အမေရိကန်နှင့် ဥရောပ၏ ခေတ်သစ်ဗိသုကာရေစီးကြောင်းများ

အမေရိကန်နှင့် ဥရောပ၏ ခေတ်သစ်ဗိသုကာရေစီးကြောင်းများ - Property News in Myanmar from iMyanmarHouse.com
19 May 2016 11:54 am တွင် တင်ခဲ့သည်
1477 ကြိမ် ကြည့်ရှု့ပြီး
မြေထဲပင်လယ်ဒေသနိုင်ငံများတွင် ဗိသုကာဒီဇိုင်းများမှာ တစ်နိုင်ငံနှင့် တစ် နိုင်ငံအကြား cross-pollination အသွင် ဒီဇိုင်းယဉ်ကျေးမှုကူးသန်းဖွံ့ဖြိုးခဲ့ကြသည်။
မြေထဲပင်လယ်နှင့် ထိစပ်လျက်ရှိသော နိုင်ငံများမှာ အယ်လ်ဘေးနီးယား၊ အယ်လ် ဂျီးရီးယား၊ ဘော့စ်နီးယားဟာဇီဂိုးဗီးနား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ အီဂျစ်၊ ပြင် သစ်၊ ဂရိ၊ အစ္စရေး၊ အီတလီ၊ လက်ဘနွန်၊ လစ်ဗျား၊ မာလ်တာ၊ မော်ရိုကို၊ မွန်တီမွန် ဂရိုး၊ ပါလက်စတိုင်း၊ စလိုဗေးနီးယား၊ စပိန်၊ ဆီးရီးယား၊ တူရကီနှင့် တူနီးရှား တို့ ဖြစ်ကြသည်။

မြေထဲပင်လယ်ဒေသတွင် အသုံးပြု သော အမိုးဟန် ဗိသုကာမှာဂရိနှင့် ရောမ ခေတ် (သို့မဟုတ်) ထို့ထက်ပင် ရှေးကျ နိုင်သည်။
ဥရောပနိုင်ငံများတွင် ယနေ့ကျော် ကြားလျက်ရှိသော ဗိသုကာဟန်များတွင် မြေထဲပင်လယ် ဗိသုကာ (သို့မဟုတ်) မြေထဲပင်လယ်ရီဗိုက်ဗယ်လ် ဗိသုကာ၊ စပိန် ရီဗိုက်ဗယ်လ် ဗိသုကာ၊ အီတာလျံရီ နေးဆင်း၊ မော်ဒန်မြေထဲပင်လယ်ဟူ၍ အဓိကအားဖြင့် ရှိကြရာမြေထဲပင်လယ် ရီဗိုက်ဗယ်လ်ဗိသုကာကို ယခုလတွင် တင်ပြလိုပါသည်။
မြေထဲပင်လယ် ရီဗိုက်ဘယ်လ် ဗိသု ကာသည် ရှေးရိုးစပိန်နှင့် အီတလီ ဗိသု ကာကို ပြင်သစ်၊ မော်ရိုကိုနှင့် အမေရိက ဗိသုကာတို့ဖြင့်ရောစပ်ထားခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် မြေထဲ ပင်လယ်ရီဗိုက်ဗယ်လ်ဗိသုကာဟန် စတင် အသုံးပြုသည်မှာ ၁၉ ရာစု နှောင်းပိုင်းတွင် ဖြစ်သည်။
အမေရိကတွင် ပေါ်ထွန်းသောမြေထဲ ပင်လယ်ရီဗိုက်ဗယ်လ်ဗိသုကာသည် စပိန် ရီနေးဆင်း၊ စပိန်ကိုလိုနီဟန်၊Beaux-Artsi အီတာလျံရီနေးဆင်း၊ ဗီနီရှင်းဝေါ့သစ် ဗိသုကာတို့ ပေါင်းစည်းထားခြင်းဖြစ်သည်။

၁၉၂၀ ပြည့်လွန်ကာလများနှင့် ၁၉၃၀ ပြည့်လွန်ကာလ များတွင် အမေရိက ၌ မြေထဲပင်လယ်ရီဗိုက်ဗယ်လ်၏ ကျော် ကြားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ သည်။
ကယ်လီဖိုးနီးယားနှင့် ဖလော်ရီဒါ ကမ်းခြေများရှိ အပန်းဖြေအဆောက်အအုံ များ ဆောက်လုပ်ရာ တွင် မြေထဲပင်လယ် ရီဗိုက်ဗယ်ဟန်ကို အသုံးပြုဆောက် လုပ်မှု များ လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။

