ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ ဆောက်ကြပြီလား

ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ ဆောက်ကြပြီလား - Property News in Myanmar from iMyanmarHouse.com
16 Aug 2016 10:53 am တွင် တင်ခဲ့သည်
3158 ကြိမ် ကြည့်ရှု့ပြီး
ကြိုတင်ခန့်မှန်းလို့မရ တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာ ငလျင်ပါဝင်ပါတယ်။ သိပ်မကြာသေးမီကပဲ ဘူမိဗေဒ အဖွဲ့တစ်ဖွဲ့က မြန်မာအပါအ၀င် အိန္ဒိယနိုင်ငံမှာ ငလျင်ကြီးတစ်ခုလှုပ်ခတ်နိုင်ခြေရှိကြောင်း သတိပေးလိုက်ပါတယ်။ ရန်ကုန်အပါအ၀င် လူဦးရေထူထပ်တဲ့ မြို့တွေဟာ ငလျင်လှုပ်ခတ်ခဲ့ရင် ထိခိုက် ဆုံးရှုံးနိုင်ခြေပိုများတာမို့ ပေါ့ဆမနေသင့်ပါဘူး။

အခုနှစ်ထဲမှာ ပြန်ကြည့်ရင် ရန်ကုန်မြို့မှာ ဇန်န၀ါရီ ၄ ရက်၊ ဇန်န၀ါရီ ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက်နဲ့ ဧပြီ ၁၃ ရက်တို့မှာ ငလျင်လှုပ်ခတ်မှုတွေ ဖြစ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီအထဲကမှ ဧပြီ ၁၃ ရက်နေ့ညက လှုပ်ခတ်ခဲ့ တဲ့ ငလျင်ဟာ ရန်ကုန်အပါအ၀င် မြို့တော်တော်များများမှာ သက် ရောက်မှုရှိခဲ့ပြီး ရစ်ခ်ျတာစကေး ၈ အထက်ရှိခဲ့ပါတယ်။ ၂၀၁၂ နိုဝင်ဘာလတုန်းကလည်း မန္တလေး နဲ့ စစ်ကိုင်းတိုင်းတို့မှာ ငလျင် လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အ များအပြား ရှိခဲ့တာပါ။

ဒီနေရာမှာ ပြောစရာရှိတာ က ရန်ကုန်မြို့မှာရှိတဲ့ တိုက်ခန်း တွေဟာ ငလျင်ဒဏ်ကို ခံနိုင် အောင် တည်ဆောက်ထားသလား ဆိုတာပါပဲ။ ကန်ထရိုက်တိုက်ခန်း အများစုဟာ လေ၀င်လေထွက်မ ကောင်းရုံသာမက အရည်အသွေး ပိုင်းမှာ ညံ့ဖျင်းလွန်းပါတယ်။ ကျွန်မကိုယ်တိုင် တိုက်ခန်းတွေမှာ ငှားရမ်းနေထိုင်သူဖြစ်လို့ ဘိလပ် မြေနည်းနည်း၊ သဲများများ အက် ကြောင်းထနေတဲ့ တိုက်ခန်းတွေ ကို လက်တွေ့မြင်ခဲ့သူပါ။

ဆောက်လုပ်ထားတာ ၂ နှစ် တောင်မရှိသေးတဲ့ တိုက်ခန်းနံရံ မှာ ထင်ထင်ရှားရှားပေါ်လာတဲ့ အက်ကြောင်းတွေရှိနေတဲ့ တိုက် ခန်းဟာ အားပြင်းတဲ့ငလျင်ဒဏ် ကို ဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ စင်ကာပူနိုင်ငံမှာ နှစ်အတော်ကြာ အလုပ်လုပ်လာ ခဲ့တဲ့ ဘူမိဗေဒ ပညာရှင်တစ် ယောက်က ရန်ကုန်ကကန်ထရိုက် တိုက်တွေဆောက်ရာမှာ မြေသား စစ်ဆေးမှု (Soil Test) ကို သေချာ မလုပ်ဘူးလို့ ပြောပြဖူးပါတယ်။

ဖောင်ဒေးရှင်းနက်နက်ချမ ထားရင် ငလျင်လှုပ်တဲ့အခါ အ လွယ်တကူ ပြိုကျနိုင်သလို မပြို ရင်တောင်မှ တိုက်က စောင်းသွား နိုင်ပါတယ်။ ၂၀၁၄ သြဂုတ်တုန်း က ငလျင်လှုပ်ခတ်ခဲ့ရာမှာ ရစ်ခ်ျ တာစကေး ၄ ပဲရှိပေမယ့် သင်္ဃန်း ကျွန်းမြို့နယ်က လူနေထိုင်ခွင့် (BCC) မကျသေးတဲ့ ကန်ထရိုက် တိုက်တစ်လုံး စောင်းသွားတဲ့ သတင်းကို မှတ်မိနေပါသေး တယ်။ ဒါကြောင့် တိုက်ခန်းတွေရဲ့ ကြံ့ခိုင်မှု၊ ငလျင်ဒဏ်ခံနိုင်ရည်ရှိမှု ဟာ နေထိုင်သူတွေအတွက် အ သက်တမျှ အရေးကြီးတာ ငြင်း မရပါဘူး။

