သင့်ရင်ထဲကို အရောက် စီးမျောလာမယ့် အိမ်ခြံမြေရသလှေ

သင့်ရင်ထဲကို အရောက် စီးမျောလာမယ့် အိမ်ခြံမြေရသလှေ - Property News in Myanmar from iMyanmarHouse.com
21 Jul 2016 11:15 am တွင် တင်ခဲ့သည်
2544 ကြိမ် ကြည့်ရှု့ပြီး
" ကမ္ဘာခြားပါစေလေ”

တစ်ခါက အမေရိကန် ရွာတစ်ရွာတွင် တစ်ဦးတည်းအထီးကျန်စွာ နေထိုင်ရလျက်ရှိသော အဘိုးအိုတစ်ဦးရှိလေသည်။
အဘိုးအိုက သူ၏ ယာကွက်ကလေးတွင် အာလူးစိုက်လိုနေပြီး တူးဆွထွန်ယက်ရန်မှာ သက်ကြီးရွယ်အိုတစ်ဦးအတွက် မလွယ်ကူသောကြောင့် လက်မှိုင်ချနေရရှာသည်။

သူ၏ ယာခင်းကလေးကို ထွန်ယက်ပေးလေ့ရှိသည့် တစ်ဦးတည်းသောသားမှာ ထောင်ကျနေ၏။
အဘိုးအိုက ယာခင်းလေး မထွန်ယက်နိုင်သည့်အကြောင်းကို ထောင်တွင်းကသားထံ စာရေးကာ ရင်ဖွင့်၏။
စာအတွင်းတွင် ရေးသားထားသည်မှာ…
သားရေ…ဒီနှစ်တော့ အဖေ့အာလူးခင်းလေး စိုက်နိုင်တော့မယ် မထင်ဘူး… အဖေ့ရင်ထဲမှာ မကောင်းဘူးသားရယ်….
ဒီစိုက်ခင်းလေးကို မစိုက်မပျိုးဘဲ ထားရတဲ့အဖြစ်မျိုး အဖေ မခံစားနိုင်ဘူး……ဘာလို့လဲဆို သားအမေက ဒီလိုစိုက်တဲ့ပျိုးတဲ့အချိန်မျိုးကို အရမ်းသဘောကျတာ မဟုတ်လား….ယာကွက်ကို အဖေကိုယ်တိုင် တူးဖို့ဆွဖို့ဆိုတာကလည်း အဖေက အိုကြီးအိုမ ဖြစ်နေပြီလေ….သားသာရှိရင် အဖေဒီလိုဒုက္ခမျိုး ကြုံရမှာ မဟုတ်ဘူး….သားသာ ထောင်မကျရင် အဖေ့ကို ထွန်ယက်ပေးမှာပဲဆိုတာ အဖေသိတယ်….
ဟု ရေးသားထားသည်မှာ အလွန်ရင်နင့်ဖွယ်ကောင်းလှလေသည်။

ထိုစာပေးပြီး မကြာမီတွင်ပင် သားဖြစ်သူထံမှ သံကြိုးစာတစ်စောင် ရောက်ရှိလာလေသည်။
သံကြိုးစာထဲတွင် ရေးသားထားသည်မှာ…
“ဘုရားဘုရား!!!! အဖေ…ယာကွက်ကို သွားမတူးနဲ့နော်…အဲဒီမှာ သား သေနတ်တွေ မြှုပ်ထားတယ်”
နောက်တစ်နေ့ နံနက် လင်းအားကြီးအချိန်တွင် အက်ဖ်ဘီအိုင်မှ အရာရှိများနှင့် ဒေသခံ ရဲတပ်ဖွဲ့ဝင်အများအပြား ရောက်လာကာ အဘိုးအို၏ ယာကွက်တစ်ခုလုံးကို တူးဆွ ရှာဖွေကြတော့သည်။

ယာကွက်တစ်ခုလုံးကို တူးကာရှာကြသော်လည်း အပ်တိုတစ်ချောင်းပင် မတွေ့ကြချေ။
အဘိုးအိုလည်း စိတ်နှလုံးပူပင်သောကရောက်ကာ ရဲတပ်ဖွဲ့ဝင်များ လာရောက်ရှာဖွေကြပုံများကို သားဖြစ်သူထံ စာရေးပြောပြကာ မည်သို့ ဆက်လုပ်ရမည်ကို မေး၏။

သားဖြစ်သူက ပြန်လည်စာရေးသားပေးပို့ရာတွင်..
“ဆက်လုပ်တော့ အဖေ…အဖေ့အာလူးခင်းကို စစိုက်လို့ရပြီ….ဒါ..အဖေ့ကို ကျွန်တော် ထောင်ထဲကနေ အကောင်းဆုံး လုပ်ပေးနိုင်တာပါပဲ”ဟု ဖြစ်လေသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
သင့်ရင်ထဲကို အရောက် စီးမျောလာမယ့် အိမ်ခြံမြေရသလှေ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service