ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ တည်ဆောက်ရန် ကျပ်သန်းနှစ်ထောင်ကျော် ခွင့်ပြု

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ တည်ဆောက်ရန် ကျပ်သန်းနှစ်ထောင်ကျော် ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
4 Jul 2016 11:42 am တွင် တင်ခဲ့သည်
1271 ကြိမ် ကြည့်ရှု့ပြီး
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကို ပုသိမ်မြို့အ၀င် လက်ရှိ ၀န်ကြီးများ အိမ်ရာဝင်းအတွင်းရှိ မြေကွက်လပ်ပေါ်တွင် တည်ဆောက်ရန် ရွေးချယ်ထား ကြောင်း တိုင်းဒေသကြီး လွှတ် တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

အဆိုပါ မြေအကျယ် ၁၂ ဧကပေါ်တွင် လွှတ်တော်ခန်းမ၊ လွှတ်တော်ရုံးနှင့် အခြားသော အ ဆောက်အအုံများပါ တည်ဆောက်မည် ဖြစ်သည်။

လွှတ်တော်တည်ဆောက် ရန် ပြည်ထောင်စုအစိုးရက ကျပ်၂,၈၀၇ ဒသမ ၄၇၀ သန်း ခွင့်ပြုထားပြီး အမှန်တကယ် တည်ဆောက်ပါက ယင်းငွေကြေးထက် ပိုမိုကုန်ကျမည်ဟု ခန့်မှန်းကြောင်း လွှတ်တော်ဥက္ကဋ္ဌက သုံးသပ်ပြောကြားသည်။

တိုင်းမြို့တော်၏ ဂုဏ်နှင့်ညီ သည့် ခမ်းနားထည်ဝါသော လွှတ် တော် အဆောက်အအုံ တည် ဆောက်ရန်ရည်ရွယ်ထားပြီး မြေ နေရာသည် အစိုးရပိုင်မြေနေရာ ဖြစ်၍ ဧရာဝတီ တိုင်းဒေသကြီးအစိုးရထံ မြေရရှိရေး ခွင့်ပြုချက် တောင်းခံထားသည်ဟု သိရသည်။

‘‘နေရာ ခုနစ်နေရာထဲကမှ လွှတ်တော် တည်ဆောက်ရေး ကော်မတီက ရွေးချယ်သတ်မှတ် ခဲ့တာပါ။ အစိုးရအဖွဲ့ကလည်း ဒီ နေရာမှာ လွှတ်တော်ဆောက်ဖို့ ခွင့် ပြုပေးမှာပါ။ ဒီရက်ပိုင်းအတွင်း မှာပဲ မြန်မာနိုင်ငံ ဗိသုကာအသင်း က အင်ဂျင်နီယာတွေလာပြီး မြေ အခြေအနေလေ့လာတာတို့၊ ဒီဇိုင်း ထုတ်တာတို့ လုပ်မယ်’’ ဟု လွှတ် တော်ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က ပြောသည်။

ယခင်အစိုးရလက်ထက်တွင် ဧရာဝတီ တိုင်းဒေသကြီး လွှတ် တော်တည်ဆောက်ရန် ပုသိမ်မြို့ နှင့် ခုနစ်မိုင်ကျော်ဝေးသည့် ဇင် ပြွန်းကုန်းကျေးရွာရှိ ပုသိမ်မှန်စက် ရုံအနီး၌ တည်ဆောက်ရန် လျာ ထားခဲ့သော်လည်း အကောင်အ ထည် မပေါ်ခဲ့ပေ။

‘‘ဒီပတ်ဝန်းကျင်မှာ လေ ယာဉ်ကွင်းရော လေယာဉ်မောင်း သင်တန်းကျောင်းရော ရှိတယ်။ အသံဆူညံမှုတွေရှိမှာ သေချာပေ မယ့် နည်းပညာအကူအညီယူပြီး အသံဆူညံမှုမဖြစ်အောင် ဆောင် ရွက်မယ်’’ဟု လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service