မလေးရှားတွင် တရားမ၀င်ကားစွန့်ပစ်ရာ အဆောက်အအုံနေရာ ၂ ခုအားအာဏာပိုင်တို့ ဖျက်သိမ်း

မလေးရှားတွင် တရားမ၀င်ကားစွန့်ပစ်ရာ အဆောက်အအုံနေရာ ၂ ခုအားအာဏာပိုင်တို့ ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com
31 May 2016 12:23 pm တွင် တင်ခဲ့သည်
1453 ကြိမ် ကြည့်ရှု့ပြီး
မလေးရှားနိုင်ငံ၊ ဆလင်ဂေါပြည်နယ် ပြည်နယ်တွင် တရားမ၀င်ကားစွန့်ပစ်ရာအဆောက်အအုံနေရာ ၂ ခုကိုအာဏာပိုင်တို့ အင်အားသုံးဝင်ရောက်စီးနင်းကာ ဖျက်သိမ်းလိုက်ကြကြောင်းကွာလာလမ်ပူအခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆလင်ဂေါပြည်နယ်၊ တာမန်ရိန်းထရီးရှိသစ်မာ၊ သတ္တုတို့ဖြင့် တည်ဆောက်ထားသောအဆောက်အအုံ ၂ လုံးကိုမြေတူးကားများသုံးကာဖျက်သိမ်းခဲ့ကြခြင်း ဖြစ်သည်။ အင်အားသုံးဖျက်သိမ်းမှုကိုနံနက် ၁၀ နာရီခန့်တွင် စတင်ခဲ့ပြီးဒေသအုပ်ချုပ်ရေးအဖွဲ့ လက်ထောက်အကြီးအကဲဂျူဟာရီအာမက်ဦးဆောင်ကာဆီလာယမ်မြူနီစပယ်ကောင်စီ (MPS) မှ ၀န်ထမ်း ၈၀ နီးပါး၊ မြေစာရင်းအဖွဲ့၊ မီးရထားလမ်းကော်ပိုရေးရင်း (RAC)မှ အရာရှိများ ပါဝင်ခဲ့ကြသည်။
အဆိုပါတရားမ၀င်အဆောက်အအုံများသည် RACပိုင်ဆိုင်သော ၇ ဒသမ ၃ ဟက်တာ အကျယ်အ၀န်းရှိ မြေပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ယင်းနေရာကိုမော်တော်ကားများစွန့်ပစ်ရာနေရာအဖြစ် တရားမ၀င်အသုံးပြုနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်း ဂျူဟာရီကပြောကြားသည်။ “ဒီနေရာကို တရားမ၀င်အသုံးပြုနေတဲ့သူတွေကို အကြိမ်ပေါင်းများစွာသတိပေးခဲ့ပေမယ့် လိုက်နာခြင်းမရှိခဲ့ပါဘူး။ ဒီနေရာမှာမူးယစ်ဆေးသုံးစွဲသူတွေ ပုန်းခိုစတည်းချကြတယ်လို့ တိုင်ကြားချက်တွေလည်း ရခဲ့ပါတယ်”ဟု ဂျူဟာရီကဆက်လက်ပြောကြားသည်။

အဆိုပါနေရာတွင် ခြင်များပေါက်ဖွားလျက်ရှိသည့် အခြေအနေများကိုလည်းတွေ့မြင်ခဲ့ရသည်ဟုဆိုသည်။
ဖျက်သိမ်းပြီးနောက်ပိုင်းယင်းနေရာကိုပုံမှန်စစ်ဆေးစောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဟုလည်းဆိုသည်။
ဆီလာယမ်မြူနီစပယ်ကောင်စီဝင် ဘာတူမလေးကပြောကြားရာတွင် သူ၏ရာထူးသက်တမ်းငါးလအတွင်းယခုပြဿနာကိုကိုင်တွယ်ရန် ကြိုးပမ်းခဲ့ကြောင်းပြောကြားသည်။

“ဒီနေရာဟာလွန်ခဲ့တဲ့ ၆ နှစ်တာကာလတစ်လျှောက် ပြဿနာ တစ်ရပ် ဖြစ်နေခဲ့ပါတယ်။ အနီးနားမှာရှိတဲ့နေအိမ်တွေ ကဒီအမှိုက်ပုံကအနံ့မခံနိုင်ကြောင်း၊ ပြတင်းပေါက်တွေတောင် မဖွင့်ရဲကြောင်းတိုင်တန်းမှုတွေ ရှိခဲ့တယ်”ဟုဘာတူမလေးကပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မလေးရှားတွင် တရားမ၀င်ကားစွန့်ပစ်ရာ အဆောက်အအုံနေရာ ၂ ခုအားအာဏာပိုင်တို့ ဖျက်သိမ်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service