ဧရာဝတီမြစ်ရေတိုက်စားကမ်းပြို၍ နေအိမ်များ ပြောင်းရွှေ့ရန် မြေနေရာ လိုအပ်

ဧရာဝတီမြစ်ရေတိုက်စားကမ်းပြို၍ နေအိမ်များ ပြောင်းရွှေ့ရန် မြေနေရာ လိုအပ် - Property News in Myanmar from iMyanmarHouse.com
4 Jul 2016 11:21 am တွင် တင်ခဲ့သည်
874 ကြိမ် ကြည့်ရှု့ပြီး
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် အင်းတော်တလုတ်အုပ်စု မကျီးကုန်းရွာနှင့် အင်းတော်တလုတ်ရွာများမှာ ဧရာဝတီမြစ်ရေတိုက်စားကမ်းပြို မှုကြောင့် နေအိမ်များ ပြောင်းရွှေ့နေမှု အခြေအနေကို ဇူလိုင် ၂ ရက် မွန်းတည့် ၁၂ နာရီက တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့်အဖွဲ့ ကွင်းဆင်း ကြည့်ရှုသည်။

အင်းတော်တလုတ်ဘုန်းတော်ကြီးကျောင်း၌ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့က ရွာသူရွာသား များနှင့်တွေ့ဆုံ ကာ နေအိမ်ပြောင်းရွှေ့ခြင်းများနှင့်ပတ်သက်၍ တိုင်းအဆင့်က ဆောင်ရွက်ပေးနိုင်သည် များကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်အဆင့်သို့ တင်ပြဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ပါက တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

မကျီးကုန်းရွာနှင့် အင်းတော်တလုတ်ရွာများသည် ၂၀၁၅ ခုနှစ် က မြစ်ရေကြီးမှုဒဏ်ကို ကြုံတွေ့ခဲ့စဉ် နေအိမ်များ မျောပါခြင်း၊ ကျွဲ၊ နွားများ မျောပါခြင်း၊ ကုန်းမြင့်ရာသို့ ယာယီတဲများထိုး၍ နေထိုင်ခဲ့ရသည့် ဒုက္ခ များဖြင့် ကြုံတွေ့ခဲ့ရသည်။ ယခုတစ်ဖန် မြစ်ကမ်းပြိုမှုကြောင့် အိမ်ခြေများ ပြောင်းရွှေ့ရာတွင် နေထိုင်ရန် ခြံမြေမရှိသူ များ၊ ငွေကြေးတတ်နိုင်သူများက မြေကွက်ဝယ်၍
ပြောင်းရွှေ့နေထိုင်ကြသူများ၊မိမိပိုင်ဆိုင်သည့်ကိုင်းမြေပေါ်သို့ ပြောင်းရွှေ့နေထိုင်ကြသူများလည်းရှိသည်။

မကျီးကုန်းရွာနှင့် အင်းတော် တလုတ်ရွာသားများဖြစ်သည့် ဦးထွန်းဝနှင့် ဦးသိန်းဦးတို့က ကမ်းပြို၍ ပြောင်းရွှေ့နေထိုင်ကြသူများကိုယ်စား ယခုပေးအပ်သည့် ပြောင်းရွှေ့စရိတ် ငွေကျပ်နှစ်သောင်း၊ ဆန်ခြောက်ပြည်၊ ဆီငါးဆယ်ကျပ်သား ပေးအပ်သည်ထက် အဓိကလိုအပ် သည်မှာ ပြောင်းရွှေ့နေထိုင်ရန် ခြံမြေကွက်သာဖြစ်ကြောင်း၊ မြစ်ကမ်း ပြို၍ ပြောင်းရွှေ့နေရသူများ၊ မြစ်ကမ်းနှင့်နီး၍ အိမ်ခြေများ ပျက်စီးနေ ရသည့် ရွာသူရွာသားများကိုယ်စား နိုင်ငံတော်က ခြံမြေကွက်များ ချထားပေးပါရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service