အမေရိကန်ကုမ္ပဏီက ဒူဘိုင်းတွင် ကမ္ဘာ့အကြီးဆုံး ရိုလာကိုစတာ တည်ဆောက်မည်

အမေရိကန်ကုမ္ပဏီက ဒူဘိုင်းတွင် ကမ္ဘာ့အကြီးဆုံး ရိုလာကိုစတာ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
26 Aug 2016 11:07 am တွင် တင်ခဲ့သည်
1729 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်အခြေစိုက် Six Flags ကုမ္ပဏီသည် ဒူဘိုင်းတွင် ကမ္ဘာ့အကြီးဆုံး ရိုလာကိုစတာ တည်ဆောက်မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာလိုက်သည်ဟု အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လက်ရှိအားဖြင့် ကမ္ဘာ့အမြင့်ဆုံး ရိုလာကိုစတာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်တွင် တည်ရှိသော ကင်ဒါကာ ရိုလာကိုစတာဖြစ်ပြီး ၄၅၆ ပေ မြင့်မားကာ မြန်နှုန်းမှာ တစ်နာရီလျှင် ၁၂၈ မိုင်ဖြစ်သည်။

ကမ္ဘာ့အမြန်ဆုံး ရိုလာကိုစတာ ဖော်မြူလာရိုဆာသည် အဘူဒါဘီရှိ Ferrari World တွင် တည်ရှိပြီး မြန်နှုန်းမှာ တစ်နာရီလျှင် ၁၄၉ မိုင် ဖြစ်သည်။

“ဒူဘိုင်းမှာ တည်ဆောက်မယ့် အခုရိုလာကိုစတာဟာ ကမ္ဘာပေါ်မှာရှိတဲ့ ရိုလာကိုစတာအားလုံးထက် ပိုမိုကြီးမား၊ မြန်ဆန်၊ ကောင်းမွန်မှာ ဖြစ်ပါတယ်” ဟု Six Flags ကုမ္ပဏီမှ လက်ထောက်ဥက္ကဌ ဂျွန်အိုဒမ်က ပြောကြားသည်။

Six Flags ကုမ္ပဏီသည် နိုင်ငံတကာတွင် ရေပေါ်ပန်းခြံများ အဓိကတည်ဆောက်လျက်ရှိသည့် ကုမ္ပဏီဖြစ်သည်။

အဘူဒါဘီနှင့် ဒူဘိုင်းတို့သည် ကမ္ဘာ့ရေနံဈေးများ ကျဆင်းမှုကြောင့် စီးပွားရေးနှေးကွေးနေရာ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု မြှင့်တင်နိုင်ရေးအတွက် ရေပေါ်ပန်းခြံများ တည်ဆောက်ရန် အရှိန်ဟုန်မြှင့် ကြိုးပမ်းလာသည်။

Six Flags သည် မြောက်အမေရိကတွင် ရေပေါ်ပန်းခြံပေါင်း ၂၀ ခန့် ပိုင်ဆိုင်ထားပြီး ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်တွင်လည်း ရေပေါ်ပန်းခြံ ၂ ခုတည်ဆောက်ရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိကန်ကုမ္ပဏီက ဒူဘိုင်းတွင် ကမ္ဘာ့အကြီးဆုံး ရိုလာကိုစတာ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service