နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုနည်းပါးလာပါက အိမ်ခြံမြေအရောင်း အ၀ယ်အေးပြီးဈေးကျနိုင်

နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုနည်းပါးလာပါက အိမ်ခြံမြေအရောင်း အ၀ယ်အေးပြီးဈေးကျနိုင် - Property News in Myanmar from iMyanmarHouse.com
29 Feb 2016 10:45 am တွင် တင်ခဲ့သည်
1258 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်အဝင်နည်းလာပါက အိမ်ခြံမြေဈေး ကွက် အရောင်းအဝယ်အေး ပြီး ဈေးကျဆင်း လာနိုင်ကြောင်းအိမ် ခြံမြေအကျိုးဆောင်များကပြောသည်.
‘‘အိမ်ခြံမြေ ဈေးကွက်က အစိုးရသစ်ရဲ့စီးပွားရေး မူဝါဒအ ပေါ်မှာ မူတည်နေတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက မျှော်လင့်ချက် သာမရှိရင် ဒီနှစ်မှာလည်း ဈေး ကွက်က အိဆင်းသွားဦးမှာပဲ’’ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင် မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦး က ပြောသည်။

ထို့ကြောင့် အစိုးရသစ်ပြောင်းလဲပြီး ပြည်ပ ရင်းနှီးမြှပ်နှံသူ များ ၀င်ရောက်လာမှသာ အိမ်ခြံမြေဈေးကွက် အကောင်းဘက်သို့ရောက်နိုင်ကြောင်း အကျိုးဆောင်များ ကသုံးသပ်သည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်သည် တရုတ်နိုင်ငံမှ ပြည်ပသို့ ငွေလွှဲပို့မှုများကန့်သတ်လာခြင်း၊ ပြည်တွင်း၌လည်း ငွေကြေးခဝါချမှုများ စောင့်ကြည့်စစ်ဆေးမှုများရှိလာခြင်း၊ ဝင်ငွေရလမ်း မဖော်ပြနိုင်ဘဲဝယ်ယူမှုများအပေါ် အခွန်ငါးဆတိုးမြှင့်ခြင်းတို့ ကြောင့် အရောင်းအဝယ်သည် လက်ရှိတွင် အေးနေကြောင်း အကျိုးဆောင် အချို့က ပြောကြားသည်။

ယခင် ဘဏ္ဍာနှစ် ပြည် ထောင်စုအခွန်အကောက်ဥပဒေ တွင် ဝင်ငွေရလမ်းမဖော်ပြနိုင်ပါ က အိမ်ခြံမြေ အခွန်နှင့် ပက်သတ်ပြီး တိုးမြှင့်ထားသည့် ‘‘အခွန်တိုးရင် အရောင်းအဝယ် ပိုပြီးအေး မယ်’’ဟု စိုင်းခွန်နောင်ဆောက် လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်း ပိုင်ရှင် ဦးစိုင်းခွန်နောင်က အိမ်ခြံ မြေဈေးကွက်အခြေအနေကို ပြော ပြသည်။
လက်ရှိဈေးကွက်အခြေ အနေသည် အိမ်ခြံမြေပူဖောင်း ပေါက်ရန် နီးစပ်နေသည့်အချိန် ဖြစ်နေပြီး ဈေးကွက် ပြန်လည် ကောင်းမွန်လာနိုင်ခြင်းမရှိ ကြောင်း ကျွမ်းကျင်သူများက ထောက်ပြနေသော်လည်း အိမ်ခြံမြေ အကျိုးဆောင် အချို့က ငြင်းဆန်သည်။

အထူးသဖြင့် ရန်ကုန်တွင် အခန်း အရေအတွက် ထောင် ဂဏန်း နီးပါး ထွက်ပေါ်လာမည့် ကွန်ဒို တိုက်ခန်းဈေးကွက်မှာ ၀ယ်ယူသူလျော့နည်း ကာဈေးကွက်ပျက်နိုင်သည့် အနေအထားရှိကြောင်း ကျွမ်းကျင်သူ အချို့ကထောက်ပြထားသည်။

‘‘ပူဖောင်းပေါက်တယ်ဆို တာ ဘာနဲ့တိုင်းမှာလဲ။ ဒီကြားထဲ အရောင်းအဝယ်ဖြစ်နေတာတွေ လည်း ရှိတယ်။ သိပ်မသိကြလို့’’ဟု လှိုင်မြို့နယ် အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

နိုင်ငံတစ်နိုင်ငံလုံး၏ အိမ်ခြံမြေဈေးနှုန်း အေးစက်နေ သည်မှာ ငြင်း၍မရသော်လည်း အချက်အချာ နေရာကောင်း များတွင် ရင်းနှီးမြှုပ်နှံလိုသူအချို့ကအရောင်း အဝယ်လုပ်နေကြသည်ဟု အိမ်ခြံမြေအသင်းဒုဥက္ကဋ္ဌ ဦးသိန်းလှညို ကပြောသည်

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service