အိမ်ခြံမြေစိစစ်ရေး အဖွဲ့ဖွဲ့ထားလို့ အခွန်နှုန်းမှန်ကန်စွာ ကောက်ယူမည်

အိမ်ခြံမြေစိစစ်ရေး အဖွဲ့ဖွဲ့ထားလို့ အခွန်နှုန်းမှန်ကန်စွာ ကောက်ယူမည် - Property News in Myanmar from iMyanmarHouse.com
5 Jul 2016 10:28 am တွင် တင်ခဲ့သည်
753 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းအတွင်းမှာ မြေယာဈေးနှုန်းတွေ ထိန်းချုပ်နိုင်ဖို့ အတွက် အိမ်ခြံမြေစိစစ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး အခွန်မှန်ကန်စွာ ကောက်ယူနိုင်ဖို့အတွက် တရားဝင်ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ် ။

‘အဲဒီအဖွဲ့မှာ အခွန် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ပါမယ် ၊ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေပါမယ် ၊ ရပ်ကျေးအုပ်ချုပ်ရေးတွေပါမယ် ၊ သူတို့ဝင်ရောက်စွပ်ဖက်မှာ မဟုတ်ဘူး ၊ နားထောင်မှာ ၊ ဖြတ်တဲ့အခွန်နှုန်းထားက မတော်မသင့်ဘူးထင်မှ ပြောမှာ’ လို့ မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဦးမြတ်သူက ပြောပါတယ် ။

မန္တလေးတိုင်းရဲ့ အိမ်ခြံမြေအခွန်ရာဖြတ်ဈေးနှုန်းတွေဟာ တစ်နိုင်ငံလုံးမှာ အမြင့်မားဆုံးဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်အခွန်ရာဖြတ်ဈေးနှုန်းသတ်မှတ်ချိန်တုန်းကလည်း စံနှုန်းကွာဟမှုတွေ ရှိနေတယ်ဆိုပြီး တင်ပြမှုတွေရှိခဲ့တဲ့အတွက် ယခင်အစိုးရလက်ထက်မှာလည်း မြို့နယ်အလိုက် ပြန်လည်စိစစ်ပေးခဲ့ရတာတွေ ရှိခဲ့ပါတယ် ။

‘အဓိကကတော့ အခွန်ရှောင်တာမျိုးတွေ ၊ မြေပြင်ပေါက်ဈေးထက် ဈေးကြပ်နှုန်းထားက ပိုများနေတဲ့ကိစ္စတွေကို စစ်ဆေးနိုင်ဖို့ပါ ၊ အဲဒီအဖွဲ့တွေကို မြို့နယ်အလိုက်ဖွဲ့စည်းမယ် ၊ မြို့နယ်အဆင့်က စိစစ်ချက်ကို တိုင်းကိုတင်ပြမယ် ၊ တိုင်းက တစ်ဆင့် အစိုးရအဖွဲ့ကို တင်ပြမယ်’ လို့ ဦးမြတ်သူက ပြောပါတယ် ။

ယခင်နှစ်က ထွက်ရှိခဲ့တဲ့ အိမ်ခြံမြေအခွန်ရာဖြတ်ဈေးနှုန်းတွေဟာ ကာလပေါက်ဈေးထက် ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ များနေလို့ အိမ်ခြံမြေလုပ်ငန်းရှင် အချို့က ဝေဖန်သုံးသပ်ခဲ့ပါတယ် ။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service