အိမ်အရောင်းအဝယ်အတွက် ငှားရမ်းမလုပ်ကိုင်သင့်တဲ့ အကျိုးဆောင်များအကြောင်း

အိမ်အရောင်းအဝယ်အတွက် ငှားရမ်းမလုပ်ကိုင်သင့်တဲ့ အကျိုးဆောင်များအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
22 Mar 2016 12:48 pm တွင် တင်ခဲ့သည်
1583 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

နေအိမ်တိုက်တာ၊ ခြံမြေ ၊ ကား၊ စသဖြင့် ပိုင်ဆိုင်မှုအရာတွေကို ရောင်းချတော့မယ်ဆိုရင် ရောင်းသူဝယ်သူထံ ကိုယ်ကိုတိုင် အ ရောင်းအဝယ် လုပ်လိုက်တာထက် ကြားထဲက ကြားခံပွဲစားအကျိုး ဆောင်က ဝင်ပြီးဆောင်ရွက်ပေးလိုက်တာက ပိုပြီးတော့အကျိုးထူး ပြီး နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေကြပါတယ်။ တချို့ အကျိုးဆောင်ပွဲ စားတွေကျတော့ အိမ်ခြံမြေလုပ်ငန်းထဲ နှစ်ပေါင်းအတော်ကြာလုပ် ကိုင်ပြီး အတွေ့အကြုံတွေ အများကြီးရှိနေတဲ့အတွက်ကြောင့် သူ ကိုင်တွယ်တဲ့ အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စ က ပြန်လှည့်ကြည့်စ ရာမလိုလောက်အောင် အဆင်ပြေပြေနဲ့ ပြီးဆုံးသွားခဲ့တယ်ဆိုတဲ့ ချီးကျူးသတင်းစကားပဲ ထွက်ရှိလာပါတယ်။

ဒီလိုမဟုတ်ပဲ အချို့ရပ်ကွက်အိမ်ခြံမြေပွဲစားတွေကျတော့ အိမ်ခြံ မြေလုပ်ငန်းနဲ့ပတ်သက်ပြီး လုပ်ငန်းဘာသာရပ်ကို ထဲထဲဝင် ဝင် နားမလည်တဲ့အပြင် ဈေးကွက် အကြောင်းကိုလည်း တစေ့တစောင်း နားထောင်လေ့မရှိတဲ့ မတတ်တခေါက်ပွဲစားအကျိုးဆောင် တွေက သူတို့ပါးစပ်ထဲမှာပဲရှိတဲ့ အရပ်စကားဈေးစကား တွေခေါ်ပြီး မမှန် ကန်တဲ့အိမ်ခြံမြေဈေးကွက်နဲ့ အလုပ်အကြောင်း ရမ်းသမ်းပြောပြီး အရောင်းအဝယ်လုပ်ကိုင်တာက တစ်ခါတစ်လေကျတော့ ကြက် ကန်းဆန်အိုး တိုးသွားသလို လုပ်ငန်းအဆင်ပြေသွားသော်လည်းပဲ တစ်ခါတစ်လေကျတော့ ဈေးကွက်မှားယွင်းမှုတွေနဲ့ ရောင်းမှားဝယ် မှားတွေဖြစ်သွားတတ်ပါတယ်။ ဒီတော့ သင့်ရဲ့အိမ်ခြံမြေအရောင်းအ ဝယ်လုပ်ကိုင်မှုတွေမှာ ဒီလိုမျိုးလုပ်ငန်းမကျွမ်းကျင်တဲ့ ပွဲစားအကျိုး ဆောင်တွေနဲ့ လုပ်ငန်းမလုပ်ကိုင်မိအောင်လို့ သူတို့ရဲ့ အမူအကျင့်နဲ့ မှားယွင်းတဲ့လုပ်ဆောင်မှု အရည်အချင်းတွေအကြောင်း အသိပေး ဖော်ပြပေးလိုက်ပါတယ်။

