ကျပ် ၂ ဒသမ ၃ ဘီလျံ အသုံးပြု၍ ပန်းခြံများနှင့် ဘောလုံးကွင်းသစ်များ တည်ဆောက်မည်

ကျပ် ၂ ဒသမ ၃ ဘီလျံ အသုံးပြု၍ ပန်းခြံများနှင့် ဘောလုံးကွင်းသစ်များ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
16 May 2016 10:58 am တွင် တင်ခဲ့သည်
5228 ကြိမ် ကြည့်ရှု့ပြီး
လက်ရှိဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၂ ဒသမ ၃ ဘီလျံ အကုန်အကျခံ၍ ပန်းခြံ ၃ ခုနှင့် ဘောလုံးကွင်း ၉ ခုကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်း ထိန်းသိမ်းရေးဌာန တာဝန်ရှိသူက ပြောသည်။

ရန်ကုန်မြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ယခင်က ကြာရှည်စွာ ထိန်းသိမ်းမွမ်းမံပြင်ဆင်မှုမရှိခဲ့သည့် ပန်းခြံများနှင့် အားကစားကွင်းများကို အကြီးစားနှင့် အလတ်စား ပြန်လည် ပြုပြင်မွမ်းမံခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။

"ဒီနှစ်မှာ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ မြနန္ဒာပန်းခြံကို မွမ်းမံပြင်ဆင်မယ်။ သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုပန်းခြံကို အဆင့်မြှင့်တင်မယ်။ ဆိပ်ကမ်းသာပန်းခြံ(၂)ကို အသစ်တည်ဆောက်သွားပါမယ်။ ပြီးတော့ မြို့နယ်အသီးသီးမှာ ဘောလုံးကွင်း အသစ်တွေကို ဖော်ထုတ်သွားပါမယ်"ဟု ပန်းဥယျာဉ်နှင့် အားကစားကွင်း ထိန်းသိမ်းရေးဌာနမှူး ဦးကိုကိုလင်းက ပြောသည်။ အသစ်တည်ဆောက်သွားမည့် ဘောလုံးကွင်းများသည် မြောက်ဥက္ကလာပမြို့နယ်တွင် ၂ ခု၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၁ ခု၊ တောင်ဒဂုံမြို့နယ်တွင် ၁ ခု၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၁ ခု၊ သာကေတမြို့နယ်တွင် ၁ ခု၊ လှိုင်သာယာမြို့နယ်တွင် ၁ ခုနှင့် ရွှေပြည်သာမြို့နယ်တွင် ၂ ခု ဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ပန်းခြံပေါင်း ၆၃ ခု ရှိပြီး အဆင့်မြှင့်တင်ပြုပြင်ခဲ့သည့် ပန်းခြံများမှာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ၁၀ ခု၊ ၂၀၁၄-၁၅
ဘဏ္ဍာနှစ်တွင် ၆ ခု၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ၇ ခုဖြစ်ပြီး၊ ၎င်းတို့အနက် ပန်းခြံ ၁၁ ခုကို အကြီးစားပြင်ဆင်မွမ်းမံခဲ့ခြင်း ဖြစ်သည်။ အထက်ပါဘဏ္ဍာနှစ်များအတွင်း ပန်းခြံ ၂၂ ခုကို သာမန်အဆင့်ပြင်ဆင်ခဲ့ပြီး ပုံမှန်ထိန်းသိမ်းထားသည့် ပန်းခြံများမှာ ၁၃ ခုနှင့် ဆက်လက်မွမ်းမံပြင်ဆင်ရန် လိုအပ်သေးသည့် ပန်းခြံမှာ ၅ ခုရှိသည်ဟု သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း အားကစားကွင်း ၁၀၀ ရှိရာ ဧရိယာ အကျယ် ၁၂၉ ဒသမ ၄၇၄ ဧရိယာရှိသည်ဟု အဆိုပါဌာန တာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပန်းခြံများနှင့် အားကစားကွင်းများ ပြင်ဆင်မွမ်းမံမှုများအတွက် အသုံးစရိတ်မှာ ကျပ် ၃ ဒသမ ၅ မှ ၃ ဒသမ ၇ ဘီလျံအတွင်း ရှိခဲ့ပြီး၊ လက်ရှိဘဏ္ဍာနှစ်တွင် ဘတ်ဂျက်သုံးစွဲနိုင်မှု နည်းပါးကြောင်း ဦးကိုကိုလင်းက ပြောသည်။

"ဘတ်ဂျက်ကတော့ ဒီနှစ် နည်းသွားတယ်။ နည်းသွားတယ်ဆိုတာကလည်း ရန်ကုန်မြို့အတွက် တခြားအရေးကြီးတဲ့ လုပ်ငန်းတွေအတွက်လည်း သုံးရတယ်။ ကျွန်တော်တို့ဌာနကလည်း ကော်မတီက ခွဲဝေပေးတဲ့ ငွေပဲသုံးရတာဟု ၎င်းက ပြောသည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service