အမေရိကန်သရုပ်ဆောင်၊ အဆိုတော် မန်ဒီမိုးသည် ၎င်းပိုင်ဆိုင်သော လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ၉၅ သန်းဖြင့် ရောင်းထုတ်လိုက်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မန်ဒီမိုးသည် ခင်ပွန်းဖြစ်သူ အဆိုတော် ရိုင်ယန်အဒမ်နှင့် မကြာသေးမီကပင် ကွာရှင်းပြတ်စဲမှုကို အပြီးသတ်ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ နေအိမ်ရောင်းထုတ်လိုက်ခြင်းလည်း ဖြစ်သည်။
၁၉၈၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် မွေးဖွားသော မန်ဒီမိုးသည် ပွဲဦးထွက် candy ဆင်ဂယ်အယ်လ်ဘမ်ကတည်းကပင် လူသိခဲ့ပြီး Billboard Hot 100 တွင် နံပါတ် ၄၁ နေရာတွင် ချိတ်ဆွဲခဲ့သည်။
ရောင်းချသည့်နေအိမ်သက်တမ်းမှာ ၈၉ နှစ်ရှိပြီဖြစ်ပြီး သံမဏိခြံစည်းရိုးများဖြင့် ကာရံထားသည့် နေအိမ်ဖြစ်သည်။
နေအိမ်နောက်ဘက်ခြံဝန်းမှာ လေထန်သောအရပ်ဖြစ်ပြီး ထမင်းစားခန်းနှင့်မီးဖိုဆောင်တွဲလျက်အပြင် သီးသန့်ညစာစားခန်းလည်း ပါဝင်သည်။
မန်ဒီမိုးသည် အဆိုတော်အဖြစ် ကျော်ကြားပြီးနောက်ပိုင်း သရုပ်ဆောင်လောကသို့ မ၀င်ရောက်မီတွင် ယင်းနေအိမ်ကို ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး ၂၀၀၂ ခုနှစ်အတွင်း ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါနှစ်အတွင်းတွင်ပင် သူ၏ပွဲဦးထွက်ရုပ်ရှင်ဖြစ်သော အချစ်အလွမ်းရုပ်ရှင် A Walk to Remember တွင် ဂျေမီဆာလီဗန်အဖြစ် စတင်သရုပ်ဆောင်ခဲ့သည်။
မန်ဒီမိုးသည် ရော့ခ်သူရဲကောင်း ရိုင်ယန်အဒမ်နှင့် ၂၀၀၉ ခုနှစ်တွင်လက်ထပ်ခဲ့ပြီး ၂၀၁၅၊ ဇန်န၀ါရီတွင် ကွာရှင်းခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)