မန္တလေးအိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ်သည့် တိုက်ခန်း ၄၀၀ အား လျှောက်ထားသူ ကိုးထောင်ကျော်ရှိ

မန္တလေးအိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ်သည့် တိုက်ခန်း ၄၀၀ အား လျှောက်ထားသူ ကိုးထောင်ကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
11 Mar 2016 11:43 am တွင် တင်ခဲ့သည်
3235 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီးအတွင်း ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ၌ တိုင်းဒေသကြီး အိုးအိမ်ဦးစီးဌာနက ဆောက်လုပ်သည့် တိုက်ခန်း ၄ဝဝ အတွက် လုပ်သက် ၂၅ နှစ်အထက် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများအား ရောင်းချပေးမည် ဖြစ်ရာ လျှောက်ထားသူ ၉၁၈၈ ဦးရှိကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ယခင် မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာချထားပေးစဉ်က ခရိုင်အတွင်းမှ လျှောက်ထားခဲ့ကြသည့် လုပ်သက် ၂၅ နှစ်အထက် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်း ၆၆၈၈ ဦးနှင့် ယခု ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၄ ရက်အထိ တိုင်းဒေသကြီးအတွင်းမှ လျှောက်ထားသူဦးရေ ၂၅ဝဝ ကျော် စုစုပေါင်း ၉၁၈၈ ဦးအား နေရာချထားပေးမည်ဖြစ်ကြောင်း၊ အိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ်ထားသည့် အဆောက်အအုံမှာ ၆၅၀ စတုရန်းပေ ကျယ်ဝန်းသည့် အခန်း လေးခန်းတွဲ လေးထပ် ၂၅ လုံး စုစုပေါင်းတိုက်ခန်း ၄ဝဝ ရှိကြောင်း သိရသည်။

''လက်ရှိလျှောက်ထားသူတွေသာမက ယခင် မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာလျှောက်ထားခဲ့ကြတဲ့ခရိုင်အတွင်းက လုပ်သက် ၂၅ နှစ်အထက် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်း တွေရဲ့ လျှောက်လွှာတွေကို ယခုတိုက်ခန်းတွေမှာ ဝယ်ယူခွင့်ထည့်သွင်းပေး သွားမှာ ဖြစ်ပါတယ်။ ထပ်မံလျှောက်ထားစရာ မလိုတော့ပါဘူး” ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ခန်းတန်ဖိုးများမှာ မြေညီထပ် ၁၆၅ သိန်း၊ ပထမထပ် ၁၅၅ သိန်း၊ ဒုတိယထပ် ၁၄၅ သိန်းနှင့် တတိယထပ် ၁၃၅ သိန်းတို့ဖြစ်ကြောင်း၊ ဝယ်ယူခွင့် လျှောက်လွှာများကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၄ ရက်အထိ တစ်စောင်လျှင် ငွေကျပ် ၅ဝဝ ဖြင့် ရောင်းချပေးခဲ့ပြီး မတ် ၇ ရက်မှ ၁၆ ရက်အတွင်း ယင်းလျှောက်လွှာများကို မြို့တော်စည်ပင်သာယာသို့ ပြန်လည်လျှောက်ထား
ရမည်ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service