အီဂျစ်တွင် အောက်တိုဘာ ၆ အမည်ရှိ မြို့သစ်တစ်ခုကို ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး အကုန်အကျခံကာ တည်ဆောက်

အီဂျစ်တွင် အောက်တိုဘာ ၆ အမည်ရှိ မြို့သစ်တစ်ခုကို ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး အကုန်အကျခံကာ တည်ဆောက် - Property News in Myanmar from iMyanmarHouse.com
24 Aug 2016 10:08 am တွင် တင်ခဲ့သည်
914 ကြိမ် ကြည့်ရှု့ပြီး
အီဂျစ်နိုင်ငံ၏ မြို့ပြသစ်အသိုက်အ၀န်းအာဏာပိုင်အဖွဲ့ (NUCA) သည် အောက်တိုဘာ ၆ အမည်ရှိ မြို့သစ်တစ်ခုကို အီဂျစ်ငွေ ၁၆ ဘီလီယံ (ကန်ဒေါ်လာ ၂ ဘီလီယံနီးပါး) အကုန်အကျခံကာ တည်ဆောက်လျက်ရှိကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယင်းမြို့သစ်၏ အမည်မှာ များစွာအဓိပ္ပာယ်ရှိပြီး နိုင်ငံရေးရည်ရွယ်ချက်များ ပါဝင်နေသည်။
၁၉၇၃ ခုနှစ် အောက်တိုဘာ ၆ ရက်တွင် အီဂျစ်နှင့် အစ္စရေးတို့ ထိပ်တိုက်တွေ့ကာ စစ်ဖြစ်ခဲ့ကြပြီး ယင်းကို ယုန်ကစ်ပူးစစ်ပွဲဟုလည်း ခေါ်ကြသည်။

အီဂျစ်ဗိုလ်ချုပ်ကြီး ဟို့စ်နီမူဘာရက် (နောင်အခါသမ္မတ) ဦးဆောင်သော အီဂျစ်တပ်များသည် စူးအက်တူးမြောင်းတစ်ဘက်ကမ်းတွင် တပ်စွဲကြပြီး အခြားဘက်ကမ်း ဆိုင်းနိုင်းကျွန်းဆွယ်တွင် အစ္စရေးတပ်များက တပ်စွဲကာ စစ်ဖြစ်ပွားခဲ့ပြီး ယင်းစစ်ပွဲတွင် အစ္စရေးတို့ အနိုင်ရရှိခဲ့သည်။

အဆိုပါစီမံကိန်းတွင် နေအိမ်ခန်းပေါင်း ၁၁၆၀၀၀ ပါဝင်မည်ဖြစ်ပြီး အလယ်အလတ်တန်း ၀င်ငွေရှိသူတို့အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

မြို့သစ်အတွင်း စာသင်ကျောင်း ၄ ခု၊ ဆေးခန်း ၄ ခု၊ လူမှုဝန်ဆောင်မှုဆိုင်ရာဌာန ၄ ခု၊ ပွဲလမ်းကျင်းပရာခန်းမတစ်ခု၊ ကစားကွင်းတစ်ခု၊ ဆေးရုံတစ်ခု၊ ယာဉ်ရပ်နားရာနေရာများ၊ ရဲစခန်း ၂ ခုနှင့် ဈေးတစ်ခု ပါဝင်သည်။

ယခုအခါ မြို့သစ်၏ ပင်မလမ်းမကြီးများကို ဖောက်လုပ်လျက်ရှိနေရာ ဘဟာရီယာအိုအေစစ်လမ်းမနှင့် တောင်ဘက်ဒါရှောလမ်းမကြီးတို့ ပါဝင်သည်ဟုဆိုသည်။

မြို့သစ်အတွင်း လမ်းများ ဖောက်လုပ်ခြင်းအတွက်ပင်လျှင် အီဂျစ်ငွေ ၂ ဒသမ ၁ ဘီလီယံခန့် ကုန်ကျဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

“ အောက်တိုဘာ ၆ ရက်မြို့ကြီးထဲမှာ ဆောက်လုပ်နေတဲ့ ရေသန့်စက်ရုံဟာ တစ်နေ့ကို ကုဗမီတာ ၄၀၀၀၀၀ လောက် သန့်စင်ပေးနိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ လာမယ့်၂၀၁၈ ခုနှစ်မှာ လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်”ဟု အိုးအိမ်ဝန်ကြီး မွတ်စတာဖာ မက်ဒ်ဘူလီက ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service