ကမ္ဘာ့နံပါတ် (၇) အချမ်းသာဆုံးအိမ်ခြံမြေလုပ်ငန်းရှင် ဂျရတ်ကာဗင်ဒစ်ရှ် ဂရော့စ်ဗန်နာ ကွယ်လွန်

ကမ္ဘာ့နံပါတ် (၇) အချမ်းသာဆုံးအိမ်ခြံမြေလုပ်ငန်းရှင် ဂျရတ်ကာဗင်ဒစ်ရှ် ဂရော့စ်ဗန်နာ ကွယ်လွန် - Property News in Myanmar from iMyanmarHouse.com
15 Aug 2016 10:15 am တွင် တင်ခဲ့သည်
929 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၆ ခုနှစ်၏ ကမ္ဘာ့အချမ်းသာဆုံးအိမ်ခြံမြေလုပ်ငန်းရှင်ဘီလျံနာ ၁၀ ဦးတွင် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၃ ဘီလျံဖြင့် နံပါတ် ၇ နေရာ၌ ဖော်ပြခံခဲ့ရသည့် ဗြိတိန်နိုင်ငံသား အသက်၆၄ နှစ်ရှိ ၀က်စ်မင်စတာမြို့စားဟောင်း ဂျရတ်ကာဗင်ဒစ်ရှ် ဂရော့စ်ဗန်နာသည် သြဂုတ်လ၉ ရက်တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။

သူ၏ မြေဧကရာပေါင်းများစွာ၊ အိမ်များစွာအပါအ၀င် ပေါင် ၉ ဒသမ ၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ) ပိုင်ဆိုင်မှုနှင့် ပေါင် ၁၃ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၇ သန်းနီးပါး)တန်ကြေးရှိ ဗြိတိန်အခြေစိုက် ဂရော့စ်ဗန်နာအိမ်ခြံမြေလုပ်ငန်းစုတို့ကိုသာမက ၀က်စ်မင်စတာမြို့စားဘွဲ့ကိုပါ သားဖြစ်သူ အသက် ၂၅ နှစ်ရှိ ဟျုဂ်ျဂရော့စ်ဗန်နာက အမွေရရှိခဲ့သည်။

အိမ်ထောင်မရှိသေးသော မြို့စားသစ်လေးသည် ယခုအခါ ဘလွန်းဘတ်ဝက်ဘ်ဆိုက်ဒ်၏ဘီလျံနာညွှန်းကိန်းအရ ဖော်ပြခံရသော ကမ္ဘာ့အချမ်းသားဆုံးပုဂ္ဂိုလ် ၄၀၀ တွင် အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။

Grosvenor Group (ဂရော့စ်ဗန်နာလုပ်ငန်းစု)သည် ဗြိတိန်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊သြစတြေးလျနိုင်ငံ၊ အမေရိကနိုင်ငံများ၊ ဥရောပနိုင်ငံများနှင့် အာရှပစိဖိတ်နိုင်ငံများတွင်အိမ်ခြံမြေဆိုင်ရာ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တိုက်ရိုက်သာမက သွယ်ဝိုက်သောနည်းလမ်းများဖြင့်လည်း လုပ်ကိုင်သည်။ ၎င်းလုပ်ငန်းစုကိုဝက်စ်မင်စတာမြို့စားနှင့် ယင်းမြို့စား၏မိသားစုတို့က အစဉ်အဆက်ပိုင်ဆိုင်လာခဲ့ခြင်းဖြစ်သည်။ လန်ဒန်တွင် ယင်းလုပ်ငန်းပေါ်ပေါက်ခဲ့သည်မှာ ရှေးယခင်နှစ်များကတည်းကကြာမြင့်ခဲ့ပြီဖြစ်ပြီး နိုင်ငံတကာသို့ ဈေးကွက်ချဲ့ထွင်မှုကို ၁၉၅၀ ပြည့်လွန်နှစ်များက အစပြုခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာ့နံပါတ် (၇) အချမ်းသာဆုံးအိမ်ခြံမြေလုပ်ငန်းရှင် ဂျရတ်ကာဗင်ဒစ်ရှ် ဂရော့စ်ဗန်နာ ကွယ်လွန် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service