တပ်ပိုင်မြေမှာ တည်ဆောက်ဆဲအထပ်မြင့် ပြန်လည်စစ်ဆေးမည်ဟု ရန်ကုန်မြို့တော်ဝန်ဆို

တပ်ပိုင်မြေမှာ တည်ဆောက်ဆဲအထပ်မြင့် ပြန်လည်စစ်ဆေးမည်ဟု ရန်ကုန်မြို့တော်ဝန်ဆို - Property News in Myanmar from iMyanmarHouse.com
31 May 2016 11:32 am တွင် တင်ခဲ့သည်
1446 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့နယ် ၊ ပြည်လမ်းအနောက်ရပ်ကွက်ရှိ အမှတ် (၁၃၀/၁၃၂) တပ်ပိုင်မြေပေါ်က ဆောက်လက်စအဆောက်အအုံတည်ဆောက်ခွင့်ကို ပြန်လည်စစ်ဆေးမယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးရ သည်နေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားပါတယ်။

ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဒဂုံမြို့နယ် ၊ ပြည်လမ်းအနောက်အရပ် အမှတ်(၁၃၀/၁၃၂)က မြို့တော်စည်ပင်ခွင့်ပြုချက်ဖြင့် အထပ်မြင့်အဆောက်အအုံခြောက်လုံး တည်ဆောက်တာဟာ မြို့တော်စည်ပင်က ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ ညီညွတ်မှုရှိ၊ မရှိ ၊ ညီညွတ်မှုရှိပါက ဖြစ်ပေါ်လာနိုင်သည့် ပြသနာများအတွက် မည်သို့စီမံထားကြောင်း နောက်ထပ်ဆောက်လုပ်ခွင့် ခွင့်ပြုချက်များတောင်းပါက ခွင့်ပြု မပြုကို မေးမြန်းတာပါ။

ပြည်လမ်းအနောက်ရပ်ကွက် ၊ အထပ်မြင့်အဆောက်အအုံတည်ဆောက်ခွင့်ပြုရန် ၂၀၁၂ ခုက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ထောက်ချုပ်ရုံးက အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခွင့်ရရန် ကူညီဆောင်ရွက်ပေးပါရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ညှိနှိုင်းအကြောင်းကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဝါမင်းပရောပါတီး ဒီပလော့မန့် လီမိတက်ကနေ အထပ်မြင့် ၂၁၇ ပေနဲ့ ၁၅ ထပ် ၊ ၂၀၆ ပေနဲ့ ၁၅ ထပ် အဆင့်မြင့်လူနေအိမ်ရာ တည်ဆောက်ဖို့ စည်ပင်သာယာကို လျှောက်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၊ ရွှေတိဂုံဘုရား ကန့်သတ်ဇုန်ထဲမှာရှိတဲ့အတွက် ခွင့်မပြုသင့်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ကို အကြောင်းကြားခဲ့ပါတယ် ။ ဝါမင်းဆောက်လုပ်ရေး ကုမ္ပဏီက အထပ်မြင့်ကို ၁၈၅.၇ ပေနဲ့ ၁၂ ထပ်အမြင့် ပြင်ဆင်ပြီး တင်ပြခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၃ ခုနှစ်ဇန်နဝါရီလမှာ တည်ဆောက်ခွကင့်ပြုခဲ့ပါတယ်။

ခွင့်ပြုပေးချိန်က ရွှေတိဂုံဘုရား ကန့်သတ်ဇုန်ဧရိယာထဲမပါပေမဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာမှာ ရွှေတိဂုံဘုရား ကန့်သတ်ဇုန်ကို အရှေ့ဘက်မှာ အလံပြဘုရားလမ်း ၊ တိရစ္တာန်ဥယျာဉ် ၊ စက်ရုံလမ်း ၊ နတ်မောက်လမ်း ၊ ကမ္ဘာအေးဘုရားလမ်း ၊ မြောက်ဘက်မှာ ဓမ္မစေတီလမ်း ၊ အနောက်ဘက်လမ်းကို ဗဟိုလမ်းအတွင်းဘက်နဲ့ တောင်ဘက်ကို မင်းရဲကျော်စွာလမ်း ၊ မြို့ပတ်ရထားလမ်း ၊ ရွှေတိဂုံဘုရား လမ်းစုံကနေ ယောမင်းကြီးဦးဘိုလှိုင်လမ်းအထိ တိုးချဲ့ခဲ့တာကြောင့် ရွှေတိဂုံဘုရား ကန့်သတ်ဇုန်ထဲ ပါသွားပါတယ်။

ဦးမောင်မောင်စိုးက သည်လ ၁၄ ရက်နေ့ နိုင်ငံပိုင်သတင်းစာကနေ အထပ်မြင့်ဆောက်လုပ်ခွင့်တွေကို မြို့ပြအင်္ဂါရပ်နဲ့ညီဖို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့ပြီး အသေးစိတ်စစ်ဆေးမှာဖြစ်ပြီး မှုအားဖြင့် တည်ဆောက်ခွင့်ပြုထားတဲ့ အထပ်မြင့်တွေကိုတော့ တည်ဆောက်ခွင့်ခေတ္တရပ်ဆိုင်းထားတယ်လို့ ဖြေကြားပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ...

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ...

အသက် ၈၂ နှစ်အရွယ် အဘိုးအိုက ၎င်းကွယ်လွန်လျှင် ချစ်ရသောကြောင်ကလေးကို ကောင်းစွာကျွေးမွေး စောင့်ရှောက်မည့်သူအား တိုက်ခန်းနှင့် ပိုင်ဆိုင်မှုအားလုံး အမွေပေးမည်ဟုကြေညာ...

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service