တောင်ကိုရီးယားတွင် ရှယ်ယာဈေးနှုန်းများကျဆင်းမှုကြောင့် အမေရိကန် အိမ်ခြံမြေကဏ္ဍတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံလာလျက်ရှိ

တောင်ကိုရီးယားတွင် ရှယ်ယာဈေးနှုန်းများကျဆင်းမှုကြောင့် အမေရိကန် အိမ်ခြံမြေကဏ္ဍတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံလာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
11 Apr 2016 10:10 am တွင် တင်ခဲ့သည်
738 ကြိမ် ကြည့်ရှု့ပြီး
တောင်ကိုရီးယားတွင် ရှယ်ယာဈေးနှုန်းများကျဆင်းကာအမြတ်အစွန်းနည်းပါးလာမှုကြောင့် ကိုရီးယားရင်းနှီးမြှုပ်နှံသူတို့သည် အမေရိကန်ပြည်ထောင်စု၊ မန်ဟက်တန်နှင့် ဆန်ဖရန်စစ္စကိုတို့တွင်ရှိသောမိုးမျှော်တိုက်ကြီးများရှိအိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများပြောင်းလဲလုပ်ကိုင်လာလျက်ရှိကြောင်းဆိုးလ်အခြေစိုက် အိမ်ခြံမြေ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

တောင်ကိုရီးယားသည် သက်ကြိးရွယ်အိုဦးရေများပြားကာအမျိုးသားပင်စင်ရန်ပုံငွေ ကိုရီးယားငွေ ၅၀၇ ထရီလီယံ
(ကန်ဒေါ်လာ ၄၁၃ ဒသမ ၂ ဘီလီယံ) အထိထားရှိရသည့် နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်းအမေရိကန်အိမ်ခြံမြေလောကတွင် စတုတ္ထမြောက်အကြီးမားဆုံးရင်းနှီးမြှုပ်နှံခဲ့သည့် နိုင်ငံဖြစ်သည်။

ယခုနောက်ပိုင်းကာလများအတွင်းတောင်ကိုရီးယားရှိရှယ်ယာဈေးနှုန်းများကျဆင်းလျက်ရှိရာစတော့ဈေးကွက်တွင် ငွေရှာရန် မလွယ်ကူကြောင်းဆိုးလ်အခြေစိုက် ဆရာများပင်စင်ရန်ပုံငွေအဖွဲ့မှ ကမ္ဘာလုံးဆိုင်ရာအလှည့်အပြောင်းရင်းနှီးမြှုပ်နှံမှုအဖွဲ့၏ အကြီးအကဲကင်မ်ချန်ဟိုကပြောကြားသည်။

ယခင်နှစ် နိုဝင်ဘာလအတွင်း ဆိုးလ်အခြေစိုက် မီရဲ့ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် ဆန်ဖရန်စစ္စကိုရှိFairmontဟိုတယ်ကိုကန်ဒေါ်လာသန်း ၄၅၀ ဖြင့် ၀ယ်ယူခဲ့ပြီးလော့တီဟိုတယ်ကလည်းနယူးယောက်ပဲလေ့စ်ဟိုတယ်ကိုကန်ဒေါ်လာ ၈၀၅ သန်းဖြင့် ၀ယ်ယူခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူတို့သည် ရှယ်ယာဈေးများကျဆင်းမှုကြောင့် အမေရိကန်ဓနများတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုပြုလုပ်လာကြသည်။
အမေရိကန်ပြည်ထောင်စုတွင် ယခင်နှစ်အတွင်းအိမ်ခြံမြေ၀ယ်လက်များ၏ ၁၅ ဒသမ ၄ ရာခိုင်နှုန်းမှာ ပြည်ပမှ ဖြစ်ကြသည်။

ယခင်က ပြည်ပ၀ယ်လက်ရာခိုင်နှုန်းအားဖြင့် ၆ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့သည်။
“အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုလို မြို့ ကြီးတွေကိုအလုံခြုံဆုံးရင်းနှီးမြှုပ်နှံမှုဈေးကွက်လို့ တစ်ကမ္ဘာလုံးက ရှုမြင်ကြတယ်”ဟုဆိုးလ်အခြေစိုက် အိမ်ခြံမြေအတိုင်ပင်ခံအဖွဲ့ဖြစ်သောSavills Korea မှ အတိုင်ပင်ခံဒါရိုက်တာ ဂျိုအန်ဟောင်ကပြောကြားသည်။

ကိုရီးယားရင်းနှီးမြှုပ်နှံသူတို့သည် ဖွံ့ဖြိုးပြီးနိုင်ငံများရှိအိမ်ခြံမြေကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုများပိုမိုပြုလုပ်လာကြခြင်း၏ အကြောင်းရင်းမှာကိုရီးယားစီးပွားရေးနာလန်ထူမှု နှေးကွေးနေခြင်းနှင့် အိမ်ခြံမြေဈေးကွက် သေးငယ်မှုတို့ကြောင့်ဖြစ်ကြောင်း ဂျိုအန်ဟောင်ကဆက်လက်ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service