မိမိကိုယ်ကိုယ်တိုးတက်လာစေဖို့ အိုင်ဒီယာ( ၁၀ )မျိုး

မိမိကိုယ်ကိုယ်တိုးတက်လာစေဖို့ အိုင်ဒီယာ( ၁၀ )မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
30 May 2016 12:11 pm တွင် တင်ခဲ့သည်
2503 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

၁. "ခဏကျမှ" ဆိုတာကနေ "ခုချက်ချင်း " လို့ပြောင်းလိုက်ပါ

ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ ...စောင့်နေ အုံးမယ်ဆိုရင် တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့အကျင့်နဲ့ ပဲ အဲ့လို ဖြစ်သွားနေတတ်ပါတယ် ။ ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေ ကိုခုချက်ချင်း လုပ်ပစ်လိုက်ပါ။

၂. အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ

ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ရင်ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိမ လုပ် မိ ပဲနေတတ်ပါတယ် ။ အဆိုတော် " ကို အငဲ တို့ ကိုလေးဖြူ "တို့ လည်း အမေဝမ်းကမွေးလာတာနဲ့ တန်းပြီးသီချင်းဆိုတတ်ကြတာ မဟုတ်လောက်ပါဘူး ။လူတိုင်းဟာ သုညကနေစတာ ချင်းအတူတူပါ ။သူတစ်ပါးလုပ်နိုင်ရင် ကိုယ် လည်း လုပ်နိုင်ရပါမယ် ။

၃. "စမ်းလျှောက် ကြည့်ပါ "

ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ စမ်း မလျှောက်ကြတဲ့အခါ ( လဲကျ တာ ရှိမယ် နာကျင်တာရှိမယ် ) တစ်သက်လုံးမလျောက်တတ်ပဲ နေသွားပါလိမ့်မယ် ။အရင်ပုံ စံ အတိုင်းပဲ လုပ်နေမယ်ဆိုရင် အကျိုးအမြတ် က လည်း နဂို အတိုင်း ပဲဖြစ်နေပါလိမ့်မယ် ။ကြီးမားတဲ့ အောင်မြင်မှု့ အသစ် ကို ရရှိချင်တယ် .. ဆိုရင် ကိုယ့်ကိုယ်ကို အသစ်စမ်းပြီး လုပ်ကြည့်တတ်ရပါမယ် ။

၎. နမူနာ ရှာပြီး " သူ့ဦးနှောက် ကိုဖောက်လာ ပါ "

သူများက လျပ်စစ်ထမင်းပေါင်းအိုး ကိုတီထွင်လာပေးပြီး မှတော့ ကိုယ်က ဘာလို့ ထင်းမီးနဲ့ အချိန်ကုန်ခံပြီး ထမင်းချက်နေအုန်းမှာလည်း????သူ့ကိုယူလာ အသုံးချပြီး ကိုယ့်ကိုယ်ကို ပိုတိုးတက် လာအောင် လုပ်ပစ်လိုက် ပေါ့ ။

၅. မိမိကိုယ်ကို "ရင်းနှီးမြုပ်နှံပါ "

စာအုပ် တစ်အုပ် ၁၀၀၀၀ ကျပ် ဈေးမပေါဘူး လို့ ထင်ချင်ထင်မယ် ။ဟောပြော ပို့ချ ပွဲ သင်တန်း တစ်ပွဲ တက်ခ ၁၀၀၀၀ ကျပ် အရမ်းဈေးကြီးနေတယ် လို့ထင်ကောင်းထင်မိလိမ့်မယ်။ဒါပေမဲ့ ကျွန်တော်တို့ iphone တို့ Galaxy Note တို့ လို ဖုန်းအကောင်းစားမော်ဒယ်အသစ်တွေ အမြဲတမ်း ကိုင်နေတတ်ကြ တယ် ။ ဟောပြော ချက်တွေ က အိုင်ဒီယာကောင်းကောင်းတွေ စာအုပ်ထဲကနည်းလမ်းကောင်း ကောင်းတွေ က ကိုယ့်ဘဝ ကို ပြောင်းလဲ သွားစေနိုင်ပါတယ် ။အိုင်ဖုန်း က ဘဝကိုပြောင်းလဲ သွားစေဖို့ ဆိုတာ က အင်မတန် နည်းပါးလွန်းပါတယ် ။ဒါကြောင့် အခြားအရာတွေ ထက် ကိုယ့်ကိုယ်ကိုရင်းနှီးမြုပ်နှံတာဟာ အင်မတန်အရေးကြီးပါတယ် ။