မြေထဲပင်လယ်ရီဗိုက်ဗယ်လ ဗိသုကာ ၏ အခြေခံလက္ခဏာ များကား ထောင့်မှန် စတုဂံပုံကြမ်းခင်းချထားမှု၊ တံခါးနှင့် ပြတင်းတို့ကို အခုံးပုံဖော်မှု၊ မျက်နှာစာ များတွင် အပြိုင်သဘောများ ထည့်သွင်း မှု၊ အနီရောင်အမိုးများ၊ အင်္ဂတေပလပ် စတာဖြင့် ပုံဖော်သည့ှ်Stuccoed walls များ ဖြစ်ကြသည်။ အမေရိကတွင် မြေထဲပင်လယ်ရီ ဗိုက်ဗယ်လ်ဗိသုကာကို ဟိုတယ်များ၊ လူနေတိုက်ခန်းအဆောက်အအုံများ၊ လူနေအိမ်များ၊ စီးပွားရေးရုံး အဆောက် အအုံများ ဆောက်လုပ်ရာတွင် အများဆုံး အသုံးပြုကြသည်။

ဖလော်ရီဒါတွင် မြေထဲပင်လယ်ရီဗိုက် ဗယ်လ်ကို အစောဆုံးအသုံးပြုသည့် ဗိသုကာများမှာ သြဂတ်စ်ဂီဂျာနှင့် အက်ဒစ် ဆင်မစ်ဇ်နာတို့ ဖြစ်ကြပြီး ကယ်လီဖိုးနီးယား ပြည်နယ်တွင် ဘာထရန်ဂွတ်ထ်ဟု၊ ဆမ်နာစပေါလ်ဒင်းနှင့် ပေါလ်ဝီလျံတို့ ဖြစ်ကြသည်။

အမေရိကန်ပြည်ထောင်စုတွင် မြေထဲ ပင်လယ်ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထား
သည့် ထင်ရှားသော အဆောက်အအုံများစွာရှိသည့်အနက် အဆောက်အအုံ ၁၀ ခုကို ထုတ်နှုတ်တင် ပြရလျှင် ...
(၁) ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် အိမ်ဂျလိရှိ သံတမန်ဟိုတယ်
(၂) ဖလော်ရီဒါပြည်နယ်၊ မီယာမီရှိ ဖရီးဒမ်းတာဝါ
(၃) ဖလော်ရီဒါပြည်နယ်၊ စိန့်ပီတာ စဘတ်ရှိ ဗင်နွိုင်းပါ့ခ်ဟိုတယ်
(၄) ဖလော်ရီဒါပြည်နယ်ရှိ မီယာမီဘာလ် တီမိုးဟိုတယ်
(၅) ဖလော်ရီဒါပြည်နယ်ရှိ ဖော့ထ်ဟယ် ရစ်ဆင်ဟိုတယ်
(၆) ဘီဗာလီရှိုးဘူတာရုံ
(၇) ၀စ်္စကွန်ဆင်ပြည်နယ်ရှိ ပို့ထ် ၀ါရှင်တန် မီးသတ်ဌာန အဆောက်အဦ
(၈) မီချီဂန်ပြည်နယ်၊ ဒက်ထရွိုက် မြို့ရှိ ကူလေးအထက်တန်းကျောင်း
(၉) ဖလော်ရီဒါပြည်နယ်ရှိ ဆန်းရိုက်စ် ကဇာတ်ရုံ
(၁၀) ဖလော်ရီဒါပြည်နယ်၊ ဒယ်လ်ရေး ကမ်းခြေရှိသည် ကိုလိုနီဟိုတယ်တို့ ဖြစ်ကြသည်။ ။

အိအိအေးအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အမေရိကန်နှင့် ဥရောပ၏ ခေတ်သစ်ဗိသုကာရေစီးကြောင်းများ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်နှင့် ဥရောပ၏ ခေတ်သစ်ဗိသုကာရေစီးကြောင်းများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service