ဂျိမ်းစ်ဘွန်းဇာတ်ကားများရိုက်ကူးခဲ့သည့် စတူဒီယိုကိုဖျက်သိမ်းကာလူနေအိမ်များဆောက်လုပ်တော့မည်

ဂျိမ်းစ်ဘွန်းဇာတ်ကားများရိုက်ကူးခဲ့သည့် စတူဒီယိုကိုဖျက်သိမ်းကာလူနေအိမ်များဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com
1 Jun 2016 11:35 am တွင် တင်ခဲ့သည်
2634 ကြိမ် ကြည့်ရှု့ပြီး
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ အနောက်မြောက်ဘက် ဘက်ကင်ဟန်ရှိုင်းယားခရိုင်၊ ဒန်ဟမ်မြို့ ကလေးရှိ ကမ္ဘာကျော်ဂျိမ်းစ်ဘွန်းရုပ်ရှင်များ ရိုက်ကူးခဲ့သည့် စတူဒီယိုကြီးကို ဖျက်သိမ်းကာလူနေအိမ်များဆောက် လုပ်တော့မည်ဖြစ်ကြောင်း လန်ဒန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

အဆိုပါစတူဒီယိုတွင် Tomorrow Never Dies၊ GoldenEye၊ Quantum of Solace နှင့် Skyfall ဂျိမ်းစ်ဘွန်းဇာတ်ကားများ ၊ Star War ဇာတ်ကားများ၊ စူပါမင်းကားများ ရိုက်ကူးတည်းဖြတ်ခဲ့ပြီးယခုအခါ အဆိုပါနေရာတွင် နေအိမ်သစ်ပေါင်း ၂၂၄ လုံးဆောက်လုပ်သွားတော့မည်ဟုဆိုသည်။
နေအိမ်သစ်များ၏ တန်ဖိုးမှာပေါင် ၃၅၀၀၀၀ မှ ၁ ဒသမ ၅ သန်းအထိ ဖြစ်ဖွယ်ရှိသည်။ မြေနေရာအကျယ်အ၀န်း မှာ ၁၂ ဧက ကျယ်ဝန်းပြီး ဒန်ဟမ်ဘူတာရုံမှ ၁၅ မိနစ် ခြေလျင်ခရီးသာ ကွာဝေးသည်။
စတူဒီယို၏ အလယ်ဗဟိုတွင်ရှိသော ရုပ်ရှင်တည်းဖြတ်သည့် အဆောက်အအုံမှာ ၁၉၃၆ ခုနှစ်ကဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီးကမ္ဘာကျော်ဒါရိုက်တာကြီးစတီဗင် စပီးလ်ဘတ်ကသူ၏ နာမည်ကျော်ရုပ်ရှင်ဇာတ် ကားများကို ရိုက်ကူးတည်းဖြတ်ခဲ့သည်။

ယင်းအဆောက်အအုံကို ၄၉ ထပ်အဆောက်အအုံ အဖြစ်ပြောင်းလဲတည်ဆောက်သွားမည်ဖြစ်သည်။
အဆိုပါအဆောက်အအုံဝန်းကျင်တွင် လူနေအဆောက်အအုံများ ဆောက်လုပ်သွားမည်ဖြစ်ပြီး လမ်းနာမည်များကို ယင်းစတူဒီယိုတွင် ရိုက်ကူးခဲသည့် ရုပ်ရှင်၊ ဒါရိုက်တာ၊ သရုပ်ဆောင်မင်းသား/မင်းသမီးတို့၏ အမည်များပေးသွားမည် ဖြစ်သည်။ ယင်းစတူဒီယိုသို့ အင်္ဂလန်ဘုရင်မကြီးမေရီက ၁၉၃၇ ခုနှစ်၊ ဂျော့ VI ဘုရင်နှင့် အဲလစ်ဇဘက်ဘုရင်မကြီးတို့က ၁၉၃၈ ခုနှစ်တွင် လာရောက်ကြည့်ရှုခဲ့ဖူးသည်။

၂၀၁၄ ခုနှစ်တွင် စတူဒီယိုပိတ်သိမ်းခဲ့ပြီး လွန်ခဲ့သောလ အနည်းငယ်ကWeston Homesကုမ္ပဏီသို့ အပြီးသတ်ရောင်းချခဲ့သည်။ လူနေအိမ်တည်ဆောက်မှုများကို ၂၀၁၈ ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။ “ဒန်ဟမ် ရုပ်ရှင်စတူဒီယိုဟာ နှစ်ပေါင်း ၈၀ နီးပါး ဟောလိဝုဒ်နဲ့ ဗြိတိသျှရုပ်ရှင်သမိုင်းရဲ့  အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်”ဟု Weston Homes ၏ အမှုဆောင်အရာရှိချုပ် ဘော့ဘ် ၀က်စ်တန်က ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျိမ်းစ်ဘွန်းဇာတ်ကားများရိုက်ကူးခဲ့သည့် စတူဒီယိုကိုဖျက်သိမ်းကာလူနေအိမ်များဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းဇာတ်ကားများရိုက်ကူးခဲ့သည့် စတူဒီယိုကိုဖျက်သိမ်းကာလူနေအိမ်များဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းဇာတ်ကားများရိုက်ကူးခဲ့သည့် စတူဒီယိုကိုဖျက်သိမ်းကာလူနေအိမ်များဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းဇာတ်ကားများရိုက်ကူးခဲ့သည့် စတူဒီယိုကိုဖျက်သိမ်းကာလူနေအိမ်များဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းဇာတ်ကားများရိုက်ကူးခဲ့သည့် စတူဒီယိုကိုဖျက်သိမ်းကာလူနေအိမ်များဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းဇာတ်ကားများရိုက်ကူးခဲ့သည့် စတူဒီယိုကိုဖျက်သိမ်းကာလူနေအိမ်များဆောက်လုပ်တော့မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service