လမ်းသစ်အိမ်ရာစီမံကိန်းအတွက် တင်ဒါခေါ်ယူ

လမ်းသစ်အိမ်ရာစီမံကိန်းအတွက် တင်ဒါခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
29 Sep 2016 9:36 am တွင် တင်ခဲ့သည်
2193 ကြိမ် ကြည့်ရှု့ပြီး
လမ်းမတော်မြို့နယ်၊ဘုန်းကြီးလမ်းနှင့် မော်တင်လမ်းအကြားရှိ နိုင်ငံပိုင်အိမ်ရာတစ်ခုဖြစ်သောလမ်းသစ်အိမ်ရာကို အဆင့်မြှင့်တင် တည်ဆောက်ရန်အတွက် တင်ဒါအဆိုပြုလွှာ များပေးသွင်းနိုင်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက
စက်တင်ဘာ ၂၂ ရက်တွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ကြေညာခဲ့သည်။

၁၉၅၈ခုနှစ်ဖဆပလအစိုးရလက်ထက်က ဆောက်လုပ်ခဲ့သည့် လမ်းသစ်အိမ်ရာသည်ဝန်ထမ်းများ၊ ပြည်သူများကို လစဉ်အိမ်လခ ပေးသွင်းစေသည့်စနစ်ဖြင့် ငှားရမ်းခဲ့သည့်
နိုင်ငံပိုင် အငှားအိမ်ရာတစ်ခုလည်းဖြစ်သည်။

တစ်ပေပတ်လည်လျှင် ၁၂ ကျပ် ၅၀ ပြားနှုန်းဖြင့် အခန်းတစ်ခန်းလျှင် တစ်လငှားခကျပ် ၁၁,၅၀၀ ခန့်သာ အများဆုံးကျသင့်သော ထိုအိမ်ရာတွင် တိုက် ၁၁ လုံးနှင့်
အခန်းပေါင်း ၂၆၄ ခန်းရှိပြီး မြေအကျယ်အ၀န်းမှာ ၄ ဒသမ ၇၁၇ ဧကဖြစ်သည်။

ယခုစီမံကိန်းအသစ်ဖြင့် ပြန်လည်ဆောက်လုပ်ရန်အတွက်ကို မူလနေထိုင်နေသူများနှင့်ညှိနှိုင်းသဘောတူမှု ရယူထားပြီး ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က စက်တင်ဘာ ၂၂ ရက်တွင်
မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းက "အခုအခန်းနေတဲ့သူတွေကလည်း မူအားဖြင့် သဘောတူထားပြီးဖြစ်တယ်။ တင်ဒါခေါ်ထားပြီး
အမြန်ဆုံးဆောက်ပါမယ်။ ကျွန်တော်တို့က ပွင့်လင်းမြင်သာမှုရှိရှိနဲ့ လုပ်သွားမှာပါ။ အခုလက်ရှိ
ရှိနေတဲ့အခန်း၂၆၄ခန်းကိုလည်းအဆင့်မြှင့်ဆောက်ပြီးရင် နေရာ ပြန်ချပေးမှာ ဖြစ်ပါတယ်။အခုလက်ရှိသူတို့နေနေတဲ့အခန်းအကျယ်ထက်မလျော့တဲ့အကျယ်အ၀န်းနဲ့ ပြန်ချပေးပါလိမ့်မယ်"ဟုပြောသည်။

နှစ်ပေါင်း ၆၀ နီးပါး သက်တမ်းရှိ လမ်းသစ် အိမ်ရာစီမံကိန်း အဆောက်အအုံများမှာခေတ်အဆက်ဆက်တွင် ပြုပြင်ထိန်းသိမ်းမှု အားနည်းခဲ့ခြင်းကြောင့် တိုက်များ၏ ကြံ့ခိုင်မှုများ
ယိုယွင်းလာသည့်အတွက် ပြန်လည် ပြုပြင်ရန် လိုအပ်နေပြီဖြစ်သည်။

ယခုအိမ်ရာကို ဖျက်သိမ်းပြီး အဆင့်မြှင့် တင်ပြန်လည်ဆောက်လုပ်မည့် စီမံကိန်းတွင်
အထပ်မြင့် အဆောက်အအုံများ၊ စီးပွားရေး ဆိုင်ရာ အဆောက်အအုံများ ပါဝင်လာမည် ဖြစ်သည်။

ဆောက်လုပ်လိုသည့် ကုမ္ပဏီများ အနေဖြင့် အဆိုပြုတင်ဒါများကို တင်သွင်း ရာတွင်
အဆောက်အအုံပုံစံရေးဆွဲမှုနှင့် ဆောက်လုပ်မှု ယှဉ်ပြိုင်သည့်စနစ်ဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ
တင်ဒါအဆိုပြုလွှာများတင်သွင်းကြရန် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် စက်တင်ဘာ ၂၂ ရက်တွင်
အသိပေး ကြေညာခဲ့သည်။

"ဆောက်လုပ်မယ့်ကုမ္ပဏီတွေလည်း ရှိနေပါတယ်။ အဆောက်အအုံဒီဇိုင်း၊ တည်ဆောက်ရေး
ကုန်ကျစရိတ်တွေပါ ကုမ္ပဏီတွေက လာယှဉ်ပြိုင်ရမှာဖြစ်ပြီး ထွက်လာတဲ့ အခန်းတွေရဲ့ အကျိုးအမြတ် ခွဲဝေမှုကတော့ လောလောဆယ် ပြောလို့မရသေးပါဘူး။ ညှိနှိုင်းလုပ်ရမယ့်ကိစ္စတွေ ရှိနေဆဲဖြစ်ပါတယ်"ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးမင်းထိန်ကစက်တင်ဘာ ၂၃ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက မြေနေရာစိုက်ထုတ်၍ တင်ဒါအောင်မြင်သည့်ကုမ္ပဏီက ငွေကြေးစိုက်ထုတ် တည် ဆောက်ရမည်ဖြစ်သည်။

ထွက်ရှိလာသော အခန်းများကိုလည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် ဆောက်လုပ်သည့်
ကုမ္ပဏီတို့က အချိုးကျခွဲဝေရရှိမည်ဖြစ်သည်။ ယခင် အစိုးရလက်ထက်တွင် ဆောက်လုပ်ရေး
ဝန်ကြီးဌာနနှင့် ကုမ္ပဏီများ ပူးပေါင်း၍ အိမ်ရာ စီမံကိန်းများကို အဆင့်မြှင့်တင်ရာတွင် ထွက်ရှိ
လာသည့် အခန်းများကို နိုင်ငံတော်နှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများက လုပ်ငန်းအခြေ
အနေပေါ်မူတည်ကာ ၆၀ / ၄၀ သို့မဟုတ် ၅၂ / ၄၈ အချိုးဖြင့် ခွဲဝေရယူ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်တွင် နိုင်ငံတော်က အငှား ချထားပေးခဲ့သည့် အိမ်ရာစီမံကိန်း ၁၁ ခုမှ တိုက်ခန်းပေါင်း ၁၆,၀၀၀ ကျော်ကို ခေတ်အဆက်ဆက်တွင် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့်အငြိမ်းစားအရာထမ်း အမှုထမ်းများကို ချိုသာသည့်နှုန်းထားဖြင့် ငှားရမ်း နေရာချထားပေးခဲ့ခြင်းဖြစ်သည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့လစဉ်အိမ်လခပေးသွင်းစေသည့် အငှားစနစ်ဖြင့်ငှားရမ်းထားခြင်းဖြစ်ပြီး တားမြစ်ချက်များ အရ မူလငှားရမ်းခွင့်ရရှိသူက တစ်ဆင့်ပြန်လည်ရောင်းချခြင်း၊ ပြန်လည်အငှားချထား ခြင်း ပြုလုပ်ခွင့်မရှိကြောင်းအိမ်ရာစည်းကမ်းချက်များတွင် ဖော်ပြထားသည်။

ရန်ကုန်ရှိ အငှားချပေးထားသော နိုင်ငံပိုင် အိမ်ရာ ၁၁ ခုရှိရာတွင်ယခင်အစိုးရလက်ထက်က၅၁ လမ်းအိမ်ရာနှင့် လင့်လမ်းအိမ်ရာများကိုအဆင့်မြှင့်တင်တည်ဆောက်ခဲ့သည်။

လက်ရှိတွင် ယခု လမ်းသစ်အိမ်ရာ အပါအ၀င် ကိုးခုကျန်နေသေးပြီး ၎င်းတို့မှာ ဖဆပလ၊ ဦးဝိစာရ၊ပျဉ်းမပင်၊ကြို့ကုန်း၊ရန်ကင်း၊သုဝဏ္ဏ၊ ဝေဠုဝန်အိမ်ရာနှင့် ပြည်တော်သစ်အိမ်ရာတို့ဖြစ်သည်။

ယခုလမ်းသစ်အိမ်ရာတွင် နေထိုင်သူအများစုမှာလည်း မူလအခန်းရရှိထားသူများနှင့် ဆွေစဉ်မျိုးဆက် အမွေဆက်ခံသူများ နေထိုင်ကြသူများဖြစ်ကြပြီး နေထိုင်သူ အများစုမှာ အငြိမ်းစား နိုင်ငံဝန်ထမ်းအများစု နေထိုင်သည့် အိမ်ရာစီမံကိန်းဖြစ်သည်။

ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်မည့်လမ်းသစ်အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီးယင်းအိမ်ရာတွင်နေထိုင်သူ ၂၂ ဦးဖြင့် စုပေါင်းဖွဲ့စည်းထားသော စီမံကိန်း ကိုယ်စားပြုကော်မတီလည်းရှိသည်။

အဆိုပါ ကိုယ်စားပြုကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သော ဦးအောင်လွင်စိုးက"အဆင့်မြှင့်မယ်ပြောပြီးအဆင့်နိမ့်သွားမယ်ဆိုရင် တော့ လက်မခံပါဘူး။ နဂိုမူလတုန်းက စတုရန်းပေ ၆၀၀ ကျယ်တဲ့အခန်းကိုအခု အသစ်ပြန်ဆောက်ရင် စတုရန်းပေ ၇၀၀ အကျယ်အ၀န်းလောက် ပြန်ပေးသင့်တယ်။
မိသားစုတွေကတည်း တဖြည်းဖြည်းများလာ လို့ပါ။ အိမ်တစ်အိမ် တိုက်တစ်တိုက်ဆောက်ရင်
အနည်းဆုံး နှစ်ပေါင်း ၇၅ နှစ်လောက် သက်တမ်းရှိဖို့ လိုတယ်။ကျွန်တော်တို့ရဲ့မူဝါဒကိုကစိတ်ချမ်းသာစွာ နေထိုင်နိုင်ရေးကိုဦးတည်ထားတဲ့အတွက်စိတ်ချမ်းသာစွာ နေရမယ်ဆိုရင်ဘယ်စီမံကိန်းပဲဖြစ်ဖြစ် ကျွန်တော်တို့က သဘောတူပါတယ်" ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။


Credit: The Myanmar Times
လမ်းသစ်အိမ်ရာစီမံကိန်းအတွက် တင်ဒါခေါ်ယူ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service