ဟောင်ကောင်အိမ်ခြံမြေရောင်းအား ၂၅ နှစ်တာအတွင်းအနိမ့်ဆုံးအထိထိုးဆင်းပြီးနောက် မတ်လအတွင်း ပြန်လည်မြင့်တက်ခဲ့

ဟောင်ကောင်အိမ်ခြံမြေရောင်းအား ၂၅ နှစ်တာအတွင်းအနိမ့်ဆုံးအထိထိုးဆင်းပြီးနောက် မတ်လအတွင်း ပြန်လည်မြင့်တက်ခဲ့ - Property News in Myanmar from iMyanmarHouse.com
5 Apr 2016 11:39 am တွင် တင်ခဲ့သည်
814 ကြိမ် ကြည့်ရှု့ပြီး
ဟောင်ကောင် အိမ်ခြံမြေရောင်းချရမှုများ ကျဆင်းနေသည်မှာရက်သတ္တပတ် ၈ ပတ်ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းက ၂၅ နှစ်တာကာလအတွင်းအနိမ့်ဆုံးအထိထိုးဆင်းသွားပြီးနောက်ပိုင်းမတ်လအတွင်း ပြန်လည်မြင့်တက်လာကြောင်း၊ ကျွမ်းကျင်သူတို့ကမူဟောင်ကောင်အိမ်ခြံမြေအရောင်းအ၀ယ်ဆက်လက်ကျဆင်းဦးမည်ဟုသုံးသပ်ထားကြောင်းဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခု၏ ဧပြီလ ၃ ရက်သတင်းတစ်ရပ်တွင်ဖော်ပြသည်။

ဟောင်ကောင် အိမ်ခြံမြေဈေးနှုန်းမှာလည်း အရောင်းအ၀ယ်အေးမှုနှင့်အတူဆက်လက်ကျဆင်းဦးမည်ဟုခန့်မှန်းထားကြသည်။

ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေအေဂျင်စီMidland Realty က ထုတ်ပြန်ရာတွင် မတ်လအတွင်းဟောင်ကောင်မြေစာရင်းဦးစီးဌာနတွင် စာရင်းဝင်သည့် ရောင်းဝယ်မှု ၃၁၂၅ ခုရှိရာ ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်လျှင် ၂၁ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်ဟုဆိုသည်။

ဖေဖော်ဝါရီလအတွင်း ဟောင်ကောင်တွင် အိမ်ခြံမြေအရောင်းအ၀ယ် ၂၅၈၃ ခုသာဖြစ်ခဲ့သည်။
အဆိုပါပမာဏမှာ ၁၉၉၁ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးပမာဏလည်း ဖြစ်သည်။
ဟောင်ကောင်အိမ်ခြံမြေဈေးကွက် ထိုင်းမှိုင်းနေသည်မှာယခင်နှစ် ဇူလိုင်လကတည်းကဖြစ်သည်။

လူနေပြီးဖြစ်သောနေအိမ်ရောင်းချရမှုမှာမတ်လအတွင်း ၁၉၇၃ ခုရှိခဲ့ပြီး ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်လျှင် ၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
နေအိမ်သစ်ရောင်းချမှုကဏ္ဍတွင်လည်း Developer တို့ကပရောဂျက်သစ်များစတင်ရောင်းချမှုများကြောင့် ဖေဖော်ဝါရီလတွင် ၂၃၃ ခုသာရှိခဲ့ရာမှ မတ်လအတွင်း ၆၃၉ ခုသို့ မြင့်တက်လာခဲ့သည်။

လာမည့်လများတွင်လည်းပရောဂျက်ပေါင်း ၁၁ ခုမှ နေအိမ်ခန်းပေါင်း ၄၂၀၀ ခန့် ရောင်းချသွားဖွယ်ရာရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service