ရိုးစင်းလှသည့်အသွင်အပြင်ဖြင့် ယနေ့တိုင် ခံ့ညားသပ်ရပ်စွာ လူငယ်တို့ဝင်ထွက်သွားလာရာ နှစ်ပေါင်း ၁၀၀ ကျော်မှ အဆောက်အအုံ

ရိုးစင်းလှသည့်အသွင်အပြင်ဖြင့် ယနေ့တိုင် ခံ့ညားသပ်ရပ်စွာ လူငယ်တို့ဝင်ထွက်သွားလာရာ နှစ်ပေါင်း ၁၀၀ ကျော်မှ အဆောက်အအုံ - Property News in Myanmar from iMyanmarHouse.com
16 May 2016 10:42 am တွင် တင်ခဲ့သည်
954 ကြိမ် ကြည့်ရှု့ပြီး
ဂန္တဝင်ဆန်သည့် ရှေးဟောင်းအဆောက်အအုံတစ်ခုမှ တံခါးတစ်ချပ်သည် တစ်နေ့တာလုံးကို လူငယ်တို့ ဝင်ထွက်စေဖို့အတွက် သတ်မှတ်ပေးထားသကဲ့သို့ လူငယ်အများစု နေ့စဉ်ဝင်ရောက်လျက်ရှိသည်။ လူငယ်များ ဝင်ရောက်လာသော်လည်း ဆူညံခြင်း အလျဉ်းမရှိသည့် တိတ်ဆိတ်အေးချမ်းသည့် အဆောက်အအုံသည် သီးခြားကမ္ဘာတစ်ခုသဖွယ် တည်ရှိနေသည်မှာ ရန်ကုန်မြို့လယ်ကောင် ကမ်းနားလမ်း အမှတ် ၈ဝ တွင် ဖြစ်သည်။

ယင်းအဆောက်အအုံသည် နှစ်ပေါင်း ၁၁၈ နှစ် သက်တမ်းရှိမည်ဟု မည်သို့မျှပင် မထင်မှတ်ရသည့် အသွင်ဖြင့် သပ်ရပ်စွာ၊ ခမ်းနားစွာ၊ ကျက်သရေရှိစွာနှင့် ခိုင်ခံ့စွာ ကမ်းနားလမ်းမကြီးပေါ်တွင် တည်ရှိနေသည်။ ၄ ထပ်မျှ ပါဝင်သည့် ယင်း အဆောက်အအုံသည် အဖြူရောင် ရိုးစင်းလှသော်လည်း အတွင်းအပြင်များသည် အလွန်ပင် ပြုပြင်ထိန်းသိမ်းမှု အားကောင်းသဖြင့် ၂၁ ရာစု အဆောက်အအုံများကဲ့သို့ပင် ထင်မှတ်ရသည်။

ထိုအဆောက်အအုံသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံရုံးဖြစ်ပြီး သံရုံးနှင့်အတူ ဗြိတိသျှကောင်စီ စာကြည့်တိုက်နှင့် အခြားသော လူငယ်များအတွက် အခွင့်အလမ်းများကို ပေးအပ်နေသည့် ဌာနငယ်ကလေးများစွာကို ဖွဲ့စည်းထားသည့် နေရာတစ်ခုလည်း ဖြစ်သည်။

သို့သော် ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်စဉ်က ယင်းအဆောက်အအုံပေါ်တွင် ဗြိတိန်သံရုံးအနေဖြင့် ဖွင့်လှစ်ရန် ရည်ရွယ်ခဲ့ခြင်းမဟုတ်ဘဲ သာမန် နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းတစ်ခု၏ အဆောက်အအုံအဖြစ်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။

ကုန်သွယ်မှုပြုလုပ်ရန်အတွက် ရည်ရွယ်တည်ဆောက်ခဲ့သည့် ယင်းအဆောက်အအုံသည် ၁၈၉၈ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည်။ မူလပိုင်ရှင်မှာ စကော့တလန်နိုင်ငံသားပိုင် J & F.Graham ဖြစ်ပြီး ရုံးခွဲများသည် ဘုံဘေမြို့နှင့် ကာလကတ္တား စသည့် မြို့များတွင်လည်း တည်ရှိခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

အဆောက်အအုံ၏ ဗိသုကာနှင့် တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့သည့် အဖွဲ့မှာ Robinson & Mundy ဖြစ်ပြီး အဆောက်အအုံသည် အလွန်ရိုးရှင်းလှပသည့် အနောက်တိုင်း အဆောက်အအုံတစ်ခုအဖြစ် ယနေ့တိုင် ဆန်းသစ်ဆဲအသွင်အပြင်ကို မြင်တွေ့ရသည်။

