ရက်တစ်ရာစီမံကိန်းအတွင်း စံနမူနာ တန်ဖိုးနည်း အိမ်ရာတစ်ခုကို နေပြည်တော်တွင် ဆောက်လုပ်မည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ရက်တစ်ရာစီမံကိန်းအတွင်း စံနမူနာ တန်ဖိုးနည်း အိမ်ရာတစ်ခုကို နေပြည်တော်တွင် ဆောက်လုပ်မည်ဟု ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား - Property News in Myanmar from iMyanmarHouse.com
3 May 2016 9:53 am တွင် တင်ခဲ့သည်
1112 ကြိမ် ကြည့်ရှု့ပြီး
ရက်တစ်ရာ စီမံကိန်းအတွင်း စံနမူနာအဖြစ် တန်ဖိုးနည်း အိမ်ရာတစ်ခု ဆောက်လုပ်သွားမည်ဟု ဆောက်လုပ်ရေး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

ယခင်က ဆောက်လုပ်ထားခဲ့သည့် တန်ဖိုးနည်းအိမ်ရာများမှာ တန်ဖိုးနည်းအိမ်ရာဟု သတ်မှတ်၍မရကြောင်း၊ ထို့ကြောင့် ပြည်သူများ အမှန်တကယ် တန်ဖိုးနည်းအိမ်ရာများ ရရှိစေရန်အတွက် နေပြည်တော်ရှိ ဆောက်လုပ်ရေးပိုင်မြေတွင် အထပ်ငါးထပ်ရှိပြီး အခန်းပေါင်း ၄၀ ပါဝင်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို စံနမူနာအဖြစ် မေ ၁ ရက်တွင် စတင် ဆောက်လုပ်သွားမည်ဟု
ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ပြည်သူ့အိမ်ရာလုပ်ငန်းတွေ အရင်တုန်းကတော့ ဆောက်ခဲ့တဲ့ဟာမှာ တန်ဖိုးနည်းအိမ်ရာဆိုပြီး တန်ဖိုးက မနည်းဘူးဖြစ်နေတယ်။ တန်ဖိုးက နည်းနည်းများနေတယ်။ ပြည်သူလူထုတွေ မတတ်နိုင်တဲ့ တန်ဖိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ ဌာနကြီးအနေနဲ့ သိချင်တယ်။ ကျွန်တော်တို့ ရက် ၁၀၀ စီမံကိန်းထဲမှာ ငါးထပ် အခန်း ၄၀ ပါတဲ့ စံနမူနာ ဖြစ်တဲ့ တန်ဖိုးနည်း အိမ်ရာတစ်ခုကို ဆောက်မှာပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

တန်ဖိုးနည်းအိမ်ရာ၏ ဈေးနှုန်း သတ်မှတ်နိုင်ရန်အတွက် စံနမူနာ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ခြင်းဖြစ်ပြီး အဆိုပါအိမ်ရာတွင် တည်ဆောက်မည့်အခန်းများကို တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ၀န်ကြီးက ပြောကြားသည်။

“တန်ဖိုးဘယ်လောက်အထိ နည်းနည်း ဆောက်ပေးလို့ရလဲဆိုတာကို စံချိန်စံညွှန်း ယူမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒါကို ဆောက်လို့ရတယ်ဆိုရင် နောက်ပိုင်းစံနမူနာအတိုင်း အဲဒီ စံချိန်စံညွှန်းထက်လည်း ကောင်းရမယ်။ တန်ဖိုးနည်းတယ်ဆိုတဲ့ အဆင့်ကို လည်းရောက်ရမယ်။ ဒါလေးကို ကျွန်တော်တို့ ရက် ၁၀၀ အတွင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကပဲ ဆောက်မှာပါ။ စံပြအိမ်ရာ ဆောက်လို့ရပြီဆိုရင် အခြေခံစံနှုန်းကိုရသွားပြီ။ တန်ဖိုးနည်း အိမ်ရာကို ဘယ်လောက်နဲ့ စပြီး ဆောက်လို့ရပြီဆိုတာကို ၀န်ကြီးဌာနတစ်ခု အနေနဲ့ သတ်မှတ်ပေးလိုက်လို့ရပြီ။ ဒီလိုလုပ်ခြင်းအားဖြင့် ပြည်သူလူထုရဲ့အိမ်ရာအခက်အခဲကိုလည်းကျွန်တော်တို့ဌာနအနေနဲ့ ဖြေရှင်းပေးရမယ်ဆိုတာကိုလည်း တာဝန်တစ်ခုအနေနဲ့ ကျွန်တော်တို့ ခံယူထားပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ပြည်သူများအခက်အခဲဖြစ်နေသည့် ဂရန်ပြသနာများ ဖြေရှင်းနိုင်ရန်အတွက် ဂရန်အမျိုးအစားပေါ် မူတည်၍ မေ ၁ ရက်တွင် သတ်မှတ်ချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

အိမ်၊ မြေ စသည့် ဂရန်အမျိုးအစားများပေါ် မူတည်ကာ ၄၅ ရက်ထက် မပိုစေသည့် ကြာမြင့်မည့် အချိန်ဇယားများကို အများပြည်သူ သိရှိနိုင်ရန်အတွက် ယင်းကဲ့သို့ ထုတ်ပြန် ကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။

“ဂရန် သွားလျှောက်တဲ့အခါမှာ ပိုက်ဆံတွေကုန်၊ အဆင့်တွေများပြီးတော့ တော်တော်နဲ့ မရဘူးပေါ့။ ကျွန်တော်လည်း ပြည်သူလူထုပါ။ ကျွန်တော်လည်း ခံစားခဲ့ရပါတယ်။ တော်တော်များများ မေးကြည့်တော့လည်း အဲဒီလိုပါပဲ။ ဂရန်သွားလျှောက်တဲ့အခါမှာ ပိုက်ဆံလည်းကုန်တယ်။ အချိန်လည်းကုန်တယ်။ ရချင်မှလည်းရမယ်ဆိုတဲ့ အနေအထားကို ကျွန်တော်တို့ ဖြေဖျောက်ပြီးတော့ ရက် ၁၀၀ စီမံကိန်းမှာလည်း လျှောက်တဲ့ ဂရန်အမျိုးအစားပေါ်မှာ မူတည်ပြီး မေ ၁ ရက်ကစပြီး တိတိကျကျ ကြေညာပါမယ်။ ပြည်သူတွေ အားလုံးသိအောင် ကြေညာပါမယ်”ဟု
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service