ကမ္ဘာ့ရွှေဈေး အတက်အကျ များသဖြင့် ပြည်တွင်းရွှေဈေး အပြောင်းအလဲများ

ကမ္ဘာ့ရွှေဈေး အတက်အကျ များသဖြင့် ပြည်တွင်းရွှေဈေး အပြောင်းအလဲများ - Property News in Myanmar from iMyanmarHouse.com
20 Jun 2016 10:39 am တွင် တင်ခဲ့သည်
2385 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာ့ရွှေဈေးအတက် အကျများသဖြင့် ပြည်တွင်းရွှေ ဈေးသည် ယခုရက်ပိုင်းအတွင်း အပြောင်းအလဲများ၍ အ၀ယ်ကျဆင်းနေကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများက ပြောကြား သည်။

အမေရိကန် ဗဟိုဘဏ်က ဘဏ်အတိုးနှုန်း လျှော့ချလိုက် ခြင်း၊ ရုရှားနိုင်ငံမှ ရွှေဝယ်ယူစုဆောင်းမှု များပြားနေခြင်းတို့ကြောင့် ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးမြင့် တက်ပြီး ကန်ဒေါ်လာ တန်ဖိုး ကျဆင်းနေကြောင်း အ ထက်ပါ အသင်းမှ ဗဟိုအလုပ် အမှုဆောင် ဦးမျိုးမြင့်က ပြော ကြားသည်။

‘‘မနေ့က ပြည်တွင်းဈေး ရုတ်တရက် တက်သွားတော့ ရောင်းတဲ့သူများတယ်။ အ၀ယ် က နည်းတော့ ဒီနေ့ဈေးပြန်ဆင်း လာတယ်’’ဟု ဇွန်လ ၁၇ ရက် တွင် ဦးမျိုးမြင့်ကပြောသည်။

ကမ္ဘာ့ရွှေဈေးသည် ဇွန်လ ၁၆ ရက်တွင် တစ်အောင်စလျှင်အ မေရိကန်ဒေါ်လာ ၁,၃၁၀ ခန့်အထိ မြင့်တက်လာသဖြင့် ပြည်တွင်း ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်ရှစ်သိန်းတစ်သောင်းကျော် အထိ မြင့်တက်လာသည်။ ဇွန်လ ၁၇ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် အမေရိကန်ဒေါ်လာ ၁,၂၈၄ သို့ ပြန်လည် ကျဆင်းလာချိန်တွင် ပြည်တွင်းရွှေဈေးမှာ ရှစ်သိန်း လေးထောင်ကျပ်သို့ ကျဆင်းလာ သည်။

‘‘ဒီရက်ပိုင်းမှာ ရွှေဈေးက အတက်အကျများလာတော့ အ ၀ယ်အရမ်းနည်းလာတယ်’’ ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူးဦးကျော် ၀င်းကပြောကြားသည်။

ကန်ဒေါ်လာ တန်ဖိုး သည် နိုင်ငံတကာတွင် အနည်းငယ် ကျဆင်းလာသဖြင့် ရွှေ ဈေး ဆက်လက်မြင့်တက်နိုင် သည်ဟု ပြည်တွင်းရွှေလုပ်ငန်းရှင် များက ခန့်မှန်းနေကြသည်။

ပြည်တွင်းဈေးကွက် ငွေလဲ နှုန်းသည် ဇွန်လ ၁၇ ရက်တွင် ဗဟိုဘဏ်က တရားဝင်သတ်မှတ်သော ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁,၁၈၆ကျပ်ဖြစ် ပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ် လာလျှင် ၁,၁၈၅ ကျပ်ဈေးရှိနေ သည်။

ကန်ဒေါ်လာ တန်ဖိုးသည် ပြီးခဲ့သည့် နှစ်ရက်နှင့် နှိုင်းယှဉ်ပါက ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ခုနစ်ကျပ်ခန့် ဈေးကျသွားသည်။ ဇွန်လ ၁၅ ရက်တွင် ပြင်ပဈေးကွက်၌ ငွေလဲ နှုန်းမှာ တစ်ဒေါ်လာလျှင် ၁,၁၉၂ ကျပ် ဖြစ်ခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service