အထပ်မြင့်များ စိစစ်နေ၍ ကွန်ဒိုအရောင်းသာမက အငှားပါ အေး

အထပ်မြင့်များ စိစစ်နေ၍ ကွန်ဒိုအရောင်းသာမက အငှားပါ အေး - Property News in Myanmar from iMyanmarHouse.com
20 Jul 2016 11:02 am တွင် တင်ခဲ့သည်
1199 ကြိမ် ကြည့်ရှု့ပြီး
အထပ်မြင့်အဆောက် အအုံများ စည်းကမ်းချက်နှင့်မညီ ခြင်းကြောင့် တိုင်းဒေသကြီး အစိုး ရက စိစစ်မှု ပြုလုပ်နေချိန်တွင် ရန်ကုန် အိမ်ခြံမြေဈေးကွက်၌ တိုက်ခန်း၊ ကွန်ဒိုများ အရောင်းအ ဝယ်ရပ်လုနီးပါး ဖြစ်နေသည်ဟု အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။

ရန်ကုန်အိမ်ခြံမြေဈေးကွက် တွင် တိုက်ခန်းနှင့် ကွန်ဒိုအရောင်း အဝယ်သည် ကြိုပွိုင့်စနစ် ဈေး ကွက်မရှိခြင်းကြောင့် ၂၀၁၅ နှစ် လယ်ပိုင်းမှစ၍ အရောင်းအဝယ် အေးခဲ့သည်။

လက်ရှိ အစိုးရသည် မေလ ၂၀ ရက်မှစ၍ ၁၃ ထပ်နှင့် အထက် အဆောက်အအုံများကို စည်းကမ်းချက်နှင့် မကိုက်ညီသဖြင့် တည်ဆောက်မှုများရပ်နား ပြီး ပြန်လည်စိစစ်ချိန်တွင် တိုက်ခန်းနှင့် ကွန်ဒိုအရောင်းအဝယ်မှာ ရပ်တန့်လုနီးပါး ဖြစ်လာကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

‘‘ဒီတစ်ခါ တိုက်ခန်း၊ ကွန်ဒို ဈေးကွက်က အရောင်းအဝယ် သာမဟုတ်ဘူး။ အငှားဈေးကွက် လည်း အတော်အေးသွားတယ်’’ ဟု ဦးသန်းဦးက ပြောကြားသည်။

ကွန်ဒိုဥပဒေ အတည်ပြုပြီး နောက် ရန်ကုန်မြို့၏ တိုက်ခန်း၊ ကွန်ဒိုဈေးကွက် ကောင်းလာမည် ဟု မျှော်လင့်ထားသော်လည်း လက်ရှိတွင် အထပ်မြင့်များကို ပြန်လည်စိစစ်စစ်ဆေးမှုများကြောင့် ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှ ပိုင်ရှင်ဦးစိုင်းခွန်နောင် က ပြောသည်။

တိုက်ခန်း၊ ကွန်ဒိုများ အ ရောင်းအဝယ် အေးသကဲ့သို့ ဈေး နှုန်းများလည်း ကျဆင်းလာကြောင်း အကျိုးဆောင်များထံမှ သိရသည်။

တိုက်ခန်း၊ ကွန်ဒိုများကို မူလဈေးထက် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းလျှော့ပြီး ရောင်းချသော်လည်း ဝယ်ယူသူမရှိသဖြင့် ရောင်းချသူများ အခက်အခဲဖြစ်နေကြောင်း Three Friend ဆောက်လုပ်ရေးမှ ဒါရိုက်တာ ဦးကိုကိုလေးက ပြောကြားသည်။

တိုက်ခန်း၊ ကွန်ဒိုများ အ ရောင်းအဝယ်ရပ်တန့်လုဖြစ်နေ သကဲ့သို့ ရန်ကုန် အိမ်ခြံမြေဈေး ကွက်သည်လည်း ယခုနှစ်ဆန်းပိုင်းမှစ၍ အရောင်းအဝယ် အေးပြီး ခြံ၊ မြေ လက်ကိုင်မထားနိုင်သူများက ဈေးချရောင်းချမှုများရှိ
လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service