အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂပ်စ်တွင် မိုက်ကယ်ဂျက်ဆင်နောက်ဆုံးနေထိုင်သွားခဲ့သည့်
နေအိမ်ကြီးသည် ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ရောက်ရှိလာကြောင်းအမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မိုက်ကယ်ဂျက်ဆင်သည် ယင်းနေအိမ်ကြီးကို ၂၀၀၇ ခုနှစ်မှ ကွယ်လွန်ချိန် ၂၀၀၉ ခုနှစ်အထိငှားရမ်းနေထိုင်ခဲ့သည်။
နေအိမ်အတွင်းတွင်မိုက်ကယ်ဂျက်ဆင်အားအမှတ်ရဖွယ်
အဖြစ် ၎င်းအသုံးပြုခဲ့သည့်အသုံးအဆောင်များ၊ ပုံတူများများစွာကျန်ရစ်ခဲ့သည်။
ခြံဝန်းအကျယ်အ၀န်းမှာ ၁ ဒသမ ၇ ဧက ကျယ်ဝန်းပြီး နေအိမ်အကျယ်အ၀န်းမှာ ၁၆၁၂၂ စတုရန်းပေ ဖြစ်သည်။
အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၁၂ ခန်းပါဝင်သည်။
ထိုင်ခုံ ၇၄ လုံးပါ အလယ်ခေတ်ဟန် ကိုယ်ပိုင်ဝတ်ပြုခန်းမတစ်ခုပင် ပါဝင်သည့်အပြင် အသံဖမ်းစတူဒီယိုတစ်ခုလည်း ပါဝင်သည်။
နေအိမ်အောက်တွင် စတုရန်းပေ ၈၅၀၀ အကျယ်အ၀န်းရှိ မြေအောက်ခန်းတစ်ခု ပါဝင်ပြီးမိုက်ကယ်ဂျက်ဆင်ကအဆိုပါအခန်းကိုကိုယ်ပိုင်သီးသန့် ပန်းချီပြခန်းအဖြစ် ပြောင်းလဲထားသည်။
ကား ၉ စီးဆန့် ကားဂိုဒေါင်နှင့် မီးဖိုဆောင်သုံးပစ္စည်းအပြည့်ထည့်သွင်းပေးထားသော
ဧည့်ဂေဟာဆောင်တစ်ခုလည်း ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)