အထပ်မြင့်အဆောက်အအုံ တွေ ဆောက်လုပ်ခွင့်ကို ပြန် လည်စိစစ်နေတဲ့အပေါ် ဝေဖန်သံ အမျိုးမျိုးထွက်ပေါ်နေပါတယ်။ ကျွန်မအမြင်အရ အခုလိုစိစစ်မှု ဟာ မဖြစ်မနေလုပ်ကိုလုပ်ရမယ့် ကိစ္စပါ။ ကြော်ငြာအားများများ သုံး တိုက်ခန်းတွေရောင်းချပြီးမှ စံချိန်စံညွှန်းမမီရင် နေထိုင်သူ တွေပဲ ဒုက္ခတွေ့ရမှာဖြစ်ပါတယ်။ ဗဟန်းမြို့နယ်ထဲက နာမည်ကြီး ကွန်ဒိုတစ်ခုဆိုရင် မိုးရွာပြီးတိုင်း လှေကားမှာ မိုးရေတွေရွှဲနေတာ၊ ဓာတ်လှေကားပျက်တဲ့အခါ ပျက် နေတာ တွေ့ဖူးပါတယ်။ ‘အစ ကောင်းမှ အနှောင်းသေချာ’ဆိုတဲ့ စကားအတိုင်း မဆောက်ခင်က တည်းက အစစအရာရာ ထည့် သွင်းတွက်ချက်ဆောက်လုပ်မှ သာ ဘေးကင်းမှာဖြစ်ပါတယ်။

သမိုင်းမှတ်တမ်းတွေအရ ၁၉၃၀ ပြည့်နှစ် မေလထဲမှာပဲခူး ငလျင်ကြီးလှုပ်ခတ်ခဲ့တာပါ။ ရစ်ခ်ျ တာစကေး ၇ ဒသမ ၃ ရှိတဲ့ အဲဒီ ငလျင်ကြောင့် ပဲခူးအပြင်ရန်ကုန် မြို့အပေါ် သက်ရောက်မှုကြီးမား ခဲ့ပြီး ရန်ကုန်မှာ လူ ငါးရာကျော် အထိ အသက်ဆုံးရှုံးခဲ့ရတဲ့ သာဓ ကရှိပါတယ်။ မြန်မာနိုင်ငံမှာ စစ် ကိုင်းပြတ်ရွေ့ဟာ အရှည်လျား ဆုံးပြတ်ရွေ့ဖြစ်ပြီး ကဘော်ပြတ် ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ဒေးဒရဲပြတ်ရွေ့.... စသဖြင့် ပြတ် ရွေ့တွေရှိတာမို့ ငလျင်ဒဏ်ကို အချိန်မရွေး သတိပြုရမယ့် အနေ အထားပါ။

ဒါကြောင့် ရစ်ခ်ျတာစကေး ၈ အထိ အနည်းဆုံးခံနိုင်ရည်ရှိ တဲ့ အဆောက်အအုံတွေကို ရန်ကုန်အပါအ၀င် လူဦးရေ ထူ ထပ်တဲ့မြို့တွေမှာ ဆောက်လုပ်ရ မှာဖြစ်ပါတယ်။ ကိုယ့်အကျိုးစီး ပွားတစ်ခုတည်း ကွက်ကွက်ကိုပဲ ရှေးရှုပြီး ဆောက်ချင်တိုင်း ဆောက်လုပ်တာကို လုံးဝခွင့်မပြု သင့်ပါဘူး။ ကြုံကြိုက်လို့ ပြောပြ ရရင် ခွင့်ပြုချက်မဲ့ ဆောက်လုပ် ထားတဲ့ တိုက်ခန်းတစ်ခုမှာ ရှစ်လ ခန့် ကျွန်မတို့နေထိုင်ခဲ့ဖူးပါတယ်။

လှိုင်မြို့နယ် (၁)ရပ်ကွက် မှာရှိတဲ့ ကန်ထရိုက်တိုက်ခန်းမှာ လှေကားလက်ရန်းတွေတောင် တပ်ဆင်ထားခြင်းမရှိပါဘူး။ ဖြစ် ပုံက ပထမငှားရမ်းတဲ့ တိုက်ခန်း ကို အရောင်းအ၀ယ်ဖြစ်သွားတာ ကြောင့် အိမ်ရှင်က နောက်အခန်း ပြောင်းပေးလိုက်တာပါ။ လက် ရန်းတွေ ဘယ်တော့တပ်မှာလဲလို့ ကျွန်မက ပွဲစားကိုမေးတဲ့အခါ နောက်တစ်လ၊ နှစ်လအတွင်းမှာ တပ်မယ်ဆိုပဲ။ ဒါပေမဲ့ ကျွန်မတို့ ပြောင်းတဲ့အထိ လက်ရန်းမရှိတဲ့ လှေကားကိုပဲ ပြုတ်မကျအောင် သတိထားတက်ခဲ့ရတာပါ။ တိုက် ခန်းနံရံတွေဟာ ပါးလွှာလွှန်းတဲ့ အတွက် လက်သည်းနဲ့ခြစ်ကြည့် ရင်တောင် သဲမှုန်တွေကပ်ပါလာ ပါတယ်။ အဲဒီလို တိုက်ခန်းမျိုး ဟာ ငလျင်ခပ်ပြင်းပြင်းလှုပ်ရင် ပြိုကျမယ်ဆိုတာ အထူးပြောစရာ တောင် မလိုပါဘူး။

