ရန်ကုန်စတော့အိတ် ချိန်းတွင် ဇူလိင်လဆန်းပိုင်း၌ FMI ကုမ္ပဏီ၏ အစုရှယ်ယာများ တစ်စုလျှင် ၂၁,၀၀၀ ကျပ်သို့ ကျဆင်းသွားကြောင်း သတင်းရရှိ သည်။
FMI ကုမ္ပဏီသည် ပြီးခဲ့ သည့်မတ်လက ရန်ကုန်စတော့ အိတ်ချိန်းတွင် ရှယ်ယာ တစ်စု လျှင် ၂၅,၀၀၀ ကျပ်သတ်မှတ်ပြီး ရှယ်ယာရောင်းချချိန်လေးလ အတွင်း ၁၆ ရာခိုင်နှုန်း ပြန်လည် ကျဆင်းခဲ့ခြင်းဖြစ်သည်။
ရှယ်ယာဈေးကျဆင်းခြင်း နှင့်ပတ်သက်ပြီး FMI အများပိုင် ကုမ္ပဏီ အမှုဆောင် ဒါရိုက်တာ ဦးထွန်းထွန်းက ‘‘ဗြိတိန်ရဲ့ ရိုက် ခတ်မှုကြောင့် ဈေးထိုးကျတာပါ။ နိုင်ငံတကာမှာ ဖြစ်သလိုပဲ’’ ဟု ပြောသည်။
FMI ကုမ္ပဏီသည် ရှယ်ယာ စတင်ရောင်းချချိန်တွင်ဝယ်လို အားများ၍ အစုရှယ်ယာတစ်စုလျှင် ၄၁,၀၀၀ကျပ်အထိ ရက်ပိုင်း အတွင်း တက်ခဲ့ပြီး အစုရှယ်ယာ နှစ်သိန်းကျော် အရောင်းအဝယ် ဖြစ်ခဲ့သည်။ ယခုလတွင် ရှယ်ယာ ဈေးကွက်အနေအထားမှာ အစုရှယ်ယာ နှစ်ထောင်မှ ခြောက်ထောင်ကြားသာ အရောင်းအဝယ်
ဖြစ်နေသည်။ ဇွန်လ ၁၈ ရက်တွင် FMI ကုမ္ပဏီ၏ ရှယ်ယာများသည် ရှယ်ယာတစ်စုလျှင် ကျပ် ၂၀,၅၀၀ အထိ ကျဆင်းခဲ့သော် လည်း နောက်ရက်များတွင် ကျပ် ၂၃,၀၀၀ အထိ ပြန်လည်မြင့် တက်လာခဲ့သည်။
Credit : 7Day Daily