ယင်းအဆောက်အုံတွင် J & F.Graham ကုမ္ပဏီမှ တင်သွင်းသော နာမည်ကျော်အမှတ်တံဆိပ် Rowntree ချောကလက်ကို ဖြန့်ဖြူးရောင်းချပေးခဲ့သည်။ ထို့အပြင် အာမခံလုပ်ငန်းများဖြစ်သည့် မီးအာမခံ၊ ရေကြောင်းအာမခံနှင့် မတော်တဆထိခိုက်မှုအာမခံ စသည့် ရန်သူမျိုးငါးပါးတို့၏ အာမခံအသီးသီးကို လက်ခံပေးသည့် နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။

လွတ်လပ်ရေးရရှိပြီးချိန်တွင်မူ အဆိုပါအဆောက်အအုံကို ဗြိတိသျှတို့၏ မြန်မာနိုင်ငံဆိုင်ရာ သံရုံးအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ဗြိတိသျှကောင်စီနှင့် စာကြည့်တိုက်တို့ကိုလည်း နောက်ပိုင်းတွင် ယင်းနေရာနှင့်ကပ်လျက် အမှတ် ၇၈ တွင် ပြန်လည်ပြုပြင်မွမ်းမံကာ ၂ဝဝ၁ ခုနှစ်က ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်သည်။

ယနေ့အခါ များပြားလှသည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ သင်တန်းများကို ဗြိတိသျှကောင်စီမှ ကြီးမှူးကာ လူငယ်များအတွက် ဖွင့်လှစ်သင်ကြားပေးခြင်း၊ ဗြိတိန်နိုင်ငံသို့ ပညာသွားရောက် သင်ကြားလိုသူများအတွက် ချိတ်ဆက် ဆောင်ရွက်ပေးခြင်းနှင့် အခြားသော အင်္ဂလိပ်ဘာသာစကား၊ ကွန်ပျူတာ၊ ပန်းချီ၊ စီမံခန့်ခွဲမှု၊ ပေါင်းသင်းဆက်ဆံမှု အစရှိသည့် ပညာရပ်ပေါင်းများစွာကို မျှဝေ ဖလှယ်ရာ လူငယ်များ၏ကမ္ဘာတစ်ခုလည်း ဖြစ်သည်။

ထို့ပြင် ပန်းချီ၊ ဂီတ၊ ရုပ်ရှင် အစရှိသည့် အနုပညာပြပွဲများ၊ ပြိုင်ပွဲများ၊ နိုင်ငံတကာပညာရှင်များ၏ တင်ဆက်မှုများနှင့် အတွေ့အကြုံများမျှဝေရာနှင့် ဖော်ထုတ်ပြသရာ နေရာတစ်ခုလည်း ဖြစ်သည်။ အနယ်နယ်အရပ်ရပ်မှ ရွက်ပုန်းသီး အရည်အချင်းရှိ လူငယ်များကိုလည်း ဖော်ထုတ်ပေးရာ နေရာတစ်ခုဖြစ်သည်။

ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် စာအုပ်ပေါင်း ၃ သောင်းကျော်၊ ဒီဗွီဒီပေါင်း ၃ဝဝဝ ကျော်နှင့် လူကြိုက်များသော ဗြိတိန်သတင်းစာများ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များနှင့် ဘီဘီစီအသံလွှင့်ဌာနမှ တိုက်ရိုက်ထုတ်လွှင့်သော ရုပ်သံသတင်းများနှင့်အတူ အင်တာနက်ဝန်ဆောင်မှုကိုလည်း အခမဲ့ရရှိမည် ဖြစ်ပြီး ကလေးငယ်များအတွက် ကလေးစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ပေးထားသည်။

ဗြိတိသျှကောင်စီသည် ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာယဉ်ကျေးမှု ကူးလူးဆက်ဆံရေး အဖွဲ့အစည်းဖြစ်ပြီး ၁၉၃၄ ခုနှစ်တွင် တည်ထောင်ထားခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်တွင် စတင်တည်ရှိခဲ့ခြင်း ဖြစ်သည်။

ဗြိတိသျှကောင်စီသည် ၄င်း၏ပရိုဂရမ်လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကြက်၍ လုပ်ဆောင် ပို့ချပေးခဲ့ပြီး လူပေါင်း ၂ သန်းကျော်ခန့်ဆီသို့ မျက်နှာချင်းဆိုင် ပို့ချပေးမှုများ၊ တီဗွီ၊ ရေဒီယိုနှင့် အွန်လိုင်းသတင်းဆက်သွယ်ရေးနည်းများနှင့် ပို့ချပေးမှုများမှတစ်ဆင့် သတင်းအချက်အလက်နှင့် သင်ကြားရေးအစီအစဉ်များကို ဖြန့်ဝေနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

Credit : MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service