နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံ ငှားရမ်းခ တိုးမြှင့်သင့်ကြောင်း တိုင်းလွှတ်တော် ဘဏ္ဍာရေးကော်မတီအစီရင်ခံစာတွင် ဖော်ပြ

နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံ ငှားရမ်းခ တိုးမြှင့်သင့်ကြောင်း တိုင်းလွှတ်တော် ဘဏ္ဍာရေးကော်မတီအစီရင်ခံစာတွင် ဖော်ပြ - Property News in Myanmar from iMyanmarHouse.com
24 Mar 2016 10:26 am တွင် တင်ခဲ့သည်
1242 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသစ်လက်ထက် တွင် ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံ ငှားရမ်းခများ တိုးမြှင့်ကောက်ခံ သင့်ကြောင်း တိုင်းဒေသကြီးလွှတ် တော်မှ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သုံးသပ် ချက်အစီရင်ခံစာ၌ ဖော်ပြထား သည်။

လက်ရှိအစိုးရလက်ထက် တွင် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများငှားရမ်းခကို ဈေးကွက် ပေါက် ဈေးထက်လျှော့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များအား နှစ်ရှည်ငှား ရမ်းထားသဖြင့် နိုင်ငံတော်ဝင်ငွေတွင် နစ်နာရခြင်းကြောင့် ငှားရမ်းခတိုးမြှင့်ရန် အကြံပြုခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျက ပြောသည်။

‘‘ရသင့်တဲ့ ဈေးထက်နည်း တော့ နိုင်ငံတော်မှာ နစ်နာမှုတွေ ကြုံတွေ့နေရတယ်’’ဟု ဦးကျော် ဇေယျက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြေတန်ဖိုး နှစ်စဉ်မြင့်တက်နေ သဖြင့် နိုင်ငံပိုင်မြေများကို မည် သည့်ဈေးနှုန်းဖြင့် တွက်ပြီးရောင်း ချနေသည်ကိုလည်း ပွင့်လင်းမြင် သာစွာအသိပေးသင့်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ ငွေလုံးငွေရင်းရငွေများ၌ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် မြေကွက်ရောင်းချမှုမှ ကျပ် ၁၃၈ ဘီလီယံ၊ တိုက်ခန်းများရောင်းရ ငွေမှ ကျပ် ၅၆၆ ဘီလီယံရှိသည် ဟု ဖော်ပြထားသဖြင့် နည်းပါး ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိအစိုးရသည် ပုဂ္ဂလိကလုပ်ငန်းရှင်များအား မြေကွက်နှင့် အဆောက်အအုံများငှားရမ်းခြင်း၊ ရောင်းချခြင်းမှာ ပေါက်ဈေးထက် လျော့နည်းသည်ကို စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြဝေ ဖန်နေကြသည်။ ပုဂ္ဂလိကကို မြေ နှင့် အဆောက်အအုံရောင်းချခြင်း၊ ငှားရမ်းခြင်းတို့တွင် လာဘ်ပေး လာဘ်ယူမှုများရှိနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က စွပ်စွဲပြောဆိုမှုများရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ အပန်းဖြေဥယျာဉ်များ ပုဂ္ဂလိကထံသို့ ငှားရမ်းမှုများသည် နိုင်ငံတော်အတွက် နစ်နာမှုများရှိသည်ဟု ပထမအကြိမ်တိုင်းဒေသကြီးလွှတ်တော်စာရင်းစစ်ချုပ်က ဝေဖန်ထောက်ပြမှုများရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ကန်တော်ကြီး၊ မြကျွန်းသာပြည်သူ့ဥယျာဉ်မြေငှားရမ်းမှု တင်ဒါခေါ်ယူရာ၌ ပွင့်လင်းမြင်သာမှုအားနည်းခြင်း၊ ကာလပေါက်ဈေးထက်ငှားရမ်းခနှုန်းထားများ လျော့နည်းခြင်း၊ မည်သည့်နှုန်းထားဖြင့် ငှားရမ်းခဲ့သည်ကိုမသိရှိရခြင်းတို့နှင့် ပတ်သက်၍ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက မေးမြန်းခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် များ၏ မေးမြန်းမှုကြောင့် လက်ရှိ ရန်ကုန်မြို့တော်ဝန်က ကန်တော် ကြီးသဘာဝဥယျာဉ် ၁၈ ဧကကို ဇေကမ္ဘာကုမ္ပဏီအား ၂၀၁၅ မှ ၂၀၂၀ အထိ ဒုတိယငါးနှစ်စာချုပ် ကို တစ်နှစ်လျှင် ကျပ်သိန်း ၆၀၀ ဖြင့် ငှားရမ်းသည်ကို လွှတ်တော်၌ ပြန်လည်ဖြေကြားခဲ့သည်။

တစ်နှစ်လျှင် ကျပ်သိန်း ၆၀၀ သည် ၂၀၁၅ ဒီဇင်ဘာမှစတင်ခြင်းဖြစ်ပြီး ပထမ ၂၀၁၀ မှ ၂၀၁၅ အထိ ငှားရမ်းခမှာ တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀ ရှိခဲ့သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေးကျပ်တည်း နေသော်လည်း သူ၏ မူကြိုကျောင်းကို တစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ လှူဒါန်းပစ်ရန် စီစဉ်...

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service