စီးပွားရေး ဂယက်ထစေနိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားသည့်ကိစ္စ

စီးပွားရေး ဂယက်ထစေနိုင်သော ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်နားထားသည့်ကိစ္စ - Property News in Myanmar from iMyanmarHouse.com
6 Jun 2016 2:32 pm တွင် တင်ခဲ့သည်
4033 ကြိမ် ကြည့်ရှု့ပြီး
မေလ ၃၀ ရက်နေ့က ပြုလုပ်သောလွှတ်တော်အစည်းအဝေးတွင် အထပ်မြင့် အဆောက်အအုံဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီးကန့်ကွက်မှုများပြုလုပ်သွားမယ်လို့ တိုင်းဒေသကြီးလွှတ်တော်၏ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကအဆိုတင်သွင်းခဲ့သည်။

လက်ရှိအစိုးရလက်ထက်တွင် အထပ်မြင့်အဆောက်အအုံများကို ပြန်လည်စိစစ်သွားမည်ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကသတင်းထုတ်ပြန်ခဲ့သလိုမူအားဖြင့် ခွင့်ပြုထားခဲ့သောအဆောက်အအုံ(၄၀၀)ကျော်ကိုရပ်ဆိုင်းရန် ညွှန်ကြားထားခဲ့သည်။

ဘာဆက်လုပ်ရမလဲ
အထပ်မြင့်အဆောက်အအုံများကိုပြီးခဲ့သည့်အစိုးရလက်ထက်ကမူအားဖြင့်ခွင့်ပြုချက်များ ရရှိခဲ့သည့်အတွက်ကြောင့် ကုမ္ပဏီကြီးများအပါအဝင် အငယ်တန်းကန်ထရိုက်တာများသည် အဆောက်အအုံများဆောက်လုပ်ခဲ့ကြသည်။

သို့သော် ဆောက်လုပ်နေရင်းမှ ရပ်နားရမည်ဟုဆိုလာသောအခါ အခြေအနေအနေအရပ်ရပ်အပေါ်ဂယက်သက်ရောက်သွားစေသည်။ အချို့သောဆောက်လုပ်ရေးလုပ်ငန်းရှင်များမှာငွေလုံးငွေရင်းရှိခြင်းကြောင့် တည်ဆောက်နေကြသည် မဟုတ်ဘဲဘဏ်ချေးငွေဖြင့် တည်ဆောက်နေကြရခြင်းဖြစ်သည်။

ထိုသို့ ဘဏ်ချေးငွေဖြင့် တည်ဆောက်နေကြရသောဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ဘဏ်ချေးငွေပြန်လည်ပေးဆပ်နိုင်ရေးဆိုသည်မှာအခက်တွေ့သွားနိုင်သည်ဟု iMyanmarHouse.com အိမ်ခြံမြေရောင်းဝယ်ငှားဝက်ဘ်ဆိုက်၏ မန်နေဂျင်းဒါရိုက်တာဦးနေမင်းသူကသုံးသပ်ပြောကြားခဲ့သည်။ထိုအပြင် အဆိုပါဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသောသိန်းချီရှိသည့် လုပ်သားပေါင်းများစွာ၏ ဝင်ငွေကိုလည်းထိခိုက်စေပြီးမိသားစုများ၏ စားဝတ်နေရေးကိုအခက်ကြုံစေနိုင်သည်ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ရန်ကုန်မြို့၏ အိမ်ရာလိုအပ်ချက်ကြီးမြင့်လာခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများဖွံ့ဖြိုးလာသည်မှာ ၂၀၁၃ ခုနှစ်လောက်ကတည်းကဖြစ်ကြောင်း၊ ယင်းကြောင့် အခြေခံလူတန်းစားများသည်လည်းအလုပ်အကိုင်အခွင့်အလမ်းများအတော်အသင့်ရလာခဲ့ပြီး ပြည်တွင်းစီးပွားရေးလည်ပတ်မှုကိုအထိုက်အလျောက်ကူညီနိုင်ခဲ့ကြောင်း၊ အကယ်၍ အဆိုပါလုပ်ငန်းများရပ်ဆိုင်းလိုက်မည်ဆိုပါက မြန်မာတစ်နိုင်ငံလုံး၏ စီးပွားရေးအကျပ်အတည်းဖြစ်သွားစေနိုင်မှုတို့ကိုသတိပြုသင့်ကြောင်း၊ ၁၉၉၇ ခုနှစ်ကထိုင်းနိုင်ငံတွင် ကြုံတွေ့ခဲ့ရသောစီးပွားရေးဂယက်ရိုက်မှုကိုမမေ့သင့်ကြောင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကသုံးသပ်ပြောကြားခဲ့သည်။

ထို့ကြောင့် အထပ်မြင့်အဆောက်အအုံများကိုစိစစ်သင့်သည်မှာမှန်သော်လည်းအလုံးစုံရပ်နားလိုက်မည်ဆိုလျှင် ကြုံတွေ့နိုင်သောစီးပွားရေးဂယက်များကိုအစိုးရအနေဖြင့် သတိပြုသင့်ပါသည်။ ဘဏ်လုပ်ငန်းများအခက်မကြုံစေရေး၊ အခြေခံလူတန်းစားများ၏ စားဝတ်နေရေး၊ ယင်းဆောက်လုပ်ရေးလုပ်ငန်းများကိုတည်မှီရပ်တည်နေသောလုပ်ငန်းငယ်လေးများစသည့် ကဏ္ဍရပ်တိုင်းကိုထည့်သွင်းစဉ်စားရပေတော့မည်။

ယင်းအချက်များကိုထည့်သွင်းစဉ်းစားခြင်းမပြုဘဲအစိုးရအပြောင်းအလဲဖြစ်၍ မူဝါဒပိုင်းအလုံးစုံပြောင်းလဲလိုက်မည်ဆိုလျှင် နိုင်ငံ၏ အခြေအနေနှင့် လိုက်လျောညီထွေမဖြစ်ဘဲအကျပ်အတည်းများဆီသို့သာတွန်းပို့သကဲ့သို့ ဖြစ်သွားနိုင်သည်။ ထို့အပြင် ဆောက်လက်စအဆောက်အအုံများကိုရပ်နားရန်ဆိုသည်ထက် မည်သို့လုပ်ဆောင်လျှင် ပို၍သင့်တော်နိုင်သည်ဆိုသောညှိနှိုင်းခြင်းများ ပြုလုပ်သင့်ပေသည်။ ထို့သို့မဟုတ်ပါကချိတ်ဆက်တည်မှီနေသောစီးပွားရေးအဆက်အစပ်များအနေဖြင့် ဘာဆက်လုပ်ရမည်မှန်းမသိဘဲနိုင်ငံ့စီးပွားပျက်ကပ်ဖြစ်သည်အထိဂယက်ရိုက်ခတ်သွားနိုင်ပေသည်။

မျိုးသီဟ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...
အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service