ရောင်းချမည့် ဟိုတယ်တည်ရှိရာမှာကနေဒါနိုင်ငံ ၊ အွန်တေရီယိုပြည်နယ်၊ တိုရွန်တိုမြို့၊ ယော့ခ်ဗီလီအရပ်တွင် တည်ရှိသည်။ Four Season ဟုအမည်ရှိပြီးဟိုတယ်နှင့် ဇိမ်ခံကွန်ဒိုမီနီယံတို့ တွဲဖက်ထားကာ ယခုရောင်းချမည် မှာဟိုတယ်ကဏ္ဍကိုသာဖြစ်သည်။
Four Season ဟိုတယ်တွင် အခန်းပေါင်း ၂၅၀ ခန့်ပါဝင်သည်။ Kingdom Holdingသည် Four Seasons Holdings Inc. ကို ၂၀၀၇ ခုနှစ်အတွင်းကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ Four Seasons Holdings Inc. ကို ၀ယ်ယူပြီးနောက်ပိုင်း အများပိုင်မှ ပုဂ္ဂလိကအဖြစ် ပြောင်းလဲခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)