ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းအပြီး တိုက်ခန်းဈေးကွက် အေးစက်

ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းအပြီး တိုက်ခန်းဈေးကွက် အေးစက် - Property News in Myanmar from iMyanmarHouse.com
18 Jul 2016 11:02 am တွင် တင်ခဲ့သည်
584 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆောက်လုပ်ရေးလုပ်ငန်များကို ဆိုင်းငံ့ခဲ့ပြီး ၎င်းတို့၏ မူဝါဒသစ်ကို ဆောက်လုပ်ရေးလုပ်ငန်းရှင်များအား တိကျစွာရှင်းပြခြင်း မရှိသေးသော ကာလအတွင်းတွင် ရန်ကုန်အထပ်မြင့်တိုက်ခန်း အရောင်းအ၀ယ် ဈေးကွက်သိသာစွာနှေးကွေးသွားသည်ဟု ဆောက်လုပ်ရေးလုပ်ငန်း သတင်းရင်းမြစ်များကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေလတွင် ယခင်အစိုးရလက်ထက် မူအားဖြင့် သဘောတူ ခွင့်ပြုချက်ရခဲ့သော စတင်တည်ဆောက်လျက်ရှိသည့် အထပ်မြင့်အဆောက်အဦး ( ၉ထပ်နှင့်အထက် အဆောက်အဦးဟု သတ်မှတ်သည့် ) ဆောက်လုပ်ရေးလုပ်ငန်း ၈၀ ကျော်ကို ဆိုင်းငံ့ထားခဲ့သည်။

” ရင်းနှီးမြှုပ်နှံသူတွေအတွက် မရေရာတဲ့ကာလမို့ လွန်ခဲ့တဲ့ ၂ လလုံး တိုက်ခန်း အရောင်းအဝယ်ကျတယ်” ဟု နေကမ္ဘာဆောက်လုပ်ရေး၏ မန်နေဂျင်းဒါရိုက်တာ ဦးသန့်ဇင်ဟိန်းကပြောသည်။

ရန်ကုန်တွင် ဝယ်ယူသူများသည် ထုံးစံအားဖြင့် ဆောက်လုပ်ဆဲကာလတွင် အနည်းဆုံး ၂၀ ရာခိုင်နှုန်း ကြိုတင်ငွေပေးသွင်းပြီး ၀ယ်ယူသည့် ကြိုပွိုင့်အရောင်းအ၀ယ်များ ပြုလုပ်လေ့ရှိပြီး ထိုဆောက်လုပ်ရေးလုပ်ငန်း တုန့်ဆိုင်းသွားသောအခါ ဆက်လက်ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်ကုန်ကြသည်။

” ရိုးရိုးသားသားပြောရရင် ဒီနှစ်ဟာ ကျနော်တို့အတွက် အဆိုးဆုံးနှစ်လို့ ပြောနိုင်ပါတယ်” ဟု ဦးသန့်ဇင်ဟိန်းက ပြောသည်။

ရန်ုကုန်တွင် အထပ်မြင့်အဆောက်အအုံ အခန်းဈေးနှုန်းများသည် အများအားဖြင့် (အမေရိကန်ဒေါ်လာ ၈၅၀၀၀ ကျော်) မြန်မာငွေကျပ်သိန်းတစ်ထောင်နှင့် အထက်ပေါက်ဈေးရှိသော ဈေးမြင့်အဆောက်အအုံများ ဖြစ်ကြသည်။

တိုင်းဒေသကြီးအစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့သည် ၎င်းတို့၏ မူဝါဒများကို ရှင်းလင်းခြင်း မရှိသေးသည့်ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းများမှာ ဖောက်သည်များ၏ ယုံကြည်မှုဆုံးရှုံးရကာ ဆိုင်းငံ့ကာလအတွင်း ၎င်းတို့၏ ဘဏ်ချေးငွေများကို ပြန်လည်ပေးဆပ်နေရသောကြောင့် အကျိုးအမြတ် ဆုံးရှုံးမည်ဟု မျှော်လင့်ထားရကြောင်း ပြောဆိုသည်။

” အစိုးရက ကျနော်တို့ကို ဘယ်တော့ပြန်ဆောက်ခွင့်ပေးမယ်ဆိုတာ မသိတော့ ကျနော်တို့မှာ ကျနော်တို့တိုက်ခန်းတွေကို ဈေးလျှော့ပြီးတောင် မရောင်းနိုင်ဘူး ဖြစ်နေတယ်” ဟုဦးသန့်ဇင်ဟိန်းက ပြောသည်။

အမ်ကေတီ ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်ကလည်း ရန်ကုန်တွင် ဆောက်လုပ်ရေးစီမံကိန်း ၅ ခု ရပ်တန့်ခံခဲ့ရသူဖြစ်ပြီး မရေရာသေးသည့် ကာလကို တွေးကာ အခက်အခဲဆုံးအချိန် ဖြစ်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။

“အာဏာပိုင်တွေက လူနေထိုင်ခွင့်မပေးသေးတော့ အဲဒီအဆောက်အအုံတွေက ပြီးပြီးသားတိုက်ခန်းတွေကို ဝယ်ရင်တောင်မှ စွန့်စားရတယ်လို့ ဝယ်လက်တွေက ထင်ကြတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တို့က ယခုအချိန်တွင် ဆောက်လုပ်ဆဲအ ဆောက်အဦး ၁၂ ခုကို ပြန်လည်သုံးသပ်ပြီး ဖြစ်သော်လည်း ထိုသို့ သုံးသပ်အဖြေထုတ်ထားသည့် အဆောက်အဦးများနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ရှိနေကြောင်း ယင်းတို့က ပြောသည်။

” အစိုးရက ပိုကောင်းတဲ့ မူဝါဒတွေ မချမှတ်မခြင်း အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်ရေးပြန်စမှာ မဟုတ်ဘူး” ဟု ဦးမျိုးမြင့်က ပြောသည်။

အလုပ်သမားပြဿနာ၊ ဝယ်ယူသူ မကျေနပ်မှု၊ ဘဏ်ချေးငွေပြန်ဆပ်ရန် နှောင့်နှေးမှု၊ ငွေကြေးစီးဆင်းမှုပြဿနာ နှင့် ဆောက်လုပ်ရေးပစ္စည်း ရောင်းချသူများ အလုပ်မရှိခြင်းတို့အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခံရအပြီး ဖြစ်ပေါ်လာသော ပြဿနာအများအပြားကို ဆောက်လုပ်ရေးလုပ်ငန်းများက ကိုးကားပြောကြသည်။

ယူနတီ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အကြီးတန်းမန်နေဂျာ ဦးဇော်ဇော်က တိုက်ခန်းဈေးများသည် ဆောက်လုပ်ရေးလုပ်ငန်းများ မရပ်တန့်မီအချိန် အတန်ငယ်စောစွာ ပြည်တွင်းလူသိများသော ဆောက်လုပ်ရေးလုပ်ငန်းရှင် Father Land construction ပိုင်ရှင် ဦးကျော်မြင့်အား လိမ်လည်မှုစွပ်စွဲချက်များ ရင်ဆိုင်ရစဉ် ယခင်နှစ်ကတည်းက စတင်အေးစက်လာသည်ဟု ပြောသည်။

” ရောင်းလိုအားက ဝယ်လိုအားထက်များနေလို့ ဈေးက တောက်လျှောက်ကျတယ်။ ၂၀ -၂၅ ရာခိုင်နှုန်း လောက် ကျတယ်” ဟု ဦးဇော်ဇော်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆိုအရ ယခင် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် စည်ပင်သာယာရေး ကော်မတီတို့သည် ၂၀၁၃ ခုနှစ်မှ ယခုနှစ် မတ်လ ၃၁ ရက်အထိ အထပ်မြင့်အဆောက်အဦး ၂၀၄ ခု တည်ဆောက်ရန် ကနဦး ခွင့်ပြုချက်ပေးခဲ့သည်ဟု သိရသည်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service