အိုမန်တွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိမ်ရာစီမံကိန်းဆောက်လုပ်ရန်အတွက် တရုတ်နှင့် ဆွေးနွေးလျက်ရှိ

အိုမန်တွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိမ်ရာစီမံကိန်းဆောက်လုပ်ရန်အတွက် တရုတ်နှင့် ဆွေးနွေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
26 May 2016 11:13 am တွင် တင်ခဲ့သည်
1201 ကြိမ် ကြည့်ရှု့ပြီး
အိုမန်နိုင်ငံတွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိမ်ရာစီမံကိန်းဆောက်လုပ်ရန်အတွက် အိုမန်၏ ဦးဆောင် developer ဖြစ်သူ Omagine သည် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ဆွေးနွေးလျက်
ရှိကြောင်း အရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ယခုစီမံကိန်းကို Omagine ပရောဂျက်ဟု အမည်ပေးထားပြီး အိုမန်အခြေစိုက် Omagine မှ အဓိကဦးဆောင် အကောင်အထည် ဖော်ခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအခြေစိုက် Omagine Inc ၊ Consolidated Contractors International Company (CCIC), CCC-Oman နှင့် Royal Court Affairs (RCA) တို့မှာ ရှယ်ယာရှင်များအဖြစ် ပါဝင်ကြသည်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရန် ဦးတည်သည့် ယင်းစီမံကိန်းတွင် ယဉ်ကျေးမှု၊ ဖျော်ဖြေရေးနှင့် လူနေအိမ်ဆိုင်ရာ အဆောက်အအုံများ ပါဝင်မည်ဖြစ်ပြီး အချင်း ၆၀ မီတာရှိသည့် ပုလဲရောင်အဆောက်အအုံ ၇ လုံးအပါအ၀င် ယဉ်ကျေးမှုဇုန်တစ်ခု ပါဝင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းအတွင်း ပြပွဲကျင်းပသည့်အဆောက်အအုံများ၊ လဟာပြင်ဇာတ်ရုံနှင့် စင်မြင့်တစ်ခု၊ တူးမြောင်းတစ်ခု၊ ဆိပ်ကမ်းတစ်ခု၊ လက်လီအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံး၊ ကြယ်လေးပွင့်အဆင့် ဟိုတယ်တစ်လုံး၊ ရုံးအဆောက်အအုံများနှင့် လူနေအိမ်ခန်းပေါင်း ၂၁၀၀ ခန့် ပါဝင်မည် ဖြစ်သည်။

ယင်းစီမံကိန်းတွင် CCC-Oman သည် အထွေထွေကန်ထရိုက်တာ အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်ပြီး လက်တွေ့ဆောက်လုပ်မှုများတွင်မူ ပါဝင်သွားမည်မဟုတ်ဘဲတရုတ်ကန်ထရိုက်တာများကို စောင့်ကြည့်ကွပ်ကဲသွားမည် ဖြစ်သည်။

လက်ရှိအားဖြင့် တရုတ်ကန်ထရိုက်တာများနှင့် ဆွေးနွေးဆဲအဆင့်တွင်ရှိပြီး တရုတ်တို့အနေဖြင့် အောက်ဖော်ပြပါ အချက် ၂ ချက်ကို လိုက်နာဖြည့်ဆည်းရန် သဘောတူမည်ဆိုလျှင် လုပ်ငန်းချထားပေးသွားမည်ဟုဆိုသည်။

အဆိုပါအချက် နှစ်ခုမှာ
(၁) သက်ဆိုင်ရာ ကန်ထရိုက် (သို့မဟုတ်) မိခင်ကုမ္ပဏီမှ Omagine စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံခြင်း
(၂) Omagine စီမံကိန်းအတွက် ဘဏ္ဍာရေးဆိုင်ရာကို တရုတ်ကန်ထရိုက်တာ (သို့မဟုတ်) မိခင်ကုမ္ပဏီမှ စီမံခန့်ခွဲခြင်း အစရှိသည်တို့ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အိုမန်တွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိမ်ရာစီမံကိန်းဆောက်လုပ်ရန်အတွက် တရုတ်နှင့် ဆွေးနွေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
အိုမန်တွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိမ်ရာစီမံကိန်းဆောက်လုပ်ရန်အတွက် တရုတ်နှင့် ဆွေးနွေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
အိုမန်တွင် ကန်ဒေါ်လာ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိမ်ရာစီမံကိန်းဆောက်လုပ်ရန်အတွက် တရုတ်နှင့် ဆွေးနွေးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service