၁။ အရောင်းအဝယ်လုပ်ငန်းနဲ့ ပတ်သက်ပြီး သတင်းစကားအပြန်အလှန်ပြောဆိုမှုမရှိခြင်း။
မိမိရဲ့ အိမ်ကိုသာအရောင်းအတွက် အပ်နှံလိုက်တယ်။ အပ်နှံလိုက်တဲ့ အချိန်ကတည်းကစပြီး ဘယ်လိုသတင်းအစအနမှ လာရောက် ပြောကြားတာမျိုးတွေ၊ ဈေးကွက်အနေအထားနဲ့ အိမ်ဈေးနှုန်းဘယ် လောက်ရနိုင်မလဲဆိုတာတွေ စသဖြင့် အရောင်းအဝယ်ကိစ္စအတွက် မိမိဆီကို ဘာသတင်းအစအနမှ ပေးပို့ခြင်းမရှိတဲ့ အကျိုးဆောင်တွေ နဲ့ အလုပ်လုပ်ကိုင်မလုပ်ကိုင်သင့်ပါဘူး။ ဘယ်သူ့ကိုရောင်းချင်တာ၊ ဘယ်လိုလူမျိုး၊ ဈေးဘယ်လောက်ခေါ်နိုင်တာ စသဖြင့် အကြောင်း အရာတွေ နောက်ပြီး အိမ်အရောင်းဖြစ်နိုင်၊ မဖြစ်နိုင်နဲ့အကျိုးဆောင် ပွဲစားခအကြောင်းတွေကို ဘာမှအသိပြန်ပေးခြင်း မရှိတဲ့ပွဲစားတွေ လက်ထဲ အိမ်ကိုမအပ်နှံလိုက်ပါနဲ့။

၂။ အရောင်းအဝယ်အတွက် လုပ်ငန်းလုပ်ဆောင်ရာတွင် ဦးစီးဦး ဆောင်မှု ကင်းမဲ့ခြင်း။
အိမ်ပွဲစားသာပြောတယ်။ မိမိအိမ်အရောင်းအဝယ်အတွက် အစအ ဆုံးကို ကိုယ့်ဘာသာ လိုက်လုပ်ပေးနေရတယ်။ တခြားဝယ်လက်ပွဲ စားတွေနဲ့ လိုချင်တဲ့အိမ်ဈေးနှုန်း ဈေးစကားတွေပြောတာ၊ ညှိနှိုင်း တာ၊ ချိတ်ဆက်တာစသဖြင့် ပွဲစားလုပ်ရမယ့် ကိစ္စတွေအားလုံးကို မိမိဘာသာ လုပ်ကိုင်နေကာ ငှားရမ်းထားတဲ့ မိမိရဲ့ပွဲစားကအဖော် သဘောမျိုးလောက်သာပဲ အသုံးဝင်တယ်ဆိုရင်တော့ အဲ့ဒီပွဲစားနဲ့ အလုပ်မလုပ်ပါနဲ့။ တစ်ဖက်ဝယ်လက်တွေကိုလည်း ကိုယ့်ဘာသာ ကိုယ် ရှာကြံရတယ်။ ပွဲစားကဦးဆောင်မှု မရှိရင်တော့ တခြားဦး ဆောင်နိုင်မယ့် အရည်အချင်းရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်ပွဲစားကို ပဲ ရှာအပ်လိုက်သင့်ပါတယ်။

၃။ ဈေးကွက်ပျက်နေတဲ့ အိမ်ခြံမြေဈေးကွက်နဲ့ ကစားတတ်တဲ့ပွဲစား တွေ၊ လည်လွန်းတဲ့အကျိုးဆောင်တွေကို ရှောင်ပါ။
ပွဲစားတွေလည်ကျတယ်။ လူရည်လည်းနှံ့တယ်ဆိုတာ လက်ခံပါ တယ်။ တချို့ပွဲစားတွေက အရမ်းလည်လွန်းအားကြီးတော့ ကိုယ့် ငှားရမ်းထားတဲ့ အိမ်ပိုင်ရှင်တွေကော၊ ဝယ်လက်တွေကပါ နှစ်ဖက် စလုံးက အကျိုးအမြတ်တွေ ထုတ်တတ်တဲ့ပွဲစားတွေလည်း ရှိပါ တယ်။ ပွဲဖြစ်ရုံသက်သက်နဲ့ တကယ်ဝယ်မယ့်သူလား၊ အယောင် ဆောင်လားဆိုတာ မသိရပဲနဲ့ ဝယ်လက်တွေခေါ်လာပြီး ဈေးက စားပြလိုက် တယ်။ နောက်ပြီး ဈေးကိုမဆန်တဆ ဈေးညှိခိုင်းလိုက် တာတို့ အရောင်းအဝယ်ရှုပ် လိုက်တာတို့ လုပ်တတ်တဲ့ အကျိုး ဆောင်တွေနဲ့ အလုပ်မလုပ်ကိုင်တာပိုပြီးတော့ ကောင်းပါတယ်။ ဒီ လိုလှည့်ပတ်နေတဲ့ အိမ်ခြံမြေပွဲစားကြောင့် ကိုယ့်အိမ်ရဲ့ပေါက်ဈေး နှုန်းနဲ့ အချက်အလက်တွေကို တခြားသူတွေသိသွားပြီးဈေးကောင်း ကောင်းနဲ့ အရောင်းမထွက်နိုင်တော့တဲ့ အခြေအနေမျိုးတွေတောင် ရောက်ရှိသွားတာကြောင့်ပါ။


Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service