နေပြည်တော်က ဗီအိုင်ပီကွက်တွေ အမည်ပေါက် ရောင်းချခွင့် ပြု ပြီ

နေပြည်တော်က ဗီအိုင်ပီကွက်တွေ အမည်ပေါက် ရောင်းချခွင့် ပြု ပြီ - Property News in Myanmar from iMyanmarHouse.com
26 Oct 2016 9:48 am တွင် တင်ခဲ့သည်
1891 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော်ရှိ အထူးမြေကွက်တွေကို အမည်ပြောင်းခွင့်ပေးပြီး တရားဝင်ရောင်းချခွင့်၊ နှစ်ထပ်ဆောက်ခွင့် ပြုတဲ့အတွက် နေပြည်တော်ရဲ့ အိမ်ခြံမြေ အရောင်းအဝယ်ဟာ အလားအလာ ပိုကောင်းနိုင်တယ်လို့ အိမ် ခြံမြေ အကျိုးဆောင်အချို့က သုံးသပ်ပါတယ်။

မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း(နေပြည်တော်) အမှုဆောင် ဦးဝင်းဇော်ဦးက “အရင်တုန်းက တော့ အထူးကွက်ဆိုတော့ အရာရှိကြီးတွေ ချပေးထားတာပေါ့၊ အခုအမြည်ပြောင်းပေးတာ၊ မှတ်ပုံတင် စာ ချုပ်ချုပ်ခွင့်ရလာတာ” လို့ ပြောပါတယ်။

နေပြည်တော်ရှိ ဗီအိုင်ပီ အထူးမြေကွက်တွေကို ပထမဦးဆုံး ဥတ္တရာသီရိမြို့နယ် နန်းဦးကျောင်းပတ်ဝန်း ကျင်အနီးနဲ့ ဒက္ခိတသီရိမြို့နယ် ကျောက်မျက်အချောထည်ဈေးနဲ့ မျက်နှာချင်းဆိုင်နေရာတွေမှာ ချထားပေး တာ ဖြစ်ပါတယ်။ မြေကွက်တွေရဲ့ အကျယ်အဝန်းက ပေ ၂၀၀ ပတ်လည်၊ ပေ ၁၅၀ ပတ်လည်နဲ့ ပေ ၁၀၀ ပတ်လည်တွေ အများဆုံး ဖြစ်ပါတယ်။

အရင်ကတော့ အထူးမြေကွက်တွေကို နှစ်ထပ်ဆောက်ခွင့် မပေးတဲ့အပြင် တရားဝင်လွဲပြောင်းရောင်းချခွင့် လည်း မရှိခဲ့ဘူးလို့ သိရပါတယ်။

နန်းရွှေပြည် အိမ်ခြံမြေ ဝန်ဆောင်မှု ကုမ္ပဏီ(နေပြည်တော်) က ဦးထွန်းထွန်းက “နှစ်ထပ်ဆောက်ခွင့်ပေး လိုက်တဲ့အတွက်လဲ အိမ်ခြံမြေဈေးကွက်အတွက် အလားအလာ အများကြီး ကောင်းတယ်၊ သူတို့က နေ ရာတွေ ကောင်းကြတယ်လေ၊ မြေကွက်တွေက အဆင်ပြေတဲ့ အကျယ်တွေ ဖြစ်တယ်၊ ရောင်းတဲ့သူတွေ အနေနဲ့ကလည်း လွတ်လွတ်လပ်လပ် ရောင်းလို့ရတော့ အရောင်းအဝယ် ပိုကောင်းလာနိုင်တာပေါ့” လို့ ပြောပါတယ်။

လက်ရှိ နေပြည်တော်ရဲ့ အိမ်ခြံမြေ ဈေးကွက်အနေနဲ့ကတော့ အရောင်းအဝယ် ပုံမှန်လည်ပတ်နေပြီး ရန် ကုန်၊ မန္တလေးတို့နဲ့ ယှဉ်ရင်တော့ အရောင်းအဝယ် ပိုဖြစ်နေပါတယ်။

ဦးဝင်းဇော်ဦးက “နေပြည်တော်ရဲ့ အိမ်ခြံမြေ အရောင်းအဝယ်က လက်ရှိပုံမှန်ပါပဲ၊ ပြီးတော့ မြေဈေးက လည်း ရန်ကုန်တို့၊ မန္တလေးတို့ထက်တော့ သက်သာပါတယ်၊ နေပြည်တော်မှာက နေရာ မရွေးရင် ခုချိန် အထိ သိန်း ၅၀၊ သိန်း ၁၀၀ ဆို ဖြစ်တဲ့မြေကွက်တွေ ရှိပါတယ်” လို့ ပြောပါတယ်။

သူကဆက်ပြီး“တခြားမြို့ကြီးတွေဆို အဲဒီလို မရနိုင်ဘူး၊ အခုဆို ဒီနှစ်ထဲဆို ကုမ္ပဏီတွေလဲ လာတာများ တယ်၊ ရှေ့ဆက်ပြီးလဲ နေပြည်တော်ရဲ့ အိမ်ခြံမြေ ဈေးကွက်ကတော့ ပိုကောင်းဖို့ပဲရှိပါတယ်”လို့ ပြောပါ တယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service