားဆက်ဆံမှု မရှိသော ကြိုတင်ခန့်မှန်း သိမြင်နိုင်သည့် ထိန်းကျောင်းကြပ်မတ်မှု ၀န်းကျင်တစ်ရပ်ကို ထူထောင်မည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများကို အငြင်းပွားဖွယ် သိမ်းယူခြင်းမှ ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ အခွန်အကောက်များနှင့် အခြား ပေးဆောင်ရန် ရှိသည်များကို ပေးဆောင်ပြီးနောက် ရရှိသည့် အကျိုးအမြတ်များအပြင် ဥပဒေနှင့်အညီ ပေးချေရမည့် ကိစ္စများ ပြန်လည်လွှဲပြောင်းခွင့်များကို ကာကွယ်ပေးမည် ဖြစ်ကြောင်းနှင့် အတည်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ကာလရှည် မြေငှားခွင့် ရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု မူဝါဒတွင် ဖော်ပြထားသည်။

ပြည်တွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ပတ်ဝန်းကျင်နှင့် သဘာဝ အရင်းအမြစ်ဆိုင်ရာ ကိစ္စရပ်များ အပါအ၀င် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျင့်ထုံးများကို ခွဲခြားမှု မရှိဘဲ တစ်ပြေးညီ အစဉ် လိုက်နာရမည်ဟုလည်း ဖော်ပြထားသည်။

နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ နယ်ပယ်များနှင့် ဆက်နွှယ်သည့် အချို့သော စီးပွားရေး လုပ်ငန်းများကို နိုင်ငံခြားသားများအား လုပ်ဆောင်ခွင့်မပြု၊ အဆိုပါ ခွင့်ပြုနိုင်ခြင်း မရှိသည့် လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရသစ် လက်ထက်တွင် ကြိုဆိုအားပေးမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုလည်း ရင်းနှီးမြှုပ်နှံမှု မူဝါဒတွင် ဖော်ပြထားသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှု မူဝါဒသည် နိုင်ငံတော် အစိုးရ၏ စီးပွားရေး မူဝါဒ ၁၂ ရပ်ကို အထောက်အကူ ပြုစေမည် ဖြစ်ပါသည်ဟု ဖော်ပြထားသည်။



Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service