၂၀၂၀ အိုလံပစ်ပွဲတော်ကြောင့် ဂျပန်အိမ်ခြံမြေဈေးကွက် ကိုရင်းနှီးမြှုပ်နှံသူများစွာ မျက်စိကျလျက်ရှိကြောင်းတိုကျို အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
လက်ရှိအားဖြင့် ဂျပန်စီးပွားရေးအခြေအနေ ကိုကြည့် မည်ဆိုလျှင် ရတက်မအေးဖွယ်ရာ များစွာတွေ့ရသည်။
အမေရိကန်တွင် ငွေကြေးမူဝါဒများ တင်းကြပ်လာမှု၊ တရုတ်စီးပွားရေးနှေးကွေးမှု၊ ကမ္ဘာလုံးဆိုင်ရာ ၀ယ်လိုအားကျဆင်းမှုတို့အပြင် ဧပြီလအတွင်း ကဂျပန်တောင်ပိုင်း ကျူရှူးကျွန်းတွင် ငလျင်လှုပ်ခတ်မှုများသည် ဂျပန်စီးပွားရေး ကျဆင်းဖွယ်အလားအလာ များအဖြစ် ရတက်မအေးဖွယ် ရှိသည်။
မြေငလျင်လှုပ်ခတ်မှုမှာရေတိုစီးပွားရေးအရှိန်နှင့် ဖွံ့ဖြိုးမှုကိုထိခိုက်စေသော်လည်းတိုကျို အိမ်ခြံမြေဈေးကွက်နှင့် ၀ယ်လိုအားကို ရေရှည်ထိခိုက်စေမည်မဟုတ်ဟုခန့်မှန်းရသည်။
ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံသူတို့သည် ရေတိုကာ လဖြစ်ပေါ်ပြောင်းလဲမှုများထက် ရေရှည်ကိုသာ ကြည့်လေ့ရှိရာ ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်နှင့် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး၏ စီးပွားရေးမူဝါဒဖြစ်သော အာဘေးနောမစ်တို့ကြောင့် တိုကျိုအိမ်ခြံမြေဈေးကွက်သည် အထွတ်အထိပ်သို့ ဦးမော့လာတော့ မည်ဖြစ်ကြောင်း သုံးသပ်ကြသည်။
တိုကျိုအိမ်ခြံမြေဈေးကွက်၏ အားသာချက်တစ်ခု မှာငွေဖြစ်လွယ်မှု အားကောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှု အခိုင်အမာရရှိထားခြင်းတို့ပင် ဖြစ်သည်။
Real Capital Analytics မှ ထုတ်ပြန်သော ၂၀၁၅ ခုနှစ်အတွင်း အိမ်ခြံမြေ အရောင်းအ၀ယ်ဖြစ်မှု အချက်အလက်များအရတိုကျိုမြို့ သည် တစ်ကမ္ဘာလုံးအတိုင်းအတာတွင် ပဉ္စမနေရာ၌ ရပ်တည်လျက်ရှိသည်။
ပထမလေးနေရာတွင် ရပ်တည်လျက်ရှိသည် မှာနယူးယောက်၊ လန်ဒန်၊ လော့စ်အိန်ဂျလိနှင့် ဆန်ဖရန်စစ္စကိုတို့ ဖြစ်ကြသည်။
အောက်စ်ဖို့ စီးပွားရေးပညာရှင်များ၏ ခန့်မှန်းချက်တစ်ရပ် တွင် ဖော်ပြထားချက်အရ ၂၀၃၀ ခုနှစ်တွင် ဂျီဒီပီအမြင့်မားဆုံးရှိမည့် ကမ္ဘာ့မြို့ ကြီးပေါင်း ၃၀ စာရင်းတွင် အိုဆာကာနှင့် နဂိုယာမြို့ ကြီးများ မပါဝင်တော့သော်လည်း တိုကျိုမှာ တစ်ကမ္ဘာလုံးတွင် နံပါတ်တစ်နေရာ၌ ရပ်တည်လျက်ရှိသည်။
လာမည့် ၁၅ နှစ်အတွင်းတိုကျိုမြို့ ၏ ဂျီဒီပီသည် ဂျပန်တစ်နိုင်ငံလုံး ဂျီဒီပီ၏ ထက်ဝက်နီးပါးအထိ ရှိလိမ့်မည်ဟုခန့်မှန်းကြသည်။
ဤအချက်မှာတိုကျို၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးနိုင်မှု အလားအလာ ကိုမီးမောင်းထိုးပြသလိုက်ခြင်းဖြစ်ပြီးတိုကျို အိမ်ခြံမြေဈေးကွက် အတွက် သတင်းကောင်း လည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)