တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
1582 Views

တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင်

တရုတ်နိုင်ငံ၊ ဆုရှူးပြည်နယ်၊ ဒူရှူးရေကန်ကြီး၏ တောင်ဘက်ကမ်းခြေတွင်တည်ရှိသည့် နေအိမ်ကြီးတစ်လုံးသည် ခေါ်ဈေး ယွမ်ငွေ တစ်ဘီလီယံ (ကန်ဒေါ်လာ ၁၅၄ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာရာ တရုတ်တစ်ပြည်လုံးတွင် အမြင့်မားဆုံးအိမ်ဈေးအဖြစ် စံချိန်တင်ခဲ့ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်၏အမည်မှာ “တောက်ဟွာယွမ်” ဖြစ်ပြီး နိဗ္ဗာန်ဘုံဟု အဓိပ္ပာယ်ရသော်လည်း အများအခေါ်မှာ စာသံပေသံအဓိပ္ပာယ်ဖွင့်ချက်ဖြစ်သော မက်မွန်ပန်းတို့ပွင့်လန်းရာမြေဟုသာ ခေါ်ဆိုကြသည်။

နေအိမ်အတွင်းတွင် အိပ်ခန်းပေါင်း ၃၂ ခန်း၊ ရေချိုးခန်း ၃၂ ခန်းအထိပါဝင်သည်။

ယင်းနေအိမ်ကြီးကို ရောင်းချရန်တာဝန်ယူထားသော ဘေကျင်းဆောက်သ်ဘီလေလံအဖွဲ့၏ နိုင်ငံတကာအိမ်ခြံမြေအကျိုးဆောင်ဌာနမှ လက်ထောက်ဥက္ကဌ ဂျင်ဟာအိုက ပြောကြားရာတွင် “တရုတ်နိုင်ငံမှာ ကျွန်တော်တို့ကိုင်ထားတဲ့ အိမ်ခြံမြေအရောင်းစာရင်းမှာတော့ ဈေးအမြင့်ဆုံးဆိုတာထက်ကို ဒီအိမ်ဈေးက အများကြီးကျော်လွန်နေပါတယ်”ဟု ဆိုသည်။

တရုတ်နိုင်ငံတွင် ရောင်းချခဲ့သော၊ ဈေးကွက်အတွင်းလက်ရှိရောက်နေသော တန်ဖိုးအကြီးဆုံးဟူသောနေအိမ်ပေါက်ဈေးမှာ ယခုအိမ်ဈေးအောက် ထက်ဝက်ခန့်သာရှိသည်။

(မှတ်ချက်။ အဆိုပါ နှိုင်းယှဉ်မှုတွင် ဟောင်ကောင်ရှိ အိမ်ဈေးနှုန်းများ မပါဝင်ချေ။ ဟောင်ကောင်တွင် မကြာသေးမီကပင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၂၇၀ ခန့်ဖြင့် ရောင်းချခဲ့သည်။)

အဆိုပါ နေအိမ်ကြီးသည် ရှေးဟောင်းနေအိမ်မဟုတ်ဘဲ မကြာသေးမီကမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၃၂ ခန်းလုံးမှာ တောင်ဘက်အရပ်သို့ မျက်နှာမူကာ ဆောက်လုပ်ထားခြင်းကြောင့် သဘာဝအလင်းရောင်ကို ကောင်းစွာရရှိသည်။

ယခုအခါတရုတ်ပြည်တွင်းတွင် ယင်းနေအိမ်ကြီး၏ ခေါ်ဈေးကို အစွဲပြု၍ “ယွမ်တစ်ဘီလီယံစံအိမ်”ဟု ရည်ညွှန်းခေါ်ဆိုလျက်ရှိကြသည်။

ဆုရှူးပြည်နယ်ရှိ ကိုယ်ပိုင်ပန်းဥယျာဉ်များသည် ရှေးဟောင်းသမိုင်းဝင်များဖြစ်ကြပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် အသိအမှတ်ပြုခံထားရသည်။

ယခုနေအိမ်ကြီးမှာ ပန်းဥယျာဉ်အသွင် ဆောက်လုပ်ထားသောနေအိမ်ကြီးဖြစ်ပြီး ၃ နှစ်ကြာအချိန်ယူဆောက်လုပ်ခဲ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com
တရုတ်ပြည်တွင် နိဗ္ဗာန်ဘုံဟုအမည်ရသည့် နေအိမ်ကြီး ယွမ်ငွေ ၁ ဘီလီယံဖြင့် အရောင်းဈေးကွက်ဝင်လာရာ တစ်ပြည်လုံးတွင် အမြင့်မားဆုံးဈေးနှုန်းအဖြစ်စံချိန်တင် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service