၆. ကိုယ့် ကိုယ်ကို သေချာရေရာအောင်ပြောထားပါ

" ကိုယ်ဟာဘယ်သူလဲ "
"ကိုယ်ဟာဘာ အတွက်မွေးဖွားလာသလဲ " ဆိုတာကိုယ်က ဘောလုံးသမားဖြစ်နေပြီး အတွင်းစိတ်ထဲမှာတော့ ဆရာဝန်ဖြစ်ချင်နေတယ် ဆိုရင်မမိုက်တာတော့ အသေအချာပါပဲ ။Key ကတော့ ကိုယ့်ကို ကိုယ်တွေ့ အောင်ရှာဖွေ တွေ့ရှိဖို့ပါပဲ ။နည်းလမ်းကလွယ်လွယ်လေး ပါ ကိုယ့်ကို ကိုယ်ပြန်မေးကြည့် လိုက်ပါ ။ကိုယ်သေတဲ့ အခါ ကိုယ့်အသုဘ ကိုလာပို့တဲ့သူတွေ ကိုယ့်အပေါ် ဘယ်လိုပြောစေချင်သလဲ ???အဲ့ဒီ အဖြေဟာ သင် ကိုယ်တိုင်ပါပဲ ။

၇. တစ်ပါး သူအကြောင်းထက် ကိုယ့်အကြောင်းကိုယ် ပိုသိပါစေ

ဘေးအိမ် ကဘာကြောင့် အိမ်ပြန်နောက်ကျနေတာလည်း?ဘယ်ဇာတ်ကား က ဆုံးခန်းရောက်တော့မယ် ..ဘယ်သူက ဘယ်သူနဲ့ ရည်းစားဒီအကြောင်းတွေ သိသွားလို့ ဘာအကြောင်းမှ ထူးမလာပါဘူး...။သိထားရမှာ က နှောင် ၅ နှစ် ကိုယ်ဘာဖြစ်မလဲ ဘယ်လိုဖြစ်ချင်သလဲ? ကိုယ်ဘာ အတွက်မွေးဖွား လာသလဲ ?ကိုယ်ဘာကိုနှစ်သက်သလဲ ?ကိုယ်ဘယ်အပိုင်းမှာတော် ပြီး ဘာကို တော်ချင်တတ်ချင်သလဲ ကိုယ့်ဘဝရဲ့ ရည်ရွယ် ချက်ရည်မှန်း ချက်က ဘာလဲ ?ကျွန်တော် ပြောတာ ဟုတ်ပါသလား ခင်ဗျာ ?

၈.ကိုယ့်ရဲ့အားသန်မှုကို မြှင့်တင်ပါ

အကယ်လို့ ကိုယ်က မိချောင်းကို သစ်ပင်တက်အောင် အတင်းသင်ပေးနေရင် အင်မတန် ခက်ခဲ ပင်ပန်း နေမှာပါ ။ကိုယ့်ရဲ့ အားသန် မှုကိုတွေ့အောင်ရှာပြီး တိုးတက်အောင်လုပ်ပစ် လိုက်ပါ..။

၉. အပျော် ကိစ္စမှာ သိပ်မများပါနဲ့

ဒါပေမဲ့ ဆင်းရဲဒုက္ခ ကိစ္စမှာ နဲနဲများပါစေ ။
( ၁၀၀ လောက်ရည်ရွယ်ထားပြီး ၂၀ လောက်ရ လာရင်လည်း ၂၀ အောင်မြင်ပြီလို့အောင်ပွဲခံတတ်ပါစေ )ဘာကြောင့်လဲ ဆိုရင် စိတ်ညစ်စိတ်ရှုပ် ဒေါသဖြစ် စိတ်ဆင်းရဲနေရင် ... ဘယ်လိုလူက များ ကိုယ့်ကို ကိုယ် တိုးတက်အောင်လုပ်ဖြစ်တော့မှာလဲ???

၁၀ . "နာကျင်စရာတွေ " အလုံအလောက် ရှာဖွေပါ

တော်ပြီ ဒီလိုဘဝမျိုးတော်ပြီ မဖြစ်ချင်တော့ဘူး ဒီလို သာမန်လူမဖြစ်ချင်တော့ ဘူး ဒီလို တန်ဖိုးမရှိတဲ့သူ ဆိုပြီး သင့်မှာ Pain - ရှိပြီးသင့်မှာ အဲ့အရာ အပေါ် လုံလောက်အောင်နာကျင်ပြီးသွားတဲ့ အခါ ကျရင် ကိုယ့်ကိုယ်ကို အဲ့အရာကနေ ကန် ထုတ်ပစ် နိုင်ရမယ် ။ပြီးရင် အဲ့အရာကို ပေါက်မြောက် အောင်လုပ်ဆောင်ရပါမယ် ။ ဒါဟာ ကိုယ့်ကို ကိုယ်တိုးတက်စေပြီး ဘယ်သူမှဆွဲထားလို့ မရ စေနိုင်တဲ့ အောင်မြင်စေ တဲ့ နည်းလမ်း ၁၀ ခုပါလွပ်လပ်မှုဆိုတာလူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာရွေးချယ်ခဲ့မယ်ဆိုရင်ပေါ့.....။


Credit:သင်သိရင် သင်ချမ်းသာလိမ့်မယ်

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service