ကန်ဒေါ်လာ ၄ ဘီလီယံအထိ ငွေကြေးများစွာကုန်ကျမည့် ဇိမ်ခံလူနေအိမ်ရာစီမံကိန်းတစ်ခု ဒူဘိုင်းတွင် အကောင်အထည်ဖော်မည်

ကန်ဒေါ်လာ ၄ ဘီလီယံအထိ ငွေကြေးများစွာကုန်ကျမည့် ဇိမ်ခံလူနေအိမ်ရာစီမံကိန်းတစ်ခု ဒူဘိုင်းတွင် အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
19 Oct 2016 10:37 am တွင် တင်ခဲ့သည်
1170 ကြိမ် ကြည့်ရှု့ပြီး
ဒူဘိုင်းအခြေစိုက် အိမ်ခြံမြေ Developer ဖြစ်သော Sobha သည် ကန်ဒေါ်လာ ၄ ဘီလီယံအထိ ငွေကြေးများစွာကုန်ကျမည့် ဇိမ်ခံလူနေအိမ်ရာစီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်း ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်း စီမံကိန်းကို Sobha Hartland Greens ဟု အမည်ပေးထားပြီး နေအိမ်ခန်းတန်ဖိုးများမှာ ဒူဘိုင်းငွေ ၈၀၄၀၀၀ (ကန်ဒေါ်လာ ၂၁၈၀၀၀) ခန့် ကျသင့်ဖွယ်ရှိသည်။

အပြီးသတ်ဆောက်လုပ် လွှဲပြောင်းမှုကို လာမည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ရည်မှန်းထားသည်။

အဆိုပါစီမံကိန်းသည် လူနေသီးသန့်မဟုတ်ဘဲ ဘက်စုံသုံးအဖြစ် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်ပြီး ၈ ထပ်အဆောက်အအုံများအဖြစ် ဆောက်လုပ်မည်ဖြစ်သည်။

စီမံကိန်းတည်ရှိမည့်နေရာမှာ မိုဘာမက် ဘင်ရာရှစ် အယ်လ်မာ့ခ်တိုအမ်မြို့တော်အတွင်း တည်ရှိမည် ဖြစ်သည်။
လူနေအိမ်ခန်းများတွင် အိပ်ခန်းတစ်ခန်းမှ သုံးခန်းအထိ အမျိုးအစားများ ခွဲခြားထားသည်။

“ဒူဘိုင်းမှာ ဇိမ်ခံလူနေမှုအခြေအနေတွေကို မြင်တွေ့ခဲ့ရပြီး ကြီးမားတဲ့ဝယ်လိုအားတွေရှိတာကြောင့် Sobha Hartland Greens စီမံကိန်းကို အကောင်အထည်ဖော်ရခြင်းဖြစ်ပါတယ်” ဟု Sobha Group မှ ဥက္ကဌဖြစ်သူ ပီအန်စီ မီနွန်က ပြောကြားသည်။

ယင်းစီမံကိန်းတွင် အိပ်ခန်း ၄ ခန်း၊ ၅ ခန်းနှင့် ၆ ခန်းပါ လုံးချင်းအိမ်ပေါင်း ၂၈၂ လုံး၊ အထပ်နိမ့်အဆောက်အအုံ ၁၈ လုံး၊ အလယ်အလတ်အမြင့်ရှိ အဆောက်အအုံ ၃ လုံးနှင့် အထပ်မြင့်အဆောက်အအုံ ၉ လုံး၊ စတုရန်းမီတာ ၁၅၀၀၀၀ ရှိ စင်တာတစ်ခု၊ ဟိုတယ် ၃ လုံး၊ အားကစားလေ့ကျင့်ရေးခန်းမတစ်ခု၊ ဘက်စုံသုံးတာဝါ ၂ ခုနှင့် စာသင်ကျောင်း ၂ ကျောင်းတို့ ပါဝင်မည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service