ရန်ကင်းတွင် ယခုနှစ်အတွင်း စီးပွားရေးအချက်အချာ ဗဟိုနယ်မြေ ဖော်ထုတ်မည်

ရန်ကင်းတွင် ယခုနှစ်အတွင်း စီးပွားရေးအချက်အချာ ဗဟိုနယ်မြေ ဖော်ထုတ်မည် - Property News in Myanmar from iMyanmarHouse.com
14 Sep 2016 9:51 am တွင် တင်ခဲ့သည်
1869 ကြိမ် ကြည့်ရှု့ပြီး
စီးပွားရေးအချက်အချာ ဗဟိုနယ်မြေတစ်ခုကို ယခုနှစ်အ တွင်း စတင်ဖော်ထုတ်မည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ဒုတိယဌာန မှူး ဦးတိုးအောင်က ပြောသည်။

‘‘အခု ဖော်ဆောင်နေတဲ့ မရမ်းကုန်းက မင်းဓမ္မစီးပွားရေး အချက်အချာနယ်မြေလိုမျိုး ရန် ကင်းမှာ ဒီနှစ်အတွင်းစနိုင်အောင် လုပ်သွားဖို့ရှိတယ်’’ ဟု ဦးတိုး အောင်က ပြောသည်။

ရန်ကုန်မြို့တွင်း၌ စီးပွားရေး လုပ်ငန်းများ၊ဈေးဆိုင်များ၊ကုမ္ပဏီ ရုံးခန်းများ များပြားနေမှုကို ဖြေ လျှော့ရေး စီးပွးရေးအချက်အချာ နယ်မြေများ ဖော်ထုတ်ရန် နေရာ ငါးခုကို လတ်တလော ရည်ရွယ် ထားသည်ဟု ဆိုသည်။

လက်ရှိတွင် မရမ်းကုန်းမြို့ နယ် မင်းဓမ္မနယ်မြေ၌ ဒုတိယ စီး ပွားရေးအချက်အချာနယ်မြေကို တည်ဆောက်နေပြီး ၂၀၁၈ တွင် အပြီးသတ်တည်ဆောက်နိုင်ရန် ရည်ရွယ်ထားသည်။

တတိယမြောက် စီးပွားရေး အချက်အချာနယ်မြေအဖြစ် ဖော် ထုတ်မည့် ရန်ကင်းမြို့နယ်တွင် လက်ရှိ၌ ဗီယက်နမ်နိုင်ငံ၏ ရင်း နှီးမြှုပ်နှံမှုဖြစ်သော ဟောင်အင်းဂ ရီလာအဆင့်မြင့်စီးပွားရေး အ ဆောက်အအုံများ၊ ဟိုတယ်များ ဖွင့်လှစ်ထားပြီးဖြစ်ရာ စီးပွားရေး အချက်အချာနယ်မြေအဖြစ် ဖော် ထုတ်ရန် သင့်တော်သည်ဟု မြို့ပြ စီမံကိန်း ပညာရှင်များကအကြံပြု ထားကြပြီး ဆောက်လုပ်ရေးဝန် ကြီးဌာနနှင့် ဂျပန်အစိုးရတို့ ပူး ပေါင်းလုပ်ဆောင်နေသော စီမံ ကိန်းများလည်းရှိသည်။

စီးပွားရေးအချက်အချာနယ် မြေများကို လက်ရှိ၌ မရမ်းကုန်း မင်းဓမ္မတွင်ဖော်ထုတ်မည့် ရန်ကုန် မြို့၏ ဒုတိယမြောက် စီးပွားရေးအ ချက်အချာနယ်မြေနှင့် ဆက်စပ်မှု ရှိစေရန် Sub-Centre ငယ်လေး များအဖြစ် ထပ်မံဖော်ထုတ်ရန် စီ စဉ်ထားကြောင်း ဦးတိုးအောင်က ဆိုသည်။

Sub-Centre ဆိုသည်မှာ ပြဇာတ်ရုံများ၊ စီးပွားရေး အ ဆောက်အအုံများ၊ ရုံးခန်းများ၊ ရှော့ပင်းမောလ်များ၊ ရောင်းဝယ် ရေးလုပ်ငန်းများ လုပ်ကိုင်သည့် နေရာဖြစ်သည်။

အဆိုပါနယ်မြေများကို ထပ် မံပြီး ထောက်ကြန့်၊ မင်္ဂလာဒုံ၊လှိုင် သာယာကဲ့သို့ မြို့နယ်များတွင် လတ်တလောလျာထားပြီး လုပ် ကိုင်လိုသည့် လုပ်ငန်းရှင်များက မြေနေရာကို အဆိုပြု တင်ပြ လျှောက်ထားနိုင်ရန် စီစဉ်ပေး မည်ဟု ဦးတိုးအောင်က ပြော သည်။

ရန်ကုန်မြို့လယ်၌ စီးပွား ရေးအဆောက်အအုံများ၊ လူနေ အိမ်ရာများ၊ ရုံးလုပ်ငန်းများဖြင့် ကျပ်တည်းလာမှုကို ဖြေရှင်းရန် ၂၀၁၄ က မရမ်းကုန်းမြို့နယ် မင်း ဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့် ရှိ မြေ ၃၆ ဧကတွင် စီးပွားရေးအဆောက်အအုံများ အကောင်အထည်ဖော်ရန် The First Myanmar ဆောက်လုပ်ရေး ကုမ္ပဏီအား လုပ်ကိုင်ခွင့်ချထားပေးခဲ့သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service