ငလျင်လှုပ်ခတ်တဲ့အခါ စီမံ ခန့်ခွဲမှု နိုင်နင်းတဲ့နိုင်ငံနဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ နိုင်ငံတွေကြား သက် ရောက်မှုအပိုင်းမှာ ကွာခြားမှုတွေ ရှိနေပါတယ်။ ဂျပန်လို မကြာ ခဏငလျင်လှုပ်တတ်တဲ့ နိုင်ငံမှာ အဆောက်အအုံတွေကိုအထူး ကြံ့ခိုင်အောင်တည်ဆောက်ထား သလို ပညာပေးမှုတွေ၊ ဆောင် ရန်၊ ရှောင်ရန်တွေကို ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်ထားပါတယ်။ ‘ဟေတီ’လို အာဏာရှင်အစိုးရ အုပ်ချုပ်တဲ့ နိုင်ငံမှာတော့ ငလျင် ကြီးတစ်ခု လှုပ်ခတ်ခဲ့ရာမှာ လူ သိန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပါ တယ်။

ကျွန်မတို့နိုင်ငံရဲ့ လက်ရှိ အနေအထားကိုကြည့်ရင် ငလျင် နဲ့ ပတ်သက်ပြီး လူထုကြား ပညာ ပေးမှုတွေ နည်းပါးနေပါသေး တယ်။ ငလျင်တိုင်းစက်တွေကို လည်း လုံလုံလောက်လောက်တပ် ဆင်နိုင်ခြင်းမရှိသေးပါဘူး။ ဖြစ် သင့်တာက တစ်ဖက်က အ ဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို သေသေချာချာ ကြပ်မတ်သင့် သလို တစ်ဖက်က ပညာပေးမှု တွေကို ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ သတင်းစာတွေကနေ ပြုလုပ်ပေး သင့်ပါတယ်။ အစစအရာရာ ဖွံ့ ဖြိုးမှုနောက်ကျနေဆဲ နိုင်ငံတစ် နိုင်ငံမှာ ငလျင်လို သဘာဝဘေး ကျရောက်ခဲ့ရင် ဖွံ့ဖြိုးမှုဆီသွားရာ လမ်းမှာ အဟန့်အတားဖြစ်နိုင် တာ ထည့်သွင်းစဉ်းစားရပါလိမ့် မယ်။

တကယ်လို့ ငလျင်တိုင်းစက် တွေ လုံလုံလောက်လောက် တပ် ဆင်ထားမယ်၊ ပညာပေးမှုတွေ ပြုလုပ်ထားမယ်၊ အဆောက် အအုံတွေရဲ့ ကြံ့ခိုင်မှု စိတ်ချရ မယ်ဆိုရင် ငလျင်လှုပ်ခတ်ခဲ့ရင် တောင်မှ ပျက်စီးဆုံးရှုံးမှုနည်းပါး မှာပါ။ ၂၀၁၅ ဧပြီထဲမှာနီပေါနိုင်ငံ မှာ ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ရာမှာ လူ ပေါင်းတစ်သောင်းခန့် အသက် ဆုံးရှုံးခဲ့ရတာပါ။ အကြောင်းရင်း တွေကို ဆန်းစစ်ကြည့်တော့ပညာ ရှင်တွေ သတိပေးနေတဲ့ကြားက စံချိန်မမီတဲ့အဆောက်အအုံတွေ ကို စစ်ဆေးမှုမပြုလုပ်ခဲ့လို့ဆိုတဲ့ အဖြေ ထွက်လာပါတယ်။

ငလျင်ဆိုတာ ဘယ်အချိန် မှာ လှုပ်ခတ်မယ်လို့ ကြိုတင်ခန့် မှန်းလို့မရပေမယ့် အထိအခိုက်၊ အပျက်အစီးနည်းအောင် ကြိုတင် စီမံလို့ရပါတယ်။ ဒါကြောင့် ပြည် သူတွေ သိသင့်သိထိုက်တာကို ပညာပေးဖို့လိုသလို ကြံ့ခိုင်မှုရှိတဲ့ အဆောက်အအုံတွေမှာ နေထိုင် နိုင်တဲ့ အခွင့်အရေး ဖန်တီးပေးဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း ပါ။

Credit: 7DayDaily
ငလျင်ဒဏ်ခံနိုင်တဲ့ အဆောက်အအုံတွေ ဆောက်ကြပြီလား - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service