၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် အိမ်ခြံမြေတို့တွင် ပြည်တွင်း လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ ကုန်ထုတ်လုပ်မှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးနှင့် အိမ်ခြံမြေတို့တွင် ပြည်တွင်း လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော် - Property News in Myanmar from iMyanmarHouse.com
24 Mar 2016 11:26 am တွင် တင်ခဲ့သည်
590 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ လကုန်အထိ ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍနှင့် အိမ်ခြံမြေ ကဏ္ဍတို့တွင် နိုင်ငံသားများ အများဆုံး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၈ ဘီလျံကျော်အထိ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ပြည်တွင်း လုပ်ငန်းရှင်များမှ ၀င်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှု အနေအထားကို လေ့လာကြည့်ပါက
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် လုပ်ငန်း ၇၁၂ ခုဖြင့် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်ဖြင့် အများဆုံး မြှုပ်နှံ လုပ်ကိုင်နေကြသည်။ အလားတူ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် လုပ်ငန်း ၈၅ ခုဖြင့် ဒေါ်လာ သန်း ၆၀၀ နီးပါးအထိ ၀င်ရောက် လုပ်ကိုင်နေကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ လကုန်အထိ မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များအား လုပ်ငန်း ၄၅ ခု လုပ်ကိုင်ခွင့် ပြုထားပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်း ၅၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ် လက်ရှိကာလအထိ မြန်မာနိုင်ငံ အတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် လယ်ယာကဏ္ဍ အပါအ၀င် ကဏ္ဍပေါင်း ၁၁ ခုတွင် လုပ်ငန်းပေါင်း ၁၁၂၉ ခုဖြင့် ပြည်တွင်း လုပ်ငန်းရှင်များမှ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေသည့် ပမာဏမှာ တန်ဖိုးဒေါ်လာ ခြောက်ဘီလျံကျော်အထိ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏကို ရာခိုင်နှုန်းဖြင့် လေ့လာကြည့်ပါက ယခုနှစ်အတွင်း ၀င်ရောက်လာသည့် လုပ်ငန်းများ၏ ၃၉ ရာခိုင်နှုန်းမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍမှ ရာခိုင်နှုန်း ၃၀ အထိ ရှိခဲ့ကာ စက်မှုလုပ်ငန်းများမှ ၀င်ရောက်မှုမှာ ၁၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍတွင် သမ္မတ ဦးသိန်းစိန် အစိုးရသစ် လက်ထက် ငါးနှစ်အတွင်း ဒေါ်လာ သန်း ၅၈၀၀ ကျော်ဖြင့် အများဆုံး ၀င်ရောက်ခဲ့ကြောင်း၊ ဒုတိယ အများဆုံး အနေဖြင့် စက်မှုလုပ်ငန်းကဏ္ဍ ဖြစ်ပြီး ဒေါ်လာ သန်း ၄၇၀၀ ကျော်အထိ ၀င်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

Credit: Eleven Media Group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service