မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်အေးနေပြီး အိမ်ငှားခ ဈေးနှုန်းများ မြင့်တက်

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်အေးနေပြီး အိမ်ငှားခ ဈေးနှုန်းများ မြင့်တက် - Property News in Myanmar from iMyanmarHouse.com
2 Jun 2016 10:52 am တွင် တင်ခဲ့သည်
809 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်အေးနေပြီး အိမ်ငှားခ ဈေးနှုန်းများသည် ၂၀၁၅ ခုနှစ်ထက် ကျပ်(၂)သိန်းနီးပါး မြင့်တက်လာကြောင်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသည်။

“အရောင်းအဝယ်ထက် အငှားလုပ်ငန်းကပိုပြီး အဆင်ပြေတယ်။ အငှားကလည်း နေရာနဲ့ အိမ်ကောင်းရင် ကောင်းသလို ဈေးနှုန်းတက်တာမျိုးရှိတယ်။ အဓိကကတော့ ကုန်ဈေးနှုန်း တက်တော့ အိမ်ခြံမြေအငှားဈေး တွေပါ လိုက်တက်နေတာပဲ။ ပိုင်ရှင်တွေက သူတို့ ကြိုက်တဲ့ဈေးရမှ ငှားတယ်။ မရရင် မငှားပေးဘူး။”ဟု မန္တလေးမြို့ရှိ အကျိုးတော်ဆောင် ဦးတင်လှိုင်က ပြောသည်။

မန္တလေးမြို့ရှိ အိမ်ဌားဈေးကွက်တွင် ၂၀၁၅ ခုနှစ်က သွပ်မိုး ထရံကာ အိမ်တစ်အိမ်ကို တစ်လဌားရမ်းခ ကျပ်(၇၀၀၀၀)သာ ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်အတွင်း ကျပ်(၁၀၀၀၀၀)ဝန်းကျင်၊ ၂၀၁၅ ခုနှစ်တွင် လုံးချင်း RC တစ်လဌားရမ်းခမှာ ကျပ်(၃)သိန်းသာ ရှိခဲ့သော်လည်း လက်ရှိ (၅)သိန်းခန့်ဈေးပေါက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ မန္တလေးမှာ အရောင်းအဝယ်က မတရားကိုအေးတယ်။ ပြီးခဲ့တဲ့ နှစ်မတိုင်ခင် အရောင်းအဝယ်က မဖြစ်ဘူး။ အစိုးရအသစ်ကလည်း အပြောင်းအလဲရှိလာတော့ မြေကွက်ဝယ်မဲ့သူတွေကလည်း မဝယ်ရဲကျသလို ရောင်းတဲ့သူကလည်း မရောင်းရဲဘူး။”ဟု မန္တလေးမြို့မှ ဝါရင့်မြေ အကျိုးဆောင် ဦးမြင့်ဆွေက ပြောသည်။

လက်ရှိ မန္တလေးမြို့ရှိ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်များတွင် အိမ်ခြံမြေ အငှား လုပ်ငန်းများ အများဆုံး အလုပ်ဖြစ်ကြောင်း အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။

Credit: Myitmakha

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service