အမှန်တကယ်အိမ်ရာလိုအပ်သူများအတွက် ခိုင်မာသည့်မူဝါဒများလို

အမှန်တကယ်အိမ်ရာလိုအပ်သူများအတွက် ခိုင်မာသည့်မူဝါဒများလို - Property News in Myanmar from iMyanmarHouse.com
14 Jul 2016 11:49 am တွင် တင်ခဲ့သည်
1420 ကြိမ် ကြည့်ရှု့ပြီး
အိမ်ရာလိုအပ်ချက်မြင့်မားနေသည့်ရန်ကုန်မြို့တွင် နိုင်ငံတော်၏ အစီအစဉ်ဖြင့်ဆောက်လုပ်ပြီးနှင့်ဆောက်လုပ် ဆဲဖြစ်သော တန်ဖိုးနည်းအိမ်ရာစီမံကိန်းများက ထွက်ရှိလာမည့်တိုက်ခန်းများကို ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရန် ခိုင်မာတိကျသည့်အိမ်ရာမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများချထားရန်လိုအပ်ကြောင်း၊လွှတ်တော်ကိုယ်စားလှယ်များက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခင်အစိုးရလက်ထက်ကမူ အဆိုပါ အိမ်ရာနေထိုင်လိုသူများက တိုင်းဒေသကြီး အစိုးရအဖွဲ့သို့
တိုက်ခန်းဝယ်ယူခွင့်လျှောက် လွှာများဖြင့် ကြိုတင်လျှောက်ထားရပြီး မဲနှိုက် ကာ ပေါက်မဲစနစ်ဖြင့်
ရွေးချယ်ခြင်းဖြစ်သည်။ ထို့နောက် လက်ငင်းငွေချေခြင်း၊ အရစ်ကျ ငွေပေးချေခြင်း စသည့်စနစ်
များဖြင့် ၀ယ်ယူ ရသည်။ မဲစနစ်ဖြင့် ၀ယ်ယူခဲ့သူတချို့မှာ မိမိ တို့တိုက်ခန်းများကို လက်လွှဲ
ပြန်လည်ရောင်းချခြင်း၊အငှားချထားခြင်းများ
ပြုလုပ်ခဲ့ကြသည်။

တချို့မှာမူ ၀ယ်ယူခွင့်မဲပေါက်ခဲ့သော် လည်း လာရောက်ဆက်သွယ်ခြင်းမရှိခဲ့ပေ။ မင်္ဂလာဒုံမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက လျှောက် ထားသူများ၏ သတင်း
အချက်အလက် ပြည့်စုံစွာ မရခြင်းကြောင့် အိမ်ရာချထားပေး ရာတွင် လွဲမှားမှုများရှိနေကြောင်း
ပြောသည်။ "နိုင်ငံတကာမှာက ၀င်ငွေကိုကြည့်ပြီးမှ ၀င်ငွေနိမ့်တဲ့သူတွေကို ဦးစားပေး ရောင်းတယ်။
ဝင်ငွေနည်းတဲ့လူတွေပဲ မဲနှိုက်ခွင့် ရမယ်။ ကျန်တဲ့လူတွေ နှိုက်ခွင့်မရတဲ့စနစ်နဲ့ ရောင်းချတယ်"ဟု
၎င်းကပြောသည်။

ယခုမူ ၀င်ငွေမြင့်သူများလည်း လာရောက်လျှောက် ထားပြီး ပြန်လည်ရောင်းချ
မှုများ ရှိနေကြောင်း ပြောသည်။ "အပြင်မှာဖြစ်နေတာက တန်ဖိုးနည်း အိမ်ရာကို ချမ်းသာတဲ့လူကော၊
ဆင်းရဲတဲ့လူ ကော ၀င်လုကြတဲ့သဘောဖြစ်နေလို့ တကယ် လိုတဲ့လူတွေ မရကြတာဖြစ်တယ်။
အိမ်လေး အလုံး ၁၀၀ လောက်ဆောက်ပြီး မဲဖောက် ရောင်းနေရင်လည်း ဒီကိစ္စက အဆင်ပြေမှာ
မဟုတ်ဘူး။ တိကျတဲ့မူဝါဒ ချဖို့လိုလာပြီ"ဟု ၎င်းက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တွက်ချက်မှုအရ ရန်ကုန်မြို့
တွင်နှစ်စဉ် အိမ်ထောင်စုဦးရေ ၏ ၇၅,၀၀၀ မှ ၁၀၀,၀၀၀ ခန့်အထိ ရှိနေ သည်။ အများစုမှာ အခြေခံ
လူတန်းစားများ၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင်လုပ်ကိုင်နေသည့် လူလတ်တန်းစားဝန်ထမ်းများ
ဖြစ်ကြသည်။

တန်ဖိုးနည်းအိမ်ရာအများစုမှာ မြို့တွင်း နှင့် အလှမ်းကွာပြီး သွားလာရခက်ခဲခြင်း၊ ရေမီးပြည့်စုံအောင် ထောက်ပံ့နိုင်မှုအားနည်း ခြင်း စသည့်အချက်အလက်များကို
ပြုပြင် နိုင်ရန်လည်း လိုအပ်နေသေးကြောင်း ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်၊ သင်္ဃန်းကျွန်းမြို့ နယ်
မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောသည်။

"လူတွေကို နေပျော်တဲ့ ဘ၀လေးတစ်ခု ဖန်တီးပေးရမယ်။ တိုက်အမြင့်ကြီးဆောက်၊
အခန်းလေးပေးလိုက်၊ အခန်းတွေ ထွက်လာပြီး နေရာချပေးလိုက်ရုံနဲ့ အဆင် မပြေနိုင်ဘူး။
သွားဖို့လမ်းလည်း ရှိရမယ်၊ အပန်းဖြေစရာနေရာလေးလည်း ပါရမယ်၊ လိုအပ်ချက်တွေလည်း
ပြည့်စုံအောင် ဖြည့် ဆည်းပေးနိုင်မှ အောင်မြင်မယ်"ဟု ၎င်းကပြောသည်။

"အခုဘာဖြစ်နေ
လဲဆိုတော့ အချို့နေရာ တွေဆိုရင် လူတွေကို အခန်းတွေပေး တိုက် ဆောက်ပြီး တင်ပေးလိုက်ပေမဲ့
ရေတောင် မှန်မှန်မပေးနိုင်ဘူးဆိုတော့ အဆင်မပြေကြ ဘူး။ ဒီလိုအမှားတွေ၊ စနစ်တွေကို
တာဝန် ရှိသူတွေ ပြန်စဉ်းစားမှာ သေချာပါတယ်"ဟု ၎င်းကဆိုသည်။

ဒဂုံမြို့သစ်ဆိပ်ကမ်းနှင့်လှိုင်သာယာ မြို့နယ်များအတွင်း တည်ဆောက်ပြီးစီးခဲ့ သည့် ယုဇန၊ ကနောင်နှင့် ရွှေလင်ပန်း
တန်ဖိုး နည်းအိမ်ရာများမှ တိုက်ခန်းပေါင်း ၂၂၀ ကျော်ကို ယခုလအတွင်းမဲစနစ်ဖြင့်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

အမြင့်ဆုံးတန်ဖိုးအားဖြင့် မြေညီ ထပ်တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ဖြစ်သည်။ "လိုနေတဲ့
အိမ်ရာတွေကို ဆက်ပြီးဆောက် သွားမှာပါ။ စည်းမျဉ်းစည်းကမ်းသစ်တွေလည်း ရေးဆွဲနေ
ပါတယ်။ ပြည်သူတွေကလည်း တန်ဖိုးနည်းအိမ်ရာတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားနေ
တာကြောင့်လည်း မဲနှိုက်လိုက် တာ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါလိမ့်မယ်"ဟု
၎င်းကပြောသည်။

အစိုးရသစ်လက်ထက်တွင် အများပြည်သူ အိမ်ရာလိုအပ်ချက်များ
ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းတိုက်ခန်းပေါင်း
၂၀၀,၀၀၀ အထိ နိုင်ငံတစ်ဝန်းတွင် တည်ဆောက်ရန်လျာထားသည်။

ကနဦးစီမံချက်အဖြစ် အိမ်ရာလိုအပ် ချက် အများအပြားရှိနေသည့် ရန်ကုန်တိုင်း
ဒေသကြီးအတွင်း၌လည်း ကျပ်သိန်း ၁၀၀ အောက်တန်ဖိုးနည်းတိုက်ခန်းပေါင်း
၈,၀၀၀ ကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service