တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင်

တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
25 Aug 2016 10:34 am တွင် တင်ခဲ့သည်
1580 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၊ ဆုရှူးပြည်နယ်၊ ဒူရှူးရေကန်ကြီး၏ တောင်ဘက်ကမ်းခြေတွင်တည်ရှိသည့် နေအိမ်ကြီးတစ်လုံးသည် ခေါ်ဈေး ယွမ်ငွေ တစ်ဘီလီယံ (ကန်ဒေါ်လာ ၁၅၄ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာရာ တရုတ်တစ်ပြည်လုံးတွင် အမြင့်မားဆုံးအိမ်ဈေးအဖြစ် စံချိန်တင်ခဲ့ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်၏အမည်မှာ “တောက်ဟွာယွမ်” ဖြစ်ပြီး နိဗ္ဗာန်ဘုံဟု အဓိပ္ပာယ်ရသော်လည်း အများအခေါ်မှာ စာသံပေသံအဓိပ္ပာယ်ဖွင့်ချက်ဖြစ်သော မက်မွန်ပန်းတို့ပွင့်လန်းရာမြေဟုသာ ခေါ်ဆိုကြသည်။

နေအိမ်အတွင်းတွင် အိပ်ခန်းပေါင်း ၃၂ ခန်း၊ ရေချိုးခန်း ၃၂ ခန်းအထိပါဝင်သည်။

ယင်းနေအိမ်ကြီးကို ရောင်းချရန်တာဝန်ယူထားသော ဘေကျင်းဆောက်သ်ဘီလေလံအဖွဲ့၏ နိုင်ငံတကာအိမ်ခြံမြေအကျိုးဆောင်ဌာနမှ လက်ထောက်ဥက္ကဌ ဂျင်ဟာအိုက ပြောကြားရာတွင် “တရုတ်နိုင်ငံမှာ ကျွန်တော်တို့ကိုင်ထားတဲ့ အိမ်ခြံမြေအရောင်းစာရင်းမှာတော့ ဈေးအမြင့်ဆုံးဆိုတာထက်ကို ဒီအိမ်ဈေးက အများကြီးကျော်လွန်နေပါတယ်”ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် ရောင်းချခဲ့သော၊ ဈေးကွက်အတွင်းလက်ရှိရောက်နေသော တန်ဖိုးအကြီးဆုံးဟူသောနေအိမ်ပေါက်ဈေးမှာ ယခုအိမ်ဈေးအောက် ထက်ဝက်ခန့်သာရှိသည်။

(မှတ်ချက်။ အဆိုပါ နှိုင်းယှဉ်မှုတွင် ဟောင်ကောင်ရှိ အိမ်ဈေးနှုန်းများ မပါဝင်ချေ။ ဟောင်ကောင်တွင် မကြာသေးမီကပင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၂၇၀ ခန့်ဖြင့် ရောင်းချခဲ့သည်။)

အဆိုပါ နေအိမ်ကြီးသည် ရှေးဟောင်းနေအိမ်မဟုတ်ဘဲ မကြာသေးမီကမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၃၂ ခန်းလုံးမှာ တောင်ဘက်အရပ်သို့ မျက်နှာမူကာ ဆောက်လုပ်ထားခြင်းကြောင့် သဘာဝအလင်းရောင်ကို ကောင်းစွာရရှိသည်။

ယခုအခါတရုတ်ပြည်တွင်းတွင် ယင်းနေအိမ်ကြီး၏ ခေါ်ဈေးကို အစွဲပြု၍ “ယွမ်တစ်ဘီလီယံစံအိမ်”ဟု ရည်ညွှန်းခေါ်ဆိုလျက်ရှိကြသည်။

ဆုရှူးပြည်နယ်ရှိ ကိုယ်ပိုင်ပန်းဥယျာဉ်များသည် ရှေးဟောင်းသမိုင်းဝင်များဖြစ်ကြပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် အသိအမှတ်ပြုခံထားရသည်။

ယခုနေအိမ်ကြီးမှာ ပန်းဥယျာဉ်အသွင် ဆောက်လုပ်ထားသောနေအိမ်ကြီးဖြစ်ပြီး ၃ နှစ်ကြာအချိန်ယူဆောက်လုပ်ခဲ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service