မြန်မာသီလဝါ အစုရှယ်ယာတွေကို တစ်စုမှ ဆယ်စုခွဲပြီး ရောင်းချမည်။

မြန်မာသီလဝါ အစုရှယ်ယာတွေကို တစ်စုမှ ဆယ်စုခွဲပြီး ရောင်းချမည်။ - Property News in Myanmar from iMyanmarHouse.com
25 Oct 2016 11:02 am တွင် တင်ခဲ့သည်
1231 ကြိမ် ကြည့်ရှု့ပြီး
မြန်မာသီလဝါ အထူးစီးပွားရေးဇုန်ရဲ့ အစုရှယ်ယာတွေကို တစ်စုကို ၁၀စုခွဲပြီး နိုဝင်ဘာ ၄ရက်နေ့မှ စတင် ရောင်းချပေးမယ်လို့ မြန်မာသီလဝါ အထူးစီးပွားရေးဇုန်ရဲ့ တတိယအကြိမ်မြောက် အထွေထွေနှစ်ပတ်လည် အစည်းအဝေးက သိရပါတယ်။

“အခြေခံ လူတန်းစားတွေပါ ဝယ်ယူလာမယ့် ပမာဏဖြစ်မှာ” လို့ မြန်မာသီလဝါ အထူးစီးပွားရေးဇုန်ရဲ့ ဥက္က ဋ္ဌ ဦးဝင်းအောင်က ပြောတယ်။

MTSH (မြန်မာသီလဝါ အထူးစီးပွားရေးဇုန်) ရဲ့ အစုရှယ်ယာဈေးနှုန်းဟာ ရန်ကုန်စတော့ခ်အိတ်ချိန်းမှာ ကျပ် ၄၇,၀၀၀ ဈေးပေါက်နေပါတယ်။ တစ်စုကို ၁၀စုခွဲ ခြမ်းလိုက်ရင် ကျပ် ၄၇၀၀ ဝန်းကျင်သာရှိတော့မှာပါ။ MTSH ရဲ့ ကနဦး အစုရှယ်ယာဈေးနှုန်းဟာ ကျပ် ၁၀,၀၀၀ ဖြစ်တာကြောင့် ၁၀စု ခွဲလိုက်ပြီး နောက်ပိုင်းမှာ ကျပ် ၁၀၀၀ သာ တန်ဖိုးရှိတော့မှာ ဖြစ်ပါတယ်။

သည်လိုခွဲခြမ်းလိုက်ခြင်းအားဖြင့် မိမိကိုယ်ပိုင် ရှယ်ယာတွေကို လိုသလောက်ပဲ ထုတ်ရောင်းတာဖြစ်ဖြစ်၊ သိမ်းထားတာဖြစ်ဖြစ် အလွယ်တကူပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ ဦးဝင်းအောင်က ဆိုတယ်။

MTSH အစုရှယ်ယာခွဲခြမ်းစိတ်ဖြာပြီးနောက် ရရှိလာတဲ့ဈေးနှုန်းဟာ ရန်ကုန်စတော့ခ်အိတ်ချိန်းမှာ အရောင်း အဝယ်ပြုတဲ့ စာရင်းဝင်ကုမ္ပဏီနှစ်ခုရဲ့ ဈေးနှုန်းအောက်ကို ကျဆင်းသွားမှာ ဖြစ်ပါတယ်။

MTSH ရဲ့ အစုရှယ်ယာခွဲခြမ်းခြင်းကို နိုဝင်ဘာ ၂ ရက်နေ့မှာ တရားဝင်ပြောင်းလဲ သတ်မှတ်မှာပါ။ နိုဝင်ဘာ ၄ ရက်နေ့မှာတော့ စတင်အရောင်းအဝယ် ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

အစုရှယ်ယာခွဲခြမ်းပြုလုပ်ချိန် အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၃ ရက်နေ့အထိကိုတော့ MTSH ရဲ့ အစုရှယ်ယာ အရောင်း အဝယ် တွေ ခေတ္တရပ်နားထားမှာ ဖြစ်ပါတယ်။

ရန်ကုန်စတော့ခ်အိတ်ချိန်းက အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းက “အစုရှယ်ယာဈေးနှုန်းတွေနည်းလေ ရှယ်ယာရှင်တွေ ကြုံတွေ့ရတဲ့ ဈေးအတက်အကျ uper, lower limit bandwhidth ကလဲ သေးသွားမှာ ဖြစ် တယ်၊ အများဝယ်နိုင်တဲ့ ဈေးနှုန်းသတ်မှတ်ပြီးနောက်ပိုင်း နိုင်ငံခြားမှာလို lot သတ်မှတ်လိုက်ရင် ရပါတယ်၊ 10 share ကို 1 lot သတ်မှတ်တာပဲ ဖြစ်ဖြစ်ပေါ့” လို့ ပြောပါတယ်။

Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service