စီးပွားရေးမြို့တော် ရန်ကုန်မြို့၌ ဒုတိယ ဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းစတင်

စီးပွားရေးမြို့တော် ရန်ကုန်မြို့၌ ဒုတိယ ဗဟိုစီးပွားရေးဇုန် (မင်းဓမ္မ) စီမံကိန်းစတင် - Property News in Myanmar from iMyanmarHouse.com
2 Nov 2016 11:06 am တွင် တင်ခဲ့သည်
4269 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းစဉ်များ ဆောင်ရွက်သည့်
အနေဖြင့် ဒုတိယဗဟို စီးပွားရေးဇုန် (မင်းဓမ္မ)စီမံကိန်းအား စတင်အကောင် အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။

စီမံကိန်းတွင် အဆင့်မြင့် ဟိုတယ် အဆောက်အအုံ တစ်လုံး၊ ရုံးခန်းအဆောက်အအုံ လေးလုံး၊ Service Appartments အဆောက်အအုံ ခုနစ်လုံး၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ အီလက်ထရွန်နစ်နှင့် ကုန်သွယ်ရေး စင်တာများနှင့် ငါးထပ် ပါရှိသော ဈေးဝယ်စင်တာ များအစရှိသည့် စီးပွားရေးအဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး ကွန်ဗင်းရှင်းစင်တာ အသစ်ကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကာ ရန်ကုန်မြို့တွင် ပထမဦး ဆုံးသော Integrated Mixed Development အဖြစ် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

စီမံကိန်းဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီနှင့် ပထမမြန်မာ ဆောက် လုပ်ရေး ကုမ္ပဏီလီမိတက်(မြန်မာဗွီပိုင်အုပ်စု)က စာချုပ်များလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်လည်းရရှိထားပြီးဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ ခေတ်မီ ကွန်ဗင်းရှင်းစင်တာ ဆောက် လုပ်ရန်အတွက် မြေတိုင်းတာ၍မြေနေရာ သတ်မှတ်ခြင်းများ၊ မြေသားစမ်းသပ်ခြင်းလုပ်ငန်းများ၊
မြေအောက် ယာဉ်ရပ်နားရန်နေရာ အထပ်သုံးထပ်အတွက် မြေသားတူးဖော်ခြင်း လုပ်ငန်းများနှင့် ပိုင်ဝန် အားခံ နိုင်မှု စမ်းသပ်ခြင်းလုပ်ငန်းများ အလုံးစုံဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။

ခေတ်မီကွန်ဗင်းရှင်းစင်တာ၏ဒီဇိုင်းတစ်ခုလုံးမှာလည်း ဆောင်ရွက်ပြီး စီးနေပြီဖြစ်ကာ ပွင့်လင်းရာသီစတင်လျှင် ဘိုးပိုင်လုပ်ငန်းအား အရှိန် အဟုန်ဖြင့်ဆောင်ရွက်ရန်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပထမမြန်မာဆောက် လုပ်ရေးကုမ္ပဏီ လီမိတက်(မြန်မာဗွီပိုင်အုပ်စု)ဥက္ကဋ္ဌ ဒေါက်တာစုံဟန်က
ပြောကြားသည်။

ကျွန်တော်တို့ကတော့ အခြေခံ အဆောက်အအုံတွေနဲ့ ကွန်ဗင်းရှင်းစင်တာအသစ်ကို ဆောက်လုပ်သွားမှာပါ။ အခြားစီးပွားရေးလုပ်ငန်းရှင် တွေကတော့သူတို့ဘာဖွင့်ချင်လဲ၊ ဘာလုပ်ဆောင်ချင်ကြလဲ ဆိုတာနောက်မှ ကျွန်တော်တို့နဲ့ ချိတ်ဆက် ဆက်သွယ် ဆောင်ရွက် လာပါလိမ့်မယ်။

ကွန်ဗင်းရှင်းစင်တာအဟောင်းကိုတော့ မဖျက်သိမ်းသေးဘဲ အဲအနီးက နေရာသီးသန့်မှာလက်ရှိရှိနေတဲ့ကွန်ဗင်းရှင်းစင်တာအဟောင်းထက် ငါးဆလောက်ကြီးမားတဲ့ ကွန်ဗင်းရှင်း စင်တာအသစ်ကို ထည့်သွင်းဆောက် လုပ်သွားမှာပါ။ စီမံကိန်းကြီးပြီးစီးသွားပြီဆိုရင်တော့ နိုင်ငံ တကာက လာရောက်ပြ သကြမယ့် ကုန်စည်ပြပွဲများအပါအဝင်ကျင်းပကြမယ့် ညီလာခံများအတွက် လွန်စွာ အကျိုးရှိ စေမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ထွန်းစေပါလိမ့်မယ်။ ပြီးတော့ ဒီစီမံ ကိန်းထဲမှာ အိုင်တီ Trade Center ကိုလည်း ထည့်သွင်းဆောက် လုပ်မှာဆိုတော့ပြည်သူတွေအတွက် အသိပညာတွေ ပိုမိုတိုးတက် လာစေမှာဖြစ်တဲ့ အပြင်အလုပ်အကိုင်အခွင့်အလမ်းတွေလည်း များစွာပေါ်ပေါက်လာပါလိမ့်မယ်ဟု၎င်းက ပြောသည်။

ခေတ်မီကွန်ဗင်းရှင်းစင်တာကို သတ်မှတ်ထားသည့်အချိန် တွင်ဆောင်ရွက်ပြီး စီးရန်အတွက် တတ်အားသမျှ ကြိုးစားပြီးဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မီကွန်ဗင်းရှင်း
စင်တာဆောက်လုပ်ခြင်းနှင့်အတူ ခေတ်မီ ဟိုတယ် တစ်လုံး တည်ဆောက်ရေးနှင့် Serviced Apartment များတည်ဆောက်ရေးကိုလည်း လက်ရှိ တစ်ဆက်တည်း လုပ်ဆောင်လျက်ရှိကြောင်း၊ ဒုတိယဗဟို စီးပွားရေးဇုန်(မင်းဓမ္မ)စီမံကိန်းအား သတ်မှတ် ကာလအတွင်း ဆောင်ရွက်ပြီး စီးရန်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လက်ရှိ ရှိနေသော ကွန်ဗင်းရှင်း စင်တာကိုလည်း တတ်နိုင်သမျှအချိန်ထိ မဖျက်သေးဘဲပြပွဲများနှင့် အခြားအစီ အစဉ်များ ဆက်လက် လုပ်ဆောင်သွားနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီမှ တာဝန်ရှိသူနှင့် ညှိနှိုင်း ဆောင်ရွက် ထားကြောင်း သိရသည်။

အဆိုပါ ဒုတိယဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ)စီမံကိန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြေဖြစ် သည့် တော်ဝင်လမ်းနှင့် မင်းဓမ္မလမ်းအ ကြားရှိ အကျယ် ၃၆ ဒသမ ၅၅၁ ဧကအား ဒုတိယ ဗဟိုစီးပွားရေး ဇုန်(မင်းဓမ္မ) စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပထမမြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်(မြန်မာဗွီပိုင်အုပ်စု)က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရန်ကုန်မြို့တော် အားမြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်းစဉ်များအရ ဖွံ့ဖြိုးရေးဇုန်ကြီးများအား လျာထားခဲ့ရာ ဒုတိယ ဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ) စီမံကိန်း တည်ဆောက်ရေးလည်းအပါအဝင် တစ်ခုဖြစ်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ဒုတိယဗဟိုစီးပွားရေးဇုန်(မင်းဓမ္မ) စီမံကိန်းဆောင်ရွက်ရန်အတွက် ကိုးမိုင်ရှိ ပြည်လမ်းနှင့် မင်းဓမ္မ လမ်းအကြားရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပိုင်မြေ၊ တပ်မတော်ပိုင်မြေနှင့် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော် မတီပိုင်မြေစုစုပေါင်း ၃၆၉ဒသမ ၄၅၅ ဧကအားအကောင် အထည်ဖော် ဆောင်ရွက်ရန် လျထားသတ်မှတ်